၂၀၁၈ အတွက် သင့်အိမ်နဲ့ ရုံးခန်းတို့ကို ဖုန်းရွှေပညာနဲ့ အလှဆင်ပါ

၂၀၁၈ အတွက် သင့်အိမ်နဲ့ ရုံးခန်းတို့ကို ဖုန်းရွှေပညာနဲ့ အလှဆင်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2018 12:06 pm တွင် တင်ခဲ့သည်
3681 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အတွက် ဖုန်းရွှေနည်းနာနိဿယတွေက နှစ်စဉ်နှစ်တိုင်းအတွက် အရေးပါလှပါတယ်။ ၂၀၁၈ မှာ မိမိတို့ရဲ့ နေအိမ်နဲ့ရုံးခန်းတွေမှာ စီးပွားတိုးပြီး သာယာပျော်ရွှင်တဲ့ သီရိဂေဟာပိုင်ဆိုင်နိုင်ဖို့အတွက် ငွေကြေးကျ မများစေမယ့် နည်းလမ်းတွေကို လက်လှမ်းမီသလောက် လမ်းညွှန်ပေးလိုက်ပါတယ်။

အိမ် သို့မဟုတ် ရုံးခန်းတစ်ခုရဲ့ အဓိက အကျဆုံးနဲ့ သတိထားပြီး ပြင်ဆင်ရမယ့် နေရာကတော့ ဧည့်ခန်းဖြစ်ပါတယ်။ အိမ်ဆိုရင်တော့ ဧည့်ခန်းနဲ့အတူ အိပ်ခန်းကိုလည်း သတိမူရမှာပါ။ ဖုန်းရွှေနည်းပညာနဲ့ အလှဆင်ပြီဆို ငွေကုန်ကြေးကျများမှာကို လူအများက စိုးရိမ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ် သက်သာရုံသာမက ရုံခန်းနဲ့ အိမ်တို့ကို လှပပြီး စိတ်ချမ်မြေ့စေမယ့် ပြင်ဆင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၂၀၁၈ ခုနှစ် တစ်နှစ်တာအတွက် ဖုန်းရွှေတွက်ချက်မှုများအရ ရုံးခန်းနဲ့အိမ်တွေမှာ သစ်သား၊ ဝါးပင်၊ ကျောက်ခဲလေးတွေနဲ့ သတ္တုနဲ့ ပြုလုပ်ထားတဲ့ အိမ်အလှဆင် ပစ္စည်းတွေကို အသုံးပြုရပါလိမ့်မယ်။ သတ္တုနဲ့ ပြုလုပ်ထားတဲ့အိမ်အလှဆင် ပစ္စည်းတွေက ၂၀၁၈အတွင်း ရုံးခန်းနဲ့အိမ်ခန်းတို့အတွက် စွမ်းအားတွေ ပေးနိုင်မှုအားကောင်းတဲ့ အိမ်အလှဆင် ပစ္စည်းတွေ ဖြစ်ကြပါတယ်။ ကံကောင်းခြင်းလက်ဆောင် ဧည့်ခန်းကို အလှဆင်တဲ့အခါမှာ သဘာဝ သစ်သားကို အနည်းငယ် ထည့်သွင်း အသုံးပြုပါ။ သစ်သားလို့ဆိုတဲ့အခါမှာ ဝါးပင်နဲ့ အလှပန်းပင်တို့လည်း ပါဝင်ပါတယ်။ ဖုန်းရွှေအယူအရ ဝါးပင်ဟာ ကျန်းမာရေးနဲ့ စီးပွားရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

အဲဒါအပြင် ခွန်အားတို့ကိုပါ ပေးစွမ်းခြင်း၊ အခန်းတွင်းလေကိုသန့်စင်ပေးခြင်း၊ ကံကောင်းခြင်းနဲ့ ပျော်ရွှင်ခြင်းတို့ကို သယ်ဆောင်လာပေးခြင်းတို့နဲ့ လူသားတို့ကို အကျိုးပြုပါတယ်။ တစ်နှစ်ပတ်လုံး ရှင်သန်နိုင်စေဖို့အတွက် ရေလောင်းခြင်းနဲ့ နေရောင်ခြည် ခပ်နွေးနွေးပေးခြင်းတို့ကို သတိပြုဆောင်ရွက်ပေးပါ။

