အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ

အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
8 May 2018 11:34 am တွင် တင်ခဲ့သည်
4457 ကြိမ် ကြည့်ရှု့ပြီး
ဒေါ်နယ်ထရမ့်နှင့် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင် ရွေးကောက်ခံခဲ့သူ ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲမဲဆွယ်ရေးရုံးချုပ်မှာ နယူးယောက်မြို့၊ ဘရွတ် ကလင်းအရပ်တွင် ဖြစ်၏။

ဟီလာရီကလင်တန်နှင့် ဘီလ်ကလင်တန်တို့သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း နယူးယောက်မြို့၊ ဟမ့်ပ်တန်ရှိ နေအိမ်ကို တစ်လလျှင် ကန်ဒေါ်လာ ၁၀၀၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့ဖူးသေးသည်။

ကလင်တန်ဇနီးမောင်နှံသည် နယူးယောက်ပြည်နယ်၊ နယူးကာဆယ်မြို့ရှိ၊ ချာပါကာအရပ်တွင်လည်း နေအိမ်တစ်လုံး ပိုင်ဆိုင်ထားသေးသည်။

စင်စစ်အားဖြင့် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံး သမ္မတ၏ အိမ်တော်မှာလည်း နယူးယောက်တွင်ပင် ဖြစ်ခဲ့သည်။

ရှေးယခင် အမေရိကန်ပြည်စတင်တည်ထောင်စက နယူးယောက်ကို နိုင်ငံ၏မြို့တော်အဖြစ် ၂ နှစ်ခန့် သတ်မှတ်ခဲ့ သေးသည်။

အောက်ဖော်ပြပါ နေအိမ်တို့မှာ နယူးယောက်တွင် အမေရိကန်သမ္မတတို့ နေထိုင်ခဲ့ဖူးသော နေအိမ်ကြီးများ ဖြစ် လေသည်။

+++ (၁) ဂျော့ခ်ျ ၀ါရှင်တန် +++

နယူးယောက်မြို့တော်တွင် အမေရိကန်သမ္မတတို့ အခြေချနေထိုင်ခဲ့ကြသည့် သမိုင်းကြောင်းကို ပြန်လည်စမ်း စစ်ကြည့်မည်ဆိုလျှင် အမေရိကန်၏ ပထမဆုံးသော သမ္မတ ကြီးအထိ ခြေရာခံရမည် ဖြစ်သည်။

၁၇၈၉ ခုနှစ်တွင် ဂျော့ခ်ျဝါရှင်တန် သမ္မတတာဝန် စတင်ထမ်းဆောင်စဉ်က အမေရိကန်ပြည်ထောင်စုတွင် အိမ်ဖြူ တော်မရှိသေးသည့်အပြင် ၀ါရှင်တန်ဒီစီမှာလည်း မြို့တော် မဟုတ်သေးဘဲ ၁၇၉၁ ခုနှစ်မှ မြို့တော်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။

ဂျော့ခ်ျဝါရှင်တန်နှင့် မိသားစုသည် နယူးယောက်မြို့ အရှေ့မြောက်ဘက် ပုလဲလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Samuel Osgood House စံအိမ်တွင် နေထိုင်ခဲ့ကြသည်။

အဆိုပါစံအိမ်သည် အမေရိကန်ပြည်၏ ပထမဆုံး သမ္မတအိမ်တော်ဖြစ်ခဲ့ပြီး ဂျော့ခ်ျဝါရှင်တန်နှင့် မိသားစုသည်
၁၇၉၀ ပြည့်နှစ်အထိ နေထိုင်ခဲ့ရာ ထိုကာလမှာ နယူးယောက် ကို အမေရိကန်၏ မြို့တော်အဖြစ် သတ်မှတ်ထားချိန်လည်း ဖြစ်သည်။

ကြီးမားသည့် နေအိမ်ကြီးဖြစ်ပြီး အုတ်ဖြင့်ဆောက် လုပ်ထားကာ နေအိမ်အတွင်းတွင် တန်ဖိုးကြီး ပရိဘောဂများ ထည့်သွင်းထားသည်။

