အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
4 Jun 2025 4:30 pm တွင် တင်ခဲ့သည်
766 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်တွင် ဘီလျံနာ သူဌေးကြီး ဒေးဗစ် မက်ခ်နီးလ်နှင့် ဇနီးဖြစ်သူ မီလစ်ဆာတို့က ဖလော်ရီဒါ ပြည်နယ်၊ မာနာလာပန်မြို့မှ ကန်ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ ကမ်းခြေမြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူလိုက်ကြောင်း နယူးယောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

၎င်းတို့ဇနီးမောင်နှံသည် အဆိုပါဒေသတွင် စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန် စိတ်ကူးအိပ်မက်ခဲ့ကြပြီး အဆိုပါ အိပ်မက်အတွက် ကန်ဒေါ်လာ ၉၄ သန်းခန့် ကုန်ကျနေပြီ ဖြစ်သည်။

“ကျွန်တော်ကတော့ တော်တော်တန်တယ်လို့ ထင်ပါတယ်” ဟု သူဌေးကြီး မက်ခ်နီးလ်က နယူးယောက်ပို့စ် သတင်းဌာနနှင့် Exclusice Interview တွင် ပြောသည်။ သူဌေးကြီး မက်ခ်နီးလ်သည် ကားပေါ်တွင်ခင်းသော ခြေနင်းအခင်းပြားများ ထုတ်လုပ်သည့် WeatherTech ကုမ္ပဏီ၏ တည်ထောင်သူ၊ စီအီးအိုလည်း ဖြစ်သည်။

(▲ သူဌေးကြီး မက်ခ်နီး ဆောက်လုပ်မည့် စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-Farrell Companies)

(▲ မာနာလာပန်အရပ်သို့ ပြောင်းရွှေ့လာသော သူဌေးသစ်များတွင် ဒေးဗစ် မက်ခ်နီးလည်း ပါဝင်လာမည် ဖြစ်သည်။ ဓာတ်ပုံ- Alamy Stock Photo)

(▲ ဝယ်ယူလိုက်သော မြေကွက်ပေါ်တွင် အဆောက်အအုံများပါဝင်ပြီး မက်ခ်နီးက အဆိုပါအဆောက်အအုံများကို ဖြိုဖျက်ပစ်မည် ဖြစ်သည်။ ဓာတ်ပုံ- Farrell Companies)

ယခုဝယ်ယူလိုက်သော ခြံကွက်နှင့် ကပ်လျက်တွင် တည်ရှိသော ခြံကွက်ကို သူဌေးကြီး မက်ခ်နီးလ်က ပြီးခဲ့သော ၂၀၂၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူထားသေးသည်။

ခြံကွက်၏ အကျယ်အဝန်းမှာ Intracoastal ဟုခေါ်သော ရေစပ်မှသည် အတ္တလန္တိတ် သမုဒ္ဒရာကမ်းစပ်အထိ ပေါက်သည်။

မက်ခ်နီးလ်၏ ခြံကွက် ၂ ခုပေါင်း အကျယ်အဝန်းမှာ ၃ ဒသမ ၆ ဧက ရှိလာမည်ဖြစ်ပြီး ပင်လယ်မျက်နှာစာ ပေ ၃၄၀ ပိုင်ဆိုင်ထားသည်။

“ဒီအကွက်က မာနာလာပန်မှာ ဒုတိယအကြီးဆုံး အကွက်ပါ။ ဒါကြောင့် တကယ်ထူးခြားပါတယ်” ဟု မက်ခ်နီးလ်က ပြောသည်။

အမှတ် ၁၁၄၀ ၊ S.Ocean Blvd လမ်းတွင် တည်ရှိသော ခြံကွက်ကို ရောင်းချသူမှာ နာမည်ကြီး အိမ်ခြံမြေ developer ဖြစ်သော Joe Farrell ဖြစ်ပြီး ၎င်း၏ client များတွင် မက်ဒေါနားနှင့် ဂျပ်စတင်ဘီဘာတို့ ပါဝင်သည်။

