အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး

အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
30 May 2018 11:26 am တွင် တင်ခဲ့သည်
3660 ကြိမ် ကြည့်ရှု့ပြီး
အီတလီနိုင်ငံတွင် အားလပ်ရက် အပန်းဖြေခရီးထွက်ကြရာ ပင်လယ်ကမ်းခြေဒေသတစ်ခု၌ ရဲတိုက်ကြီးတစ်လုံးရှိပြီး တစ်ညလျှင် တည်းခိုခ ၂၂ ပေါင် (မြန်မာငွေ ၄ သောင်းနီးပါး - မေ ၃၀ ၊ ၂၀၁၈ ငွေလဲနှုန်း =စတာလင် ၁ ပေါင်လျှင် မြန်မာငွေ ၁၇၈၄ ဒသမ ၅ ကျပ်နှုန်းဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်)
သာ ပေးရသည်ဟု ဆိုသည်။

ရဲတိုက်အမည်မှာ ကက်စ်တယ်လို ဆူလာ စပစ်ဂျီယာဖြစ်ပြီး ၁၆ ရာစုနှစ်က
ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ပြန်လည်မွမ်းမံ ဆောက်လုပ်ထားခြင်းလည်းဖြစ်သည်။

အီတလီနိုင်ငံ၊ လာဇီယိုပြည်နယ်၊ တော်ဗီယာနီကာအရပ်တွင် တည်ရှိပြီး အားလပ်ရက်အပန်းဖြေသူတို့ စခန်းချရာ golden sand ကမ်းခြေနှင့် ပေအနည်းငယ်သာ ဝေးကွာသည်။

လာဇီယိုပြည်နယ်၏ မြို့တော် ရောမမှာ အီတလီနိုင်ငံ၏ မြို့တော်လည်း ဖြစ်သည်။

အေးစိမ့်လှသော ဥရောပတွင် အီတလီသည် နေရောင်ရခြင်းဖြင့် နာမည်ကျော်ရာ ယခုရဲတိုက်ကြီးမှာ ဒေသတွင်းတွင် ပင်လယ်နှင့် နေရောင်အကောင်းဆုံးရရှိသည့်နေရာအဖြစ် သတ်မှတ်ခြင်းခံထားရသည်။

အဆောက်အအုံအတွင်း လေဝင်လေထွက် အလွန်ကောင်းမွန်လှပြီး တမူထူးခြားစွာ မွမ်းမံထားသည့် အိပ်ခန်း ၇ ခန်း ပါဝင်ကာ စုစုပေါင်း ၁၄ ဦးခန့် အိပ်စက်နိုင်သည်။

ထို့အပြင် ကျယ်ကျယ်ဝန်းဝန်းရှိသည့် ဧည့်ခန်းဆောင် ၂ ခု၊ မီးဖိုဆောင်တစ်ခု၊ ရေချိုးခန်း ၅ ခန်းတို့လည်း ပါဝင်သည်။

မီးဖိုဆောင်တွင် ထမင်းပေါင်းအိုး၊ မိုက္ကရိုဝေ့ဗ်၊ အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက်နှင့် ရေခဲသေတ္တာတို့ ထည့်သွင်းပေးထားပြီး ဧည့်သည်များအနေဖြင့် အဆောက်အအုံဝန်းအတွင်း ဝိုင်ဖိုင်လည်း ရရှိနိုင်မည် ဖြစ်သည်။

ရဲတိုက်ပြင်ပ ခြံဝန်းအတွင်းတွင် လှပစွာမွမ်းမံထားသော ပန်းဥယျာဉ်တစ်ခု ပါဝင်ရာ ထိုနေရာမှတဆင့် လုံခြုံစိတ်ချရမှုကောင်းမွန်စွာဖြင့် နေလှုံနိုင်လေသည်။

ဧည့်သည်များသည် ပထမထပ်လသာဆောင်မှတစ်ဆင့် သာယာလှပသည့် ပင်လယ်ရှုမျှော်ခင်းများကို ခံစားနိုင်သည်။

ခြိုးခြံသည့် အိမ်ရှင်မှာ အဆောက်အအုံဘေးတွင် အဖီဆွဲကာနေထိုင်လျက်ရှိသည်။

နာမည်ကျော် Zoomarine water amusement ပန်းဥယျာဉ်မှာ မိုင်အနည်းငယ်သာ ဝေးကွာပြီး အီတလီနိုင်ငံ၏ မြို့တော် ရောမနှင့်လည်း မိုင် ၂၀ နီးပါးသာ ဝေးကွာသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com
အီတလီနိုင်ငံ၊ ရောမမြို့တော်အနီးတွင် တစ်ညလျှင် ၂၂ ပေါင် (မြန်မာငွေ ၄ သောင်း) ခန့်ဖြင့် တည်းခိုနိုင်မည့် ရဲတိုက်ကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ စိန့်လူးဝစ်မြို့လယ်မှ ကန်ဒေါ်လာ ၂၀၅ သန်းတန် မိုးမျှော်တိုက်ကြီးတစ်ခုလုံးကို တိုက်ခန်းတစ်ခန်းဈေးပင် မရှိသောဈေးနှုန်းဖြင့် အံ့အားသင့်ဖွယ် အရောင်းအဝယ်ဖြ...

ချစ်သူကောင်လေးနှင့်အတူ ဂျပန်ရှိ ဟိုတယ်တစ်ခုအတွင်းမှ ထွက်လာသော ဓာတ်ပုံများကြောင့် အွန်လိုင်းတွင် ဂယက်ရိုက်နေသူ BLACKPINK အဖွဲ့မှ လီဆာက လော့စ်အိန်ဂျလိမြို့ ကမ္ဘာကျော်များ အခြေချရာ Beverly Hills တွင် ကန်ဒေါ်လာ ၄ သန်းတန် စံအိမ်တစ်လုံး ဝ...

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်

အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...

အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...

ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...

ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

ဒါတွေကြုံနေရပြီလား? ဒါဆိုရင်တော့ ခေတ္တအနားယူဖို့ လိုနေပါပြီ!

ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူ Elon Musk ငယ်စဉ်က အငှားတိုက်ခန်းတွင် နေခဲ့ရပြီး ခုံတန်းတစ်ခုပေါ်တွင် အိပ်ခဲ

ဘုံဖျားမှ သုညသို့ (သို့မဟုတ်) အိန္ဒိယမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် သူဌေးကြီး ဇနီးမောင်နှံက ချမ်းသာသမျှ ရူပီး ကုဋေ ၂၀၀ (ကန်

အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင

mya-nandar
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service