စံအိမ်၏အမည်Samuel Osgoo မှာ နိုင်ငံရေးသမား ရှေ့နေတစ်ဦးဖြစ်သူ ဆင်မြူရယ် အော့စ်ဂွတ်ဒ်ကို အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။

ဆင်မြူရယ် အော့စ်ဂွတ်ဒ်က သူနှင့်ဇနီးဖြစ်သူနေ ထိုင်ရန် အဆိုပါစံအိမ်ကို ၁၇၇၀ ပြည့်နှစ်အတွင်း ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အောက်လွှတ်တော်က ယင်းစံအိမ်တွင် ဂျော့ခ်ျဝါရှင်တန်နေထိုင်ရန်အတွက် တစ်နှစ်လျှင် ၈၄၅ ဒေါ်လာ ဖြင့် ငှားရမ်းပေးခဲ့ခြင်းဖြစ်သည်။

ဂျော့ခ်ျဝါရှင်တန်၏ အိမ်တော်တွင် ၀န်ထမ်းပေါင်း ၂၀ ခန့် နေထိုင်ခဲ့ရာ ၎င်းင်းခေါ်ဆောင်လာသော ကျွန်များ လည်း အပါအ၀င်ဖြစ်သည်။

(မှတ်ချက်။ အေဗရာဟမ်လင်ကွန်းလက်ထက်သို့ ရောက်မှ အမေရိကတွင် ကျွန်စနစ်ဖျက်သိမ်းခဲ့ခြင်း ဖြစ်ပါသည်။)

၁၇၉၀ ပြည့်နှစ်၊ ဖေဖော်ဝါရီတွင် ဂျော့ခ်ျဝါရှင်တန် နှင့် မိသားစုသည် နယူးယောက်မြို့၊ ဘရော့ဒ်ဝေးလမ်း အမှတ် ၃၉-၄၁ ရှိ Alexander Macomb အမည်ရှိ နေအိမ်သို့ ပြောင်း ရွှေ့ခဲ့ကြပြန်သည်။

ယင်းနေအိမ်သည် ဒုတိယမြောက်သမ္မတအိမ်တော် ဖြစ်ခဲ့သည်။ ယင်းစံအိမ်သည် ဟတ်ဆန်မြစ်၏ အလှကို တွေ့မြင် နေရသည့်မြင်ကွင်းရှိပြီး ယခင်စံအိမ်ထက် ပိုမိုကျယ်ဝန်း သောကြောင့် ၀န်ထမ်းများ ပိုမိုထားရှိနိုင်ခဲ့သည်။

ယင်းနေအိမ်ကို ဆောက်လုပ်ခဲ့သည်မှာ အိုင်းရစ်သား ကုန်သည်တစ်ဦးဖြစ်သူ Alexander Mecomb ဖြစ်ပြီး ၁၇၈၈ ခုနှစ်တွင် ၄ ထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

၁၇၉၀ ပြည့်နှစ်၊ ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စု ၏ မြို့တော်ကို ဖီလာဒဲလ်ဖီးယားအဖြစ် သတ်မှတ်လိုက်ပြီး နောက် ဂျော့ခ်ျဝါရှင်တန်သည် ဗူနထညေိနမ ခြေသာဘ စံအိမ် မှ ပြောင်းရွှေ့ခဲ့ပြီးနောက် ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားရှိ တတိယမြောက်သမ္မတအိမ်တော်သို့ ပြောင်း ရွှေ့ခဲ့ပြန်သည်။

ပထမဆုံး သမ္မတစံအိမ်ဖြစ်ခဲ့သော Osgood House ကို ၁၈၅၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး Alexander Macomb စံအိမ်ကို ၁၉၄၀ ပြည့်နှစ်တွင် ဖျက်သိမ်းခဲ့သည်။

