မုံရွာအားကစားသိပ္ပံကျောင်းဆောက်ရန် လယ်ယာမြေများလှူထားသောတောင်သူအချို့ အစားထိုးမြေမရသေး၍အခက်တွေ့နေ လုပ်ငန်းပြီးပါက တောင်သူများထံ စာရွက်စာတမ်းနှင့်တကွ လက်ရောက်ပေးသွားမည်ဟုဆို

မုံရွာအားကစားသိပ္ပံကျောင်းဆောက်ရန် လယ်ယာမြေများလှူထားသောတောင်သူအချို့ အစားထိုးမြေမရသေး၍အခက်တွေ့နေ လုပ်ငန်းပြီးပါက တောင်သူများထံ စာရွက်စာတမ်းနှင့်တကွ လက်ရောက်ပေးသွားမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
27 Jun 2018 12:00 pm တွင် တင်ခဲ့သည်
3079 ကြိမ် ကြည့်ရှု့ပြီး
စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာမြို့ နန္ဒဝန်ရပ်ကွက် တွင် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းဆောက်ရန်အတွက် လယ်ယာမြေများ လှူဒါန်းထား သော တောင်သူများသည် ပြန်ပေး မည့်အစားထိုးမြေနေရာများ လက် ဝယ်မရသေး၍ အခက်တွေ့နေ ကြောင်း သိရသည်။

မုံရွာမြို့တွင်အားကစားသိပ္ပံ ကျောင်းကို ၂၀၁၃ ခုနှစ်က တည် ဆောက်ခဲ့ပြီး ထိုစဉ်ကတောင်သူ ၂၃ ဦး၏ မြေဧက ၅၀ ကျော်ကို တစ်ဝက်လှူ၊ တစ်ဝက်ပြန်ပေးစနစ် ဖြင့် မုံရွာခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနနှင့် တောင်သူများ ညှိနှိုင်းသဘောတူညီခဲ့ပြီးမြေလှူ သော တောင်သူများအတွက် အားကစားသိပ္ပံကျောင်းအနီးတွင် လျှပ်စစ်မီးသွယ်တန်းခြင်း၊ လမ်းခင်း ပေးခြင်းများနှင့်အတူ မြေဧကတစ် ဧကလှူပါက ပေ၆၀_ ၈၀ အကျယ် အဝန်းမြေသုံးကွက်ပြန်ရိုက်ပေးမည် ဟု သဘောတူထားကြောင်း တောင် သူများထံမှ သိရသည်။

""အားကစားသိပ္ပံက ဖွင့်ပြီး တာတောင် နှစ်နှစ်ကြာပြီ၊ ပြန်ပေး မယ်ပြောတဲ့ မြေတွေကဘယ်နေရာ မှာရမယ်ဆိုတာ အတိအကျမသိ ဘူး။ တချို့တစ်ဝက်ပဲ မြေဂရန်ရ သေးတာ၊ အကုန်မရသေးဘူး။ ဘယ်နေရာက ဘယ်သူ့မြေကွက် ဆိုတာကို တိတိကျကျပြောပေး သင့်တယ်။ အဲဒီတုန်းကမလှူရင် လည်း သိမ်းမှာဆိုတော့လှူလိုက် ရတာ။ ကိုယ့်ဝင်းမြေလည်း ဈေး တက်မှာဆိုတော့ သဘောတူလိုက် တယ်""ဟု မြေခုနစ်ဧကလှူဒါန်းခဲ့ သော တောင်သူကပြောသည်။

မြေလှူထားသူ တောင်သူ ၂၃ ဦးအနက်တွင် ငါးဦးသာဂရန်အ ထောက်အထားနှင့်တကွ ရရှိနေပြီး တောင်သူအချင်းချင်းမြေနေရာ အ ငြင်းပွားမှုများ ရှိနေကြောင်း၊ ပြန် လည်ပေးအပ်မည့် မြေများကိုဧက အလိုက် အကွက်များရိုက်နေပြီး လုပ်ငန်းပြီးပါက တောင်သူများထံ စာရွက်စာတမ်းနှင့်တကွ လက် ရောက်ပေးသွားရန် မြေနေရာချထား ရေးကော်မတီနှင့်အတူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြေစာရင်းရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဆိုပါအစားထိုးမြေနေရာ ပြန်ပေးမည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရနှင့် မြို့မိ၊ မြို့ဖတို့မှ တာဝန်ယူတည် ဆောက်ပေးရန် တောင်သူ ၂၃ ဦး နှင့်မြို့နယ် စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့ နယ်စည်ပင်သာယာရေးဌာန၊ မြို့မိ မြို့ဖများနှင့် လက်မှတ်ရေးထိုးသ ဘောတူထားခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...

မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...

အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...

မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service