ကင်ညေးဝက်စ် ချီကာဂိုကို ပြောင်းဖို့ကြံနေသလား၊ ချီကာဂိုမှာ အိမ်ဝယ်လိုက်ပြီလား

ကင်ညေးဝက်စ် ချီကာဂိုကို ပြောင်းဖို့ကြံနေသလား၊ ချီကာဂိုမှာ အိမ်ဝယ်လိုက်ပြီလား - Property News in Myanmar from iMyanmarHouse.com
28 Sep 2018 11:46 am တွင် တင်ခဲ့သည်
1292 ကြိမ် ကြည့်ရှု့ပြီး

ချီကာဂိုသည် ကြီးပြင်းခဲ့ရာနေရာဖြစ်သောကြောင့် ကင်ညေးဝက်စ်က သံယောဇဉ်များစွာရှိသည်။

ချီကာဂိုနှင့် စပ်လျဉ်း၍လည်း သူ၏အတွေ့အကြုံများကို မရေမတွက်နိုင်သော သီချင်းစာသားများ၊ သီချင်းများတွင် ကင်ညေးဝက်စ်က ထည့်သွင်းရေးသားခဲ့ဖူးသည်။

ယခုနှစ်စပိုင်း ဇန်နဝါရီလအတွင်းတွင် မွေးဖွားခဲ့သည့် တတိယမြောက်ကလေးကိုပင် ချီကာဂိုမြို့ကို အစွဲပြုပြီး Chicago West ဟု အမည်ပေးခဲ့သည်။

နှစ်ပေါင်း ၂၀ ကျော်ဖြတ်သန်းပြီးနောက်ပိုင်း နောက်ဆုံးတွင် ဇာတိမြေသို့ ပြန်လာခဲ့ပြီ ဖြစ်သည်။

“ကျွန်တော်ချီကာဂိုကို ပြန်လာပြီဆိုတာ ခင်ဗျားတို့ကို သိစေချင်ပါတယ်။ ဘယ်တော့မှ ပြန်ထွက်မသွားတော့ပါဘူး” ဟု ကင်ညေးဝက်စ်က တနင်္လာနေ့တွင် ကျင်းပခဲ့သော ပွဲတစ်ခုတွင် ကြေညာခဲ့သည်။

ကင်ညေးဝက်စ်သည် ချီကာဂိုတွင် မိသားစုအတွက် နေအိမ်တစ်လုံးဝယ်ယူခဲ့ပြီးဖြစ်ကြောင်း TMZ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သို့ရာတွင် ကင်ညေးဝက်စ်တို့ မိသားစုသည် ချီကာဂိုတွင် အချိန်ပြည့်နေနိုင်ပါမည်လောဟူသည်ကို အချို့က သံသယရှိကြသည်။

ကင်ညေးဝက်စ်နှင့် ကင်မ် ကာဒါရှီယန်တို့သည် ၎င်းတို့၏နာမည်ကျော် လော့စ်အိန်ဂျလိစံအိမ်နှင့် အခြားနေအိမ်များကို ဆက်လက်ပိုင်ဆိုင်ထားလိမ့်မည်ကားအမှန်ဖြစ်၏။

ယခုမေးရမည်မှာ ချီကာဂိုနေအိမ်သစ် မည်သည့်နေရာတွင် တည်ရှိသနည်းဟူသည့် မေးခွန်းဖြစ်သည်။

ကင်ညေးဝက်စ်က ချီကာဂိုနေအိမ်သစ် တည်နေရာကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသော်လည်း မကြာသေးမီက အရောင်းအဝယ်ဖြစ် ခဲ့သည့် နေအိမ်များအနက် ကင်ညေးဝက်စ် ဝယ်ယူခဲ့ဖွယ်ရှိသည့် နေအိမ်အချို့ကို သုံးသပ်ပါမည်။

(၁) အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့၊ N Burling လမ်း၊ အမှတ် ၁၉၅၀ အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်း- ကန်ဒေါ်လာ ၁၁,၉၀၀,၀၀၀