သို့ရာတွင် ယင်းစံအိမ်များတည်ရှိခဲ့သည့် မြေနေရာ များတွင် ဂျော့ခ်ျဝါရှင်တန်နေထိုင်ခဲ့ဖူးသော သမိုင်းကို မှတ်တမ်း တင်သောအားဖြင့် အထိမ်းအမှတ်တံဆိပ်ပြား တပ်ဆင်ထား သည်ကို ယနေ့တိုင်တွေ့မြင်နိုင်လေသည်။

+++ (၂) ၂၁ ဆက်မြောက် သမ္မတကြီး ချက်စ်တာ အလန်အာသာ နေထိုင်ခဲ့သည့် နယူးယောက်စံအိမ် Chester A. Arthur +++

ချက်စ်တာ အလန် အာသာသည် အမေရိကန် ပြည်ထောင်စု၏ ၂၁ ဆက်မြောက် သမ္မတဖြစ်ပြီး ၁၈၈၁ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။
ချက်စ်တာ အာသာသည် သူ၏ ကြီးပြင်းချိန်ကာလများကို နယူးယောက်မြို့၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြားရှိ လက်ဇင်တန် ရိပ်သာလမ်း၊ အမှတ် ၁၂၃ နေအိမ်တွင် နေထိုင်ခဲ့သည်။
အဆိုပါနေအိမ်ကို ချက်စ်တာ အေ- အာသာစံအိမ်ဟု လူသိများကြသည်။

၁၈၅၃ ခုနှစ်တွင် လူငယ်ကလေး အာသာသည် နယူးယောက်မြို့ကြီးသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကာ ဥပဒေအဖွဲ့ အစည်းတစ်ခုတွင် ၀င်ရောက်အလုပ်လုပ်ကိုင်ခဲ့သည်။
ယင်းအချိန်ခန့်က လက်ဇင်တန်ရိပ်သာလမ်းရှိ ၅ ထပ်အဆောက်အအုံကို ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစစ်ကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် သမ္မတ ဂျိမ်းစ်ဂါးရ်ဖီးလက်ထက်တွင် ဒုတိယသမ္မတအဖြစ် ၁၈၈၁ ခုနှစ်၊ မတ်လ၌ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရ သည်။

ထိုနှစ်အတွင်းတွင်ပင် သမ္မတဂါးရ်ဖီးကို လုပ်ကြံသတ် ဖြတ်ရန် ကြိုးပမ်းမှုကြီး ပေါ်ပေါက်ခဲ့သည်။ နယူးယောက်မြို့ မန်ဟက်တန်အရပ်ရှိ နေအိမ်တွင် ချက်စ်တာအာသာ သွားရောက် နေထိုင်လျက်ရှိချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုနှစ် စက်တင်ဘာလတွင် သမ္မတ ဂါးရ်ဖီးကွယ်လွန် သွားခဲ့သည်။ ယင်းနောက် ချက်စ်တာ အေ-အာသာသည် သူ၏နယူးယောက်မြို့၊ မန်ဟက်တန်စံအိမ်တွင် လျှို့ဝှက်စွာ ကျမ်း သစ္စာကျိန်ဆိုကာ သမ္မတတာဝန်ကို ထမ်းရွက်ခဲ့၏။

၁၈၈၄ ခုနှစ်တွင်ကား ချက်စ်တာ အာသာသည် ပြန် လည်ရွေးကောက်ခြင်းမခံရသောကြောင့် လက်ဇ်ဇင်တန်ရိပ်သာ လမ်းနေအိမ်တွင် ပြန်လည်နေထိုင်ခဲ့ပြီး ၁၈၈၆ ခုနှစ်၊ နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့သည်။

ချက်စ်တာ အာသာကွယ်လွန်သွားပြီး နှစ်ပေါင်း ၁၃၀ အတွင်း အဆိုပါစံအိမ်ကြီးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့၏။

စိတ်ဝင်စားဖွယ်အချက်မှာ ၁၉၀၇ ခုနှစ်ဝန်းကျင်တွင် နာမည်ကျော်သူဌေးကြီး ၀ီလျံ ရန်းဒေါ့ဖ် ဟာ့စ်ထ်က ပိုင်ဆိုင် ခဲ့ဖူးခြင်း ဖြစ်သည်။

