ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်ရည် ထုတ်ပြန်မည် - Property News in Myanmar from iMyanmarHouse.com
2194 Views

ရန်ကုန်မြို့တွင်းရှိ အဆောက်အအုံများ ငလျင်ဒဏ်ခံနိုင်ရည် ထုတ်ပြန်မည်

ရန်ကုန်ရှိ မြို့နယ်ငါးခုမှ အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်မှုအခြေအနေကို စိစစ်အကဲဖြတ်နေပြီဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနအဆောက်အအုံက ဌာနစုမှူး ဒေါ်နှင်းအိဝင်းက ယခုလ ၁၄ ရက်တွင် ပြုလုပ်သော ငလျင်ဆိုင်ရာ ဆွေးနွေးပွဲ၌ ပြောသည်။

''အရည်အသွေးစိစစ်ဖို့ စာရင်းကောက်တာတော့ ပြီးသွားပါပြီ။ အသေးစိတ်
တိုင်းတာတွက်ချက်ဖို့အတွက် ကျန်နေသေးလို့ မထုတ်ပြန်သေးတာ ဖြစ်ပါတယ်''ဟု သူက ပြောသည်။

ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်နှင့် ပုဇွန်တောင်မြို့နယ်တို့တွင် အဆောက်အအုံ အရည်အသွေး စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပြီး အသေးစိတ်အခြေအနေများ တွက်ချက်ပြီးပါက အများပြည်သူသိစေရန် ကြေညာမည်ဟု သူက ဆိုသည်။

အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်မှုအရည်အသွေးကို အရောင်သုံးမျိုးဖြစ်သော အနီ၊ အဝါနှင့် အစိမ်းတို့ဖြင့် ခွဲခြားသတ်မှတ်ဖော်ပြမည်ဖြစ်သည်။

အနီရောင်အဖြစ် သတ်မှတ်ခြင်းခံထားရသော အဆောက်အအုံများမှာ အန္တရာယ်ရှိသည့် အဆောက်အအုံများဖြစ်ပြီး အမြန်ဆုံးပြုပြင်ရန် လိုအပ်သည်ဟု ဆိုသည်။ သို့သော် ချက်ချင်းပြိုကျနိုင်သဖြင့် နေထိုင်ရန်မသင့်ဟု ဆိုလိုခြင်းမဟုတ်ကြောင်း ဒေါ်နှင်းအိဝင်းက ဆိုသည်။

အဝါရောင်အဖြစ် သတ်မှတ်ခြင်းခံရသော အဆောက်အအုံများမှာ အန္တရာယ် အသင့်အတင့်ရှိသော်လည်း လူနေထိုင်ရန် ရသေးသော အဆောက်အအုံဖြစ်ပြီး အစိမ်းရောင်အဖြစ် သတ်မှတ်ထားသော အဆောက်အအုံများမှာ အန္တရာယ် ကင်းသော အဆောက်အအုံအဖြစ် မှတ်ယူနိုင်ကြောင်း ၄င်းက ဆိုသည်။

''အန္တရာယ်မရှိဘူးဆိုပေမဲ့ ဘယ်လို ငလျင်ပဲလှုပ်လှုပ် လုံးဝမပြိုဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ သာမန်ပြင်းအားတွေကို အခြားအဆောက်အအုံတွေထက် ပိုခံနိုင်ရည်ရှိတယ်လို့ ပြောချင်တာပါ''ဟု ဒေါ်နှင်းအိဝင်းက ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်က ကောက်ယူထားသော စစ်တမ်းများကို မြန်မာနိုင်ငံ ငလျင်ကော်မတီမှ တာဝန်ရှိသူများနှင့် ပြန်လည်သုံးသပ်ဆွေးနွေးပြီးမှသာ အများပြည်သူထံ ချပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ယခုလုပ်ဆောင်နေသော စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းမှာ မျက်မြင်အခြေအနေကိုကြည့်၍ အကဲဖြတ်ခြင်းဖြစ်ပြီး ပိုမိုတိကျသော ရလဒ်များကို သိရှိနိုင်ရန် ပို၍အသေးစိတ်သော လေ့လာမှုများကို ပြုလုပ်ရဦးမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။

အဆောက်အအုံတည်ဆောက်ခြင်း အရည်အသွေးစံနှုန်းများနှင့်စပ်လျဉ်း၍ ဥပဒေနှင့် စည်းမျဉ်းစည်ကမ်းများမှာ အဆောက်အအုံသစ်များအတွက်သာရှိနေပြီး ဆောက်လုပ်ပြီးသား အဆောက်အအုံများအတွက်မူ မရှိပေ။

ရန်ကုန်တိုင်းအတွင်းတွင် အဆောက်အအုံအသစ်များထက် အဆောက်အအုံဟောင်းများမှာ ပိုမိုများပြားနေကြောင်း စစ်တမ်းများအရ သိရသည်။

ထို့ကြောင့် အဆောက်အအုံဟောင်းများ စနစ်တကျထိန်းသိမ်းပြုပြင်နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်မှ နည်းပညာအကူအညီဖြင့် ငလျင်ကော်မတီအပါအဝင် အခြားပြင်ပအဖွဲ့အစည်းများ၏ လေ့လာတွေ့ရှိချက်များကို ပေါင်းစပ်ကာ ပြုပြင်ထိန်းသိမ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်နှင်းအိဝင်းက ဆိုသည်။

ယခုစစ်တမ်းကောက်ယူနေသော မြို့နယ်ငါးခုမှာ လူနေသိပ်သည်းမှု အလွန်များခြင်း၊ အထပ်မြင့် အဆောက်အအုံများပြားခြင်း၊ ငလျင်ကြီးကြီးမားမား လှုပ်ခတ်လာပါက ဘေးဒဏ်ခံရနိုင်ခြေ အများဆုံးနေရာများဖြစ်ခြင်းတို့ကြောင့် ဦးစားပေး စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

အဆိုပါစစ်တမ်းကောက်ယူမှုကို လွန်ခဲ့သော နှစ်နှစ်ကျော်ခန့်က စတင်ကောက်ယူခဲ့ခြင်းဖြစ်ပြီး နောင်တွင် ထိုငါးမြို့နယ်အပြင် ငလျင်လှုပ်ပါက ထိခိုက်နိုင်ခြေများသော အခြားမြို့နယ်များတွင် စိစစ်အကဲဖြတ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Credit: The Myanmar Times

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

Upcoming Property Events

From 07 Jun To 08 Jun

The Vista

From 07 Jun To 08 Jun

Innwa Pyae Sone Residance

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

The Vista Luxury Residance
Innwa Pyae Sone Residence

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service