ကင်ညေးဝက်စ်အနေဖြင့် မြို့လယ်နှင့် နီးနီးနားနား နေထိုင်လိုလိမ့်မည်ဖြစ်ရာ အုတ်ဖြင့် ဆောက်လုပ်ထားသော ယခုနေအိမ်မှာ Lincoln Park ၏ အချက်အခြာနေရာတွင် တည်ရှိပြီး မြို့လယ်မှ ၁၅ မိနစ်ခန့်သာ ဝေးကွာသည်။ အကျယ်အဝန်း စတုရန်းပေ ၈၀၀၀ ရှိပြီး အိပ်ခန်း ၆ ခန်းပါဝင်ကာ အဝတ်အစားထားသိုခန်းမှာ အလွန်ကျယ်ဝန်းလှသောကြောင့် ကင်မ် ကာဒါရှီယန် စုဆောင်းထားသော များပြားလှသည့် ဖိနပ်များ ကောင်းစွာထားရှိနိုင်မည့် နေရာဖြစ်သည်။

(၂) ချီကာဂိုမြို့၊ W Pierce Ave လမ်း၊ အမှတ် ၂၁၂၄ စံအိမ် အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်း- ကန်ဒေါ်လာ ၂,၇၃၇,၅၀၀

ကင်ညေးဝက်စ်သည် အနုပညာနှင့် သမိုင်းကို မြတ်နိုးသူတစ်ဦးအဖြစ် လူသိများရာ ယခုနေအိမ်မှာ အဆိုပါနှစ်ခုလုံး ပိုင်ဆိုင်ခွင့်ရမည့် နေရာတစ်ခု ဖြစ်သည်။ ၁၈၇၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ ခုနှစ်တွင် အတွင်းပိုင်းပြုပြင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။မွမ်းမံမှုများတွင် အိပ်ခန်းတစ်ခန်း၊ အရက်ဘားနှင့် ဝိုင်ပုလင်း ၁၀၀၀ ထားသိုနိုင်သည့် ဝိုင်သိုလှောင်ခန်းတို့ ပါဝင်သော ထပ်ခိုးတစ်ခုလည်း ပါဝင်သည်။ စုစုပေါင်း အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။

(၃) ချီကာဂိုမြို့၊ လိတ်ခ် ဖောရက်စ်အရပ်၊ ကွန်းဝေးလမ်း၊ အမှတ် ၁၆၀၁ အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်း- ကန်ဒေါ်လာ ၃,၂၀၀,၀၀၀

ကင်ညေးဝက်စ် ဝယ်ယူခဲ့ဖွယ်ရှိသည့် အခြားသမိုင်းဝင်နေအိမ်တစ်လုံးမှာ ချီကာဂို၏ မြောက်ဘက် မိုင် ၃၀ အကွာတွင် တည်ရှိသော ၂၈ ဧက ကျယ်ဝန်းသည့် စံအိမ်ကြီးဖြစ်သည်။

Topsfield Farm ဟု အမည်ပေးထားသည့် အဆိုပါ စံအိမ်ကြီးတွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ ရေကူးကန် ၂ ခု၊ တင်းနစ်ကွင်းတစ်ခုတို့ ပါဝင်သည်။

(၄) ချီကာဂိုမြို့၊ ဝင်းနက်ကာအရပ်၊ Pine Tree Ln လမ်း၊ အမှတ် ၉၂၅ အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်း- ကန်ဒေါ်လာ ၂,၇၁၀,၀၀၀

(၅) ချီကာဂိုမြို့၊ E ရန်းဒေါ့ဖ်လမ်း၊ အမှတ် ၂၆၀ အရောင်းအဝယ်ဖြစ်ခဲ့သည့်ဈေးနှုန်း- ကန်ဒေါ်လာ ၈၀,၆၇၂,၀၀၀

Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာမ ဒရူးဘယ်ရီမိုး နယူးယောက်မှစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ရောင်းချရန် စီစဉ်...
အမေရိကန်ရုပ်ရှင်မင်းသမီး ၊ စာရေးဆရာမ ဒရူးဘယ်ရီမိုး နယူးယောက်မှစံအိမ်ကို ကန်ဒေါ်လာ ၈ ဒသမ ၄ သန်းဖြင့် ရောင်းချရန် စီစဉ်...
အသက် ၂၀ အရွယ်တွင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ကာ အင်္ဂလိပ်စာဆရာ လုပ်ကိုင်ခဲ့ရင်း ထိုင်းကို နှစ်သက်သွားခဲ့သော သြစတေးလျနိုင်ငံသား အသက် ၄၀ အရွယ်၌ ထိုင်းသို့ ပြန်လာကာ ဂျိမ်းစ်ဘွန်းဇာတ်ကားများထဲမှ စံအိမ်ကြီးမျိုး ဆောက်လုပ်ကာ အခြေချနေ...

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးကြီးက ဒေါ်လာ ၁၀၀၀ စီ လက်ဆောင်ပေး...
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်မှ ကောလိပ်တစ်ခု၏ ဘွဲ့နှင်းသဘင်တွင် ဘွဲ့ရကျောင်းသား ကျောင်းသူ ၁၁၀၀ ကျော်အား ဘီလျံနာသူဌေးကြီးက ဒေါ်လာ ၁၀၀၀ စီ လက်ဆောင်ပေး...
ဗြိတိန်၏ တစ်ခုတည်းသော ကန္တာရအလယ်တွင် တည်ရှိသော ဗြိတိန်၏ အထီးအကျန်ဆုံးနေအိမ် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်၏ တစ်ခုတည်းသော ကန္တာရအလယ်တွင် တည်ရှိသော ဗြိတိန်၏ အထီးအကျန်ဆုံးနေအိမ် အရောင်းဈေးကွက်ဝင်လာ...
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ်ခဲ့ကြ...
အတ္တလန္တိတ်သမုဒ္ဒရာအောက်တွင် အိမ်လုံးငယ်တစ်ခုဖြင့် ၃ လကျော် နေထိုင်ခဲ့သည့်အမျိုးသား ၁၀ နှစ်ကျော် ပိုမိုနုပျိုသွားရာ သိပ္ပံပညာရှင်များ အံ့သြတုန်လှုပ်ခဲ့ကြ...
တရုတ်ပြည်တွင် အကျပ်ဆိုက်နေသော အိမ်ခြံမြေကဏ္ဍကို ကယ်တင်ရန်အတွက် ရောင်းမထွက်သော အိမ်များကို အစိုးရက ယွမ်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁ ဘီလီယံ) သုံးစွဲကာ ဝယ်ယူပေးရန် စီစဉ်...
တရုတ်ပြည်တွင် အကျပ်ဆိုက်နေသော အိမ်ခြံမြေကဏ္ဍကို ကယ်တင်ရန်အတွက် ရောင်းမထွက်သော အိမ်များကို အစိုးရက ယွမ်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၄၁ ဘီလီယံ) သုံးစွဲကာ ဝယ်ယူပေးရန် စီစဉ်...
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အတူနေထိုင်နေရသော အင်္ဂလန်နိုင်ငံသား...
အိမ်မွေးတိရ စ္ဆာန်လက်ခံသည့် အိမ်ရှင်နည်းပါးမှုကြောင့် အငှားအိမ် ရှာမရဘဲ အိမ်ရာမဲ့အဖြစ် ကားပေါ်တွင်သာ ခွေး ၂ ကောင်နှင့် အတူနေထိုင်နေရသော အင်္ဂလန်နိုင်ငံသား...
အသက်ကြီးသူများ အလွန်များပြားနေသော ဂျပန်နိုင်ငံတွင် လူမနေသော အိမ်လွတ်များ ၉ သန်းခန့်အထိ ရှိလာ...
အသက်ကြီးသူများ အလွန်များပြားနေသော ဂျပန်နိုင်ငံတွင် လူမနေသော အိမ်လွတ်များ ၉ သန်းခန့်အထိ ရှိလာ...
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်
မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များ
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွှားမှုပေါ်ပေါက်သည့်အခါ ဖြေရှင်းဆောင်ရွက်ပုံ
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service