မျက်နှာစာကို အုတ်ဖြင့် မွမ်းမံမှုမရှိဘဲဆောက်လုပ် ထားပြီး အပေါ်ထပ်များကို လူနေခန်းများအဖြစ် ဖွဲ့စည်းထား သည်။

ပထမ ၂ ထပ်မှာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာနေရာ ဖြစ်လာခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် အထိမ်းအမှတ်ကြေးပြား တပ်ဆင်ခဲ့ပြီး အမျိုးသားသမိုင်းဝင်အထိမ်းအမှတ်နေရာတစ်ခု အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။

+++ (၃) သီအိုဒို ရုစဗဲ့၏ နယူးယောက်စံအိမ် Theodore Roosevelt +++

သီအိုဒို ရုစဗဲ့သည် အမေရိကန်ပြည်ထောင်စု၏ ၂၆ ဆက်မြောက် သမ္မတဖြစ်ပြီး ၁၉၀၁ ခုနှစ်မှ ၁၉၀၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

အမေရိကန်သမ္မတများအနက် နယူးယောက်မြို့တွင် မွေးဖွားခဲ့သူမှာ သီအိုဒို ရုစဗဲ့တစ်ဦးတည်းသာ ရှိသည်။ ရုစဗဲ့ သည် နယူးယောက်မြို့၊ အရှေ့ လမ်း ၂၀ အမှတ် ၂၈ ရှိ နေ အိမ်တွင် ကြီးပြင်းခဲ့သည်။

အဆိုပါနေအိမ်သည် ၁၈၄၈ ခုနှစ်က ဆောက်လုပ်ခဲ့ သည့် နေအိမ်ဖြစ်သည်။ ရုစဗဲ့မိသားစုက ၁၈၅၄ ခုနှစ်တွင် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

နေအိမ်ဝယ်ယူပြီးနောက် ၄ နှစ်အကြာတွင် ရုစဗဲ့သည် အမေရိကန်ပြည်ထောင်စု၏ ၂၆ ဆက်မြောက်သမ်္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့လေသည်။ ၃ ထပ်အဆောက်အအုံဖြစ်ပြီး ဂေါ့သစ်ရီဗိုက်ဗယ်ဗိသုကာ ဟန်ဖြင့် ဆောက်လုပ်ထားသည်။

ရုစဗဲ့သည် ငယ်စဉ်က အလွန်ချူချာခဲ့ရာ နေအိမ် ခြံဝန်းအတွင်းတွင် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ရုစဗဲ့မိသားစုသည် ယင်းနေအိမ်တွင် ၁၈၇၂ ခုနှစ်အထိနေ ထိုင်ခဲ့ကြပြီး အနောက် ၅၇ လမ်းရှိ နေအိမ်သို့ ပြောင်းရွှေ့ခဲ့ကြ သည်။ ၁၉၁၆ ခုနှစ်တွင် အရှေ့ လမ်း ၂၀ အမှတ် ၂၈ နေအိမ်ကို ဖျက်သိမ်းခဲ့သည်။

နောင် ၃ နှစ်အကြာ ၁၉၁၉ ခုနှစ်တွင် သီအိုဒို ရုစဗဲ့ကွယ်လွန်သွားခဲ့ပြီးနောက် ရုစဗဲ့ အောက်မေ့ဖွယ် အထိမ်း အမှတ် အမျိုးသမီးများအသင်းက ယင်းနေရာကို ၀ယ်ယူခဲ့သည်။
ဝယ်ယူပြီးနောက် နာမည်ကျော် အမျိုးသမီး ဗိသုကာပညာရှင် သီအိုဒါတီ ရစ်ဒဲလ်ကို ငှားရမ်းခဲ့ပြီး မူလနေအိမ်အတိုင်း ပြန်လည်ဆောက်လုပ်စေခဲ့သည်။

