မီးရထားရုံးဟောင်းမြေပေါ်ရှိ စီမံကိန်းကြီးပြီးစီးပါက ၁ စတုရန်းမီတာလျှင် ၁၈ ဒေါ်လာနှုန်းဖြင့် အဆောက်အဦ အထပ်အရေအတွက်အလိုက် မြန်မာ့မီးရထားက နှစ်စဉ်ရရှိမည်

မီးရထားရုံးဟောင်းမြေပေါ်ရှိ စီမံကိန်းကြီးပြီးစီးပါက ၁ စတုရန်းမီတာလျှင် ၁၈ ဒေါ်လာနှုန်းဖြင့် အဆောက်အဦ အထပ်အရေအတွက်အလိုက် မြန်မာ့မီးရထားက နှစ်စဉ်ရရှိမည် - Property News in Myanmar from iMyanmarHouse.com
23 Jan 2019 11:47 am တွင် တင်ခဲ့သည်
2117 ကြိမ် ကြည့်ရှု့ပြီး

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ သမိုင်းဝင်မီးရထားရုံးဟောင်းမြေပေါ်ရှိ စီမံကိန်းကြီးပြီးစီးပါက ၁ စတုရန်းမီတာ လျှင် ၁၈ ဒေါ်လာနှုန်းဖြင့် အဆောက်အဦ အထပ်အရေအတွက်အလိုက် မြန်မာ့မီးရထားက နှစ်စဉ်ရရှိမည်ဖြစ်သည်။

လက်ရှိ တည်ဆောက်ဆဲအချိန်တွင် မြန်မာ့မီးရထားက အဆိုပါစီမံကိန်းအတွက် တနှစ်မြေ ငှားရမ်းခ ၁ စတုရန်းမီတာလျှင် ၂၄ ဒေါ်လာရရှိနေပြီး စီမံကိန်းတခုလုံးပြီးစီး သွားပါက Net Lettable Area (ဆောက် လုပ်ခွင့်ပြုသည့် ဧရိယာ) အလိုက် နှစ်စဉ် ၁ စတုရန်း မီတာလျှင် ၁၈ ဒေါ်လာရရှိ မည်ဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း (၇)မှ တာဝန်ရှိသူတဦးက ပြောသည်။

'' မြန်မာ့မီးရထားက ဒီစီမံကိန်းကနေ အကျိုးအမြတ်အနေနဲ့ Net Lettable Area ရမှာ။ အဆောက်အဦတွေဆောက်ပြီးသွားရင် အလွှာတိုင်း၊ အထပ်တိုင်းမှာ ၁ စတုရန်းမီတာကို ၁၈ ဒေါ် လာရမှာ။ ၁ နှစ်ကို အဲလောက်ရမှာ။ အထပ် ၂ဝ ရှိရင် အထပ် ၂ဝ စလုံး အကုန်လုံးရမှာ။ မီးရထားရုံးချုပ်က လည်း အဲဒီအတိုင်းအထပ်အတိုင်းကို ရမှာ''ဟု ၎င်းက ပြောသည်။

စီမံကိန်းဧရိယာမှာ (၃၉၅၇၇) စတုရန်းမီတာကျယ်ဝန်းပြီး Yangon Peninsula ဟိုတယ်နှင့် Landmark Development တည်ဆောက်ရေးစီမံကိန်းဟူ၍ စီမံကိန်း ၂ ပိုင်းခွဲခြားကာ FMI Yoma Strategic Holdings ၊ မစ်ဆူဘီရှီကော်ပိုရေးရှင်း၊ The International Finance Corporation (IFC) နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ ပူးပေါင်းအကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။

Yangon Peninsula ဟိုတယ်တည်ဆောက်မည့် မီးရထားရုံးချုပ်ဟောင်းနေရာသည် ၁၃၄၈၈ စတုရန်းမီတာ ကျယ်ဝန်းပြီး ထိုနေရာတွင် အဆင့်မြင့် အခန်းပေါင်း ၈၈ ခန်းပါ Peninsula Hotel အဖြစ် ပြောင်းလဲမည်ဖြစ်ပြီး ယင်းဟိုတယ်တွင် မင်္ဂလာခန်းမအပါအဝင် မြန်မာ့မီးရထား၏ သမိုင်းဝင် အချက်အလက်များကို ပြတိုက်အဖြစ် ပြသမည့်အစီအစဉ်များ၊ ကားစီးရေ ၁၃ဝဝ ရပ်နားနိုင်သော ကားပါကင်တို့ပါဝင်မည် ဖြစ်သည်။

ကျန်ရှိသည့် ၂၅၆၈၉ စတုရန်းမီတာအကျယ်အဝန်းနေရာကို Yangon Peninsula ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်အဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းစီမံကိန်းတွင် Office Tower နှစ်ခု၊ Peninsula အမှတ်တံဆိပ် အဆင့်မြင့်ဇိမ်ခံလူနေအိမ်များ၊ စီးပွားရေးလုပ်ငန်း၊ ဟိုတယ်တလုံး၊ ဝန်ဆောင်မှုပါရှိသော လူနေအိမ်ခန်းများပါဝင်သည့် စုပေါင်းအိမ်ရာတခုပါဝင်မည်ဖြစ်ပြီး ယင်းအဆောက်အဦများကို ဈေးဝယ်စင်တာများဖြင့် ချိတ်ဆက်တည်ဆောက်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းကို အမေရိကန် ဒေါ်လာသန်း ၆ဝဝ ကျော် ရင်းနှီးမြှုပ်နှံကာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ရေးကာလကို ၄၈ လသတ်မှတ်ထားကာ ၂ဝ၂၂ တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

Credit: News Watch

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်

[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service