ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်ရည် ထုတ်ပြန်မည်

ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်ရည် ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
18 Jul 2018 12:50 pm တွင် တင်ခဲ့သည်
2144 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်ရှိ မြို့နယ်ငါးခုမှ အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်မှုအခြေအနေကို စိစစ်အကဲဖြတ်နေပြီဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနအဆောက်အအုံက ဌာနစုမှူး ဒေါ်နှင်းအိဝင်းက ယခုလ ၁၄ ရက်တွင် ပြုလုပ်သော ငလျင်ဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောသည်။

''အရည်အသွေးစိစစ်ဖို့ စာရင်းကောက်တာတော့ ပြီးသွားပါပြီ။ အသေးစိတ်
တိုင်းတာတွက်ချက်ဖို့အတွက် ကျန်နေသေးလို့ မထုတ်ပြန်သေးတာ ဖြစ်ပါတယ်''ဟု သူက ပြောသည်။

ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်နှင့် ပုဇွန်တောင်မြို့နယ်တို့တွင် အဆောက်အအုံ အရည်အသွေး စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး အသေးစိတ်အခြေအနေများ တွက်ချက်ပြီးပါက အများပြည်သူသိစေရန် ကြေညာမည်ဟု သူက ဆိုသည်။

အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်မှုအရည်အသွေးကို အရောင်သုံးမျိုးဖြစ်သော အနီ၊ အဝါနှင့် အစိမ်းတို့ဖြင့် ခွဲခြားသတ်မှတ်ဖော်ပြမည်ဖြစ်သည်။

အနီရောင်အဖြစ် သတ်မှတ်ခြင်းခံထားရသော အဆောက်အအုံများမှာ အန္တရာယ်ရှိသည့် အဆောက်အအုံများဖြစ်ပြီး အမြန်ဆုံးပြုပြင်ရန် လိုအပ်သည်ဟု ဆိုသည်။ သို့သော် ချက်ချင်းပြိုကျနိုင်သဖြင့် နေထိုင်ရန်မသင့်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ဒေါ်နှင်းအိဝင်းက ဆိုသည်။

အဝါရောင်အဖြစ် သတ်မှတ်ခြင်းခံရသော အဆောက်အအုံများမှာ အန္တရာယ် အသင့်အတင့်ရှိသော်လည်း လူနေထိုင်ရန် ရသေးသော အဆောက်အအုံဖြစ်ပြီး အစိမ်းရောင်အဖြစ် သတ်မှတ်ထားသော အဆောက်အအုံများမှာ အန္တရာယ် ကင်းသော အဆောက်အအုံအဖြစ် မှတ်ယူနိုင်ကြောင်း ၄င်းက ဆိုသည်။

''အန္တရာယ်မရှိဘူးဆိုပေမဲ့ ဘယ်လို ငလျင်ပဲလှုပ်လှုပ် လုံးဝမပြိုဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ သာမန်ပြင်းအားတွေကို အခြားအဆောက်အအုံတွေထက် ပိုခံနိုင်ရည်ရှိတယ်လို့ ပြောချင်တာပါ''ဟု ဒေါ်နှင်းအိဝင်းက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်က ကောက်ယူထားသော စစ်တမ်းများကို မြန်မာနိုင်ငံ ငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့် ပြန်လည်သုံးသပ်ဆွေးနွေးပြီးမှသာ အများပြည်သူထံ ချပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုလုပ်ဆောင်နေသော စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းမှာ မျက်မြင်အခြေအနေကိုကြည့်၍ အကဲဖြတ်ခြင်းဖြစ်ပြီး ပိုမိုတိကျသော ရလဒ်များကို သိရှိနိုင်ရန် ပို၍အသေးစိတ်သော လေ့လာမှုများကို ပြုလုပ်ရဦးမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

အဆောက်အအုံတည်ဆောက်ခြင်း အရည်အသွေးစံနှုန်းများနှင့်စပ်လျဉ်း၍ ဥပဒေနှင့် စည်းမျဉ်းစည်ကမ်းများမှာ အဆောက်အအုံသစ်များအတွက်သာရှိနေပြီး ဆောက်လုပ်ပြီးသား အဆောက်အအုံများအတွက်မူ မရှိပေ။

ရန်ကုန်တိုင်းအတွင်းတွင် အဆောက်အအုံအသစ်များထက် အဆောက်အအုံဟောင်းများမှာ ပိုမိုများပြားနေကြောင်း စစ်တမ်းများအရ သိရသည်။

ထို့ကြောင့် အဆောက်အအုံဟောင်းများ စနစ်တကျထိန်းသိမ်းပြုပြင်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်မှ နည်းပညာအကူအညီဖြင့် ငလျင်ကော်မတီအပါအဝင် အခြားပြင်ပအဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက်များကို ပေါင်းစပ်ကာ ပြုပြင်ထိန်းသိမ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်နှင်းအိဝင်းက ဆိုသည်။

ယခုစစ်တမ်းကောက်ယူနေသော မြို့နယ်ငါးခုမှာ လူနေသိပ်သည်းမှု အလွန်များခြင်း၊ အထပ်မြင့် အဆောက်အအုံများပြားခြင်း၊ ငလျင်ကြီးကြီးမားမား လှုပ်ခတ်လာပါက ဘေးဒဏ်ခံရနိုင်ခြေ အများဆုံးနေရာများဖြစ်ခြင်းတို့ကြောင့် ဦးစားပေး စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းကောက်ယူမှုကို လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က စတင်ကောက်ယူခဲ့ခြင်းဖြစ်ပြီး နောင်တွင် ထိုငါးမြို့နယ်အပြင် ငလျင်လှုပ်ပါက ထိခိုက်နိုင်ခြေများသော အခြားမြို့နယ်များတွင် စိစစ်အကဲဖြတ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...
ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ
ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန
bkk-projects
shwe-wutthmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service