ပရိဘောဂများ၊ အဆောက်အအုံအတွင်းအပြင် ဒီဇိုင်း များကို ၁၈၆၅ ခုနှစ်ကရှိခဲ့သည့်ဟန်အတိုင်း ပြန်လည်ဆောက် လုပ်စေခဲ့သည်။

ယနေ့တွင်ကား သီအိုဒို ရုစဗဲ့မွေးဖွားရာအထိမ်း အမှတ် နေရာအဖြစ် ပြုလုပ်ထားပြီး ပြတိုက်အဖြစ်အသုံးပြု ထား သည့်အပြင် စာအုပ်ဆိုင်တစ်ခုလည်း ဖွင့်လှစ်ထားရှိ သည်။

မကြာသေးမီကမူ အမျိုးသားသမိုင်းဝင်နေရာများ ကွပ်ကဲမှု ပေးသည့် National park Service အဖွဲ့က ကန်ဒေါ်လာ ၃ ဒသမ ၇ သန်း သုံးစွဲကာ ပြုပြင်မွမ်းမံလျက်ရှိသည်။

+++ (၄) ဘားရက်အိုဘားမား သမ္မတမဖြစ်မီနေထိုင်ခဲ့သည့် နယူးယောက်နေအိမ် Barack Obama +++

အိုဘားမားသည် လော့စ်အိန်ဂျလိရှိ Occidental ကောလိပ်တွင် စတင်တက်ရောက်ခဲ့ခြင်းဖြစ်သော်လည်း ၁၉၈၁ ခုနှစ်တွင် နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ်သို့ ပြောင်းရွှေ့တက်ရောက်ခဲ့သည်။

နယူးယောက်တွင် အိုဘားမားပထမဆုံးစတင်နေထိုင် ခဲ့သည်မှာ မန်ဟက်တန်ဒေသ၊ Morningside Heights အရပ်၊ အနောက် ၁၀၉ လမ်း၊ အမှတ် ၁၄၂ တွင် တည်ရှိသော လူနေခန်းတစ်ခုတွင် ဖြစ်သည်။

အိုဘားမားသည် အိပ်ခန်း ၂ ခန်းပါသည့် အဆိုပါ အခန်းကို အတန်းဖော်တစ်ဦးဖြစ်သူ ဖီးလ် ဘိုအာနာနှင့်အတူ ပူးတွဲငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး တစ်လလျှင် ဒေါ်လာ ၁၈၀ စီပေးကြရသည်။

ယနေ့အခါတွင်ကား အိုဘားမားနေထိုင်ခဲ့သည့် အဆို ပါ အခန်းမှာ တစ်လလျှင်ငှားရမ်းခ ကန်ဒေါ်လာ ၂၃၀၀ ခန့် ဖြစ်နေလေပြီ။

ယင်းနောက်ပိုင်းတွင် အိုဘားမားသည် အရှေ့ ၉၄ လမ်း၊ အမှတ် ၃၃၉ ရှိ ၆ လွှာအခန်းတစ်ခန်းကို ငှားရမ်း နေထိုင်ခဲ့ပြန်သည်။

တက္ကသိုလ်နောက်ဆုံးနှစ်ကာလများတွင် ထိုအခန်း ကို ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။

နယူးယောက်တွင် အိုဘားမား နောက်ဆုံးနေထိုင်ခဲ့ သည့်နေအိမ်မှာ အနောက် ၁၁၄ လမ်း၊ အမှတ် ၆၆၂ ရှိ နေအိမ်ဖြစ်ပြီး ၁၉၈၅ ခုနှစ် နွေရာသီတွင် ချီကာဂိုသို့ မပြောင်း ရွှေ့မီကာလအထိ နေထိုင်သွားခဲ့သည်။

ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ - Property News in Myanmar from iMyanmarHouse.com
အမေရိကန်သမ္မတများ သမ္မတမဖြစ်မီ နေထိုင်ခဲ့သောနယူးယောက်မြို့ရှိနေအိမ်များ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
ပလာတူးငါးမှ ရရှိသော ကျန်းမာရေးကောင်းကျိုးများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service