၂၀၁၈ မေလကုန်နဲ့ ဇွန်လ လယ်အထိ အိမ်ခြံမြေဈေးကွက်ဟာ ၀ါဝင်ကာလနီးကပ်လာတာနဲ့အမျှ အတန်ငယ်လှုပ်ခတ်လာတယ်လို့ အကျိုးဆောင်တွေကဆိုပါတယ်။
ဝါတွင်းငှက်တွေတောင် အသိုက်မပြောင်းဘူးဆိုတဲ့ စကားရှိတာမို့ ငှားရမ်းရွှေ့ပြောင်းနေထိုင်ကြသူတွေအနေနဲ့ကလည်း ၀ါဝင်ကာလနီးကပ်လာတာနဲ့အမျှ အပြောင်းအရွှေ့ များပြားနေတာကိုတွေ့ရပါတယ်။
၂၀၁၈ မေလ ၊ ဇွန်လတေမွှာ အငှားတွေအားကောင်းတာ နဲ့အမျှ အရောင်းအဝယ်ဟာလည်း အနည်းငယ်ဖြစ်ထွန်းမှုတွေနဲ့အတူ လှုပ်ခတ်လာတာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံအိမ် ခြံ မြေ ၀န်ဆောင်မှုအသင်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အငှားဖြစ်ထွန်းရာမှာ တိုက်ခန်း ၊ လုံးချင်း ၊ ကွန်ဒိုတွေ အကုန်လုံးအငှားကပိုဖြစ်တယ်။အရောင်းအဝယ်ပိုင်းမှာတော့ ကြိုက်ရောင်း ကြိုက်ဝယ်ဈေးတွေနဲ့သာ ဈေးကွက်အတွင်းလည်ပတ်နေတယ်လို့သိရပါတယ်။
+++ Down Town Area +++
ရန်ကုန့်မြို့ရဲ့ မြို့တွင်း ခြောက်မြို့နယ် ရဲ့ အနေအထားကတော့ အငှားပိုင်းမှာထိပ်ဆုံးကဦးဆောင်နေပါတယ်။စီးပွားရေးဆိုင်ရာ အငှားတွေ ၊ လူနေထိုင်ဖို့အငှားတွေနဲ့ အတူ မြိုင်မြိုင်ဆိုင်ဆိုင်အားကောင်းခဲ့တယ်လို့သိရပါတယ်။အရောင်းဖြစ်ထွန်းမှုအပိုင်းမှာတော့ အရှိန်ရစပြုနေပြီး တိုက်ခန်းအရောင်း အဝယ်သာ အနည်းငယ်ရှိလာတယ်လို့ အထက်ပါ ပုဂ္ဂိုလ်ကပြောဆိုပါတယ်။
+++ တာမွေ +++
တာမွေ မြို့နယ်ကတော့ တိုက်ခန်းလူနေအငှားတွေကြောင့် အငှားသွက်လက်လျက်ရှိပါတယ်။ စီးပွားရေးလုပ်ကိုင်ဖို့ ၊ မြေညီထပ်တွေကိုလည်း လာရောက်ငှား၇မ်းမှုတွေများလာသလို ဈေးကွက်မှာလည်း အချက်အချာကျမှုပေါ်မူတည်ပြီး ကွဲပြားနေတယ်လို့ သိရပါတယ်။
+++ ဒဂုံလေးမြို့နယ် +++
ဒဂုံမြို့သစ် အရှေ့ ၊ တောင် ၊ မြောက် ၊ ဆိပ်ကမ်း အားလုံးမှာ အရောင်းအဝယ်အားကောင်း သလို အငှားလည်းအားကောင်းေ နပါတယ်။အဓိက အရောင်းအ၀ယ်ဖြစ်တဲ့ မြေကတော့ ပါမစ်မြေတွေ အရောင်းအ၀ယ်သွက်လက်နေတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။အငှားပိုင်းမှာ တစ်သိန်း မှ ၃ သိန်း ဝန်းကျင်တွေ အားကောင်းနေသလို အသင့်နေအိမ်တွေဖြစ်တဲ့ လုံးချင်းတွေဟာလည်း ဆယ်နှစ်သိန်းတစ်ပတ်လည်နဲ့ အငှားလိုက်နေပါတယ်လို့ သိရပါတယ်။အများအားဖြင့် အရောင်းအားကောင်းနေတာကတော့ မြောက်ဒဂုံ အတွင်းလမ်းနေရာတွေဖြသစ်တယ်လို့သိရပါတယ်။ မြောက်ဒဂုံရဲ့ လမ်းမတန်းမြေနေရာတွေကတော့ တစ်လငှားရမ်းခ သိန်း နှစ်ဆယ်ဝန်းကျင်တွေ သွက်တယ်လို့ မြောက်ဒဂုံအခြေစိုက် အောင်စည်ဟိန်း အကျိုးဆောင်လုပ်ငန်းကဆိုပါတယ်။
+++ စက်မှုဇုန် +++
လက်ရှိအချိန်ကာလမှာတော့ အရောင်း အဝယ် အငှား အေးစက်နေဆဲပဲဖြစ်ပါတယ်။ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းမှာ ဆက်လက်ဖော်ဆောင်ဖို့ရှိနေတဲ့ စက်မှုဇုန် စီမံကိန်းသစ်တွေကြောင့် ယင်အပိုင်းမှာလည်း အားကောင်းလာနိုင်ခြေရှိတယ်လို့သုံးသပ်ရပါတယ်။ဒါ့အပြင် အမှန်တကယ်လုပ်ကိုင်ခြင်းမပြုတဲ့ မြေဧရိယာတွေကို အရေးယူသိမ်းဆည်းမယ်ဆိုတဲ့ သတင်းစကားတွေကြောင့် တကယ်လုပ်ကိုင်မယ့်သူတွေကို ငှားရမ်းလာနိုင်တာနဲ့အမျှ ဈေးကွက်ပြန်ဖြစ်ထွန်းလာနိုင်ဖွယ်ရှိနေပါတယ်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com