နေအိမ်နဲ့ ရုံးခန်းတို့ရဲ့ အရှေ့အရပ်မှာ ရေစီးဆင်းနေတဲ့ ရေတံခွန်ငယ် ပြုလုပ်ခြင်း၊ ကြည့်မှန်ချပ် ချိတ်ဆွဲခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကံကောင်းခြင်းတို့ကို ဖိတ်ခေါ်နိုင်ပါတယ်။ရေတံခွန်ပုံ ပန်းချီကား ချိတ်ဆွဲခြင်း၊ သတ္တုနဲ့ ပြုလုပ်ထားတဲ့ စားပွဲတင် ပန်းပုရုပ်၊ ပန်းအိုးအစရှိတဲ့ အလှဆင်ပစ္စည်းတွေက အကောင်းဆုံးသော စွမ်းအားတို့ကို ပေးစွမ်းနိုင်ပြီး လန်းဆန်းခြင်း၊ စိတ်ကြည်လင်သန့်စင်ခြင်းတို့ကို ပေးစွမ်းပါတယ်။ စိတ်ရှုတ်ထွေးခြင်း၊ တွေဝေခြင်းတို့ကို ဖယ်ရှားပေးနိုင်ဖို့အတွက် သတ္တုဓာတ်က အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

နေအိမ်နဲ့ ရုံးခန်းတို့ရဲ့ မြောက်အရပ်၊ အနောက်အရပ်နဲ့ အနောက်မြောက်အရပ်တို့မှာ သတ္တုနဲ့ ပြုလုပ်ထားတဲ့ အိမ်အလှဆင်ပစ္စည်းများကို ထည့်သွင်း အလှဆင်သင့်ပါတယ်။ ရွှေ၊ ငွေ၊ ကြေးနဲ့ပြုလုပ်ထားသော အိမ်အလှဆင်ပစ္စည်းတွေက ၂၀၁၆ ခုနှစ်ရဲ့ ဖုန်းရွှေတွက်ကိန်းတွေမှာ နေရာယူခဲ့ကြပါတယ်။

သူတို့တွေက ၂၀၁၈ ခုနှစ်အတွက်လည်း တစ်ဖန် ပြန်လည်အသုံးဝင်လာ ပြန်ပါလိမ်မယ်။ လုပ်ငန်းသစ်လုပ်ကိုင်မယ့် ရုံးခန်းမှာ ရွှေဝါရောင်အဆင်းရှိတဲ့ သတ္တုရုပ်တစ်ခုခုကို အလှဆင်ထားပြီး အောင်မြင်မှုကို ရယူနိုင်ပါလိမ့်မယ်။ သတ္တုဟုဆိုရာဝယ် အဖြူ၊ ရွှေ၊ ခဲရောင် အဆင်းရှိတဲ့ သတ္တုတို့က ၂၀၁၈ အတွက် အကောင်းဆုံး စွမ်းအားတို့ကို ပေးစွမ်းနိုင်ပါတယ်။ လုံးဝန်းတဲ့ ပုံသဏ္ဍာန်ရှိတဲ့ အလှဆင်ပစ္စည်းဖြစ်ရင် ပိုကောင်းပါတယ်။

၂၀၁၈ ခုနှစ်က မြေဓာတ်ကြီးစိုးတဲ့ ခွေးနှစ်ဖြစ်တဲ့ အားလျော်စွာ အဆိုပါကံကောင်းခြင်းတို့ကို သိမ်းပိုက်နိုင်ဖို့အတွက် မြေဓာတ်ရဲ့ အထောက်အကူကို ရယူသင့်ပါတယ်။ သစ်ပင်တို့ကို ကိုယ်စားပြုတဲ့ အစိမ်းရောင်၊ သစ်ပင်တို့ရဲ့ အားထားရာဖြစ်တဲ့ ရေကို ကိုယ်စားပြုတဲ့ အပြာရောင်၊ အနက်ရောင်ကိုလည်း တွဲဖက်အသုံးပြုနိုင်ပါတယ်လို့ ၂၀၁၈ ရဲ့ ကံကောင်းခြင်း အရောင်တွေအဖြစ် ဖုန်းရွှေပညာရှင်တွေက တွက်ချက်ထားပါတယ်။

အဆိုပါ အရောင်ရှိတဲ့ အသုံးအဆောင်တွေကို နေအိမ်နဲ့ ရုံးခန်းတို့မှာ အသုံးပြုအလှဆင်ခြင်း၊ ဝတ်ဆင်ခြင်းဖြင့် ကံထူး ကံတက်နိုင်နိုင်ကြမှာ ဖြစ်ပါတယ်လို့ တင်ပြလိုက်ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
သင့်ရဲ့ မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်စေမယ့် နည်းလမ်းကောင်းများ
အိမ်ခြံမြေအရေး သိလိုရာမေး
အိမ်ခြံမြေအရေး သိလိုရာမေး
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာများ
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။...
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
ပိုးမွှားများတဲ့နေရာတွေကို နေ့စဉ်ထိတွေ့မိနေတာ သင်သတိထားမိရဲ့လား
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
Polish တိုက်မယ်ဆိုရင် သိထားသင့်သည့် အချက်များ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
ဥပဒေရေးရာ ဗဟုသုတအဖြာဖြာ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
သန့်စင်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်မသုံးသင့်တဲ့ ပစ္စည်းများ
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service