ခြံကွက်ကို ဈေးကွက်တင်ခဲ့သည့် ခေါ်ဈေးမှာ ကန်ဒေါ်လာ ၉၅ သန်းဖြစ်သည်။ မက်ခ်နီးလ်က နယူးယောက်ပို့စ် သတင်းဌာနသို့ ပြောသည်မှာ အဆိုပါခြံကွက်ပေါ်တွင် စံအိမ်တစ်လုံးနှင့် ဧည့်ဂေဟာအိမ်တို့ ဆောက်လုပ်မည်ဖြစ်ပြီး ပင်လယ်ရေထိန်းနံရံတစ်ခု စတင်ဆောက်လုပ်နေပြီဖြစ်ကြောင်း ပြောသည်။

(▲ နာမည်ကြီး အိမ်ခြံမြေ developer ဖြစ်သူ Joe Ferrell က ယခုခြံကွက်ကို သူဌေးကြီး မက်ခ်နီးလ်အား ကန်ဒေါ်လာ ၅၅ ဒသမ ၅ သန်းဖြင့် ရောင်းချခဲ့သည်။ ဓာတ်ပုံ-Getty Images)

 

(▲ မူလက ကန်ဒေါ်လာ ၉၅ သန်းဈေးခေါ်ခဲ့သော်လည်း ကန်ဒေါ်လာ ၅၅ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ် တည့်သွားသည်။ ဓာတ်ပုံ- Farrell Companies)

(▲ မက်ခ်နီး၏ ခြံကွက်ပေါ်တွင် စိတ်ကူးအိပ်မက်ခဲ့သည့် စံအိမ်ကြီး ဆောက်လုပ်မည် ဖြစ်သည်။ ဓာတ်ပုံ-Farrell Companies)

(▲ ကမ္ဘာကျော် သူဌေးကြီး Larry Ellison သည်လည်း မာနာလာပန်တွင် စံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ- Getty Images)

(▲ Tony Robinson လည်း မာနာလာပန်တွင် နေထိုင်သည်။ ဓာတ်ပုံ-Navid)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Billionaire pays $55.5M in cash for an undeveloped lot in Florida — bringing his total spending to $94M to build his dream retreat

Photo Credit-Navid, Getty Images,Farreell Companies, Alamy Stock Photo

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ်ဆန်း...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
ဂျပန်ရေခဲမုန့် ကုမ္ပဏီက ရေခဲမုန့်ဈေး ၉ ပြား ဈေးတက်လိုက်ရသောကြောင့် နိုင်ငံပိုင်ရုပ်သံမှတဆင့် ဗွီဒီယိုထုတ်လွှင့်ကာ တောင်းပန်စကားဆိုခဲ့ပုံ...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
နယူးဇီလန်တွင် လူတိုင်း သစ်သီးများ လတ်လတ်ဆတ်ဆတ် စားနိုင်ရန်အတွက် လူသွားလမ်းဘေးများတွင် သစ်သီးပင်များ တကူးတက စိုက်ပျိုးထား...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
လည်ပင်း ဘယ်နှစ်လက်မရှိလဲဆိုတာကြည့်ရင် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်နိုင်ချေကို ခန့်မှန်းနိုင်...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ...
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အကြီးမားဆုံး ရေအောက်ကားဥမင်ကြီးကို ၁၁၀ ရက်ထဲဖြင့် အပြီးဆောက်လုပ်ခဲ့ပုံ
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမျိုးသမီးတို့ ကိုယ်ဝန်ဆောင်ချိန်တွင် ဦးနှောက်ကျုံ့သွားကြောင်း သိပ္ပံပညာရှင်တို့ လေ့လာတွေ့ရှိ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...
အမေရိကန်တွင် Mark Zuckerberg အမည်ရှိ ရှေ့နေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာ အကြိမ်ကြိမ် အပိတ်ခံရမှုအတွက် Meta ကို တရားစွဲ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service