တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်နဲ့အငြင်းပွားမှုမရှိအောင် သတ်မှတ်သင့်တဲ့ အချက်တချို့

တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်နဲ့အငြင်းပွားမှုမရှိအောင် သတ်မှတ်သင့်တဲ့ အချက်တချို့ - Property Knowledge in Myanmar from iMyanmarHouse.com
2 May 2018 12:44 pm တွင် တင်ခဲ့သည်
17356 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တိုက်ခန်းဝယ်ယူတဲ့အခါ စာချုပ်စာတမ်းချုပ်ဆိုကတည်းက မြေရှင်ကို အမည်ပြောင်းခနဲ. လခကို ဘယ်လောက်နှုန်းထားဆိုတာမျိုး တစ်ပါတည်းချုပ်ဆိုမှသာ နောက်ပိုင်းအငြင်းပွားမှု လျော့နည်းနိုင်မယ်လို့သိရပါတယ်။

တိုက်ခန်းဝယ်သူတချို.ကြုံတွေ.ရတဲ့ ပြသနာက တစ်ဆင့်ပြန်ရောင်းတဲ့အခါ ဈေးနှုန်းသေချာမသတ်မှတ်ထားမိတာကြောင့် အမည်ပြောင်းခကို မြေပိုင်ရှင်တောင်းသလောက်ပေးကြရသလို မြေရှင်ကို ပေးနေရတဲ့ လစဉ်လခကြေးငွေတွေကြောင့်လည်း အငြင်းပွားမှုတွေ ဖြစ်နေကြတာပါ။

အခုလိုပေးရတဲ့အပေါ် တချို.က ပေးစရာမလိုဘူး။ တချို.ကလည်း ပေးရတယ်ဆိုပြီး အပျောက်စနစ် အရောင်းအဝယ် လုပ်တဲ့အခါမှာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

ရှေ.နေအသင်းဥက္ကဌ ဦးကျော်ဇေယျက ‘အပျောက်ခန်းအရောင်းအဝယ်လုပ်တဲ့အခါမှာ ဘာသဘောတူညီချက်မှ မြေရှင်နဲ. အိမ်ရှင်ကြား လုပ်ထားတာမရှိဘူးဆို အပျောက်ခန်းပြန်ရောင်းတဲ့အခါမှာ အသိပေးစရာမလိုဘူး’ လို.ပြောပါတယ်။

မြေရှင် သဘောတူညီမှုလိုတယ်ဆိုပေမဲ့ ကန်ထရိုက်တာက သူရတဲ့အခန်းကို ဝယ်သူကို တိုက်ရိုက်ရောင်းတဲ့အခါ မြေရှင်သဘောတူညီမှု မပါလည်း ရပါတယ်။ သည်လိုမျိုးအခန်းဆို ပထမဆုံးချုပ်ဆိုတဲ့ စာချုပ်က ကန်ထရိုက်တာနဲ. ဖြစ်တာကြောင့် အမည်ပြောင်းခပေးစရာမလိုပါဘူး။ ဒါကလည်း အမည်ပြောင်းခကို တချို.မြေရှင်တွေက မတန်မဆတောင်းဆိုကြတာတွေ ရှိသောကြောင့် ဖြစ်ပါတယ်။

အကျိုးဆောင် ရှေ.နေ ဦးမောင်မောင်က ‘အများစုက ပထမစာချုပ်မှာ မြေရှင်နဲ. သဘောတူညီချက်တွေ ပါနေတာရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာ ပါတဲ့ တန်ဖိုးအတိုင်း ပေးတာလက်မခံရင်တော့ ဝယ်သူက ပျက်ကွက်တာ မဟုတ်တော့ဘူး၊ တချို.စာချုပ်မှာ နှုန်းထားတစ်ခါတည်း ထည့်မချုပ်တဲ့ အခါမှာ ပြဿနာရှိတယ်။ မြေရှင်တောင်းသလောက်ပေးရတာမျိုးတွေ ရှိလာတယ်’ လို့ပြောပါတယ်။

တချို.ဆို အရောင်းအဝယ်ဖြစ်ပြီးခါမှ စရန်ချပြီးမှ မြေရှင်ကို ပေးရတဲ့ အမည်ပြောင်းခအတွက် ညှိနှိုင်းမရလို. ပွဲပျက်သွားတာမျိုးလည်း ရှိတယ်လို့သိရတယ်။

သည်နောက်ပိုင်းမှာတော့ တချို့နားလည်သူတွေက အမည်ပြောင်းခကို ဘယ်လောက်ဆိုတာမျိုးထည့်ချုပ်ဆိုကြတယ်။

လစဉ်မြေရှင်ကို လာပေးရတာကလည်း ထုံးတမ်းစဉ်လာတစ်ခုလို ဖြစ်နေပြီး ဒါတွေက အပျောက်စနစ်နဲ. ဝယ်ထားတာ ဆိုပေမဲ့ အိမ်ငှားအမျိုးအစားထဲမှာ ပါတာကြောင့်လို. သိရတယ်။

လှိုင်မြို့နယ်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ‘တချို.က လစဉ်ပေးရသလို တချို.က နှစ်ချုပ်နဲ.ပေးထားရတယ်၊ တစ်လကို ၃၀၀၀လောက်ပေးရတာ ပြသနာမဟုတ်ပေမယ့် အန္တရာယ်ရှိ အဆောက်အအုံဖြစ်လို့ ဖြိုပြီးရင် မြေပိုင်ရှင်က မြေပိုင်ပြီး သူပေးတဲ့အခန်းကို ပြန်ယူရမယ်ဆိုတာမျိုးတွေကျ မဖြစ်သင့်ဘူး၊ ဥပဒေလိုအပ်မယ်လို့တော့ထင်တယ်’ လို.ပြောပါတယ်။

Credit : The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service