နေရေးထိုင်ရေး စီးပွားရေးနှင့် လျှပ်စစ်စွမ်းအင်အလုံအလောက်

နေရေးထိုင်ရေး စီးပွားရေးနှင့် လျှပ်စစ်စွမ်းအင်အလုံအလောက် - Property News in Myanmar from iMyanmarHouse.com
2 May 2018 11:42 am တွင် တင်ခဲ့သည်
3871 ကြိမ် ကြည့်ရှု့ပြီး
ကျေးလက်မြို့ပြတို့၏ တိုးတက်မှု ပြောင်းလဲမှုဖြစ် စဉ်တွင် အဓိကအရေးပါမှုတစ်ခုသည် လျှပ်စစ်မီးရရှိမှုဖြစ်သည်။

မြန်မာနိုင်ငံ အနှံအပြားရှိ ကျေးရွာမြို့ကြီးများ၏ ကွဲ ပြားခြားနားမှုကိုကြည့်လျှင် လျှပ်စစ်မီး ရရှိမှုအပေါ်တွင် တည်ရှိပြီး တိုးတက်မှု နောက်ကျခြင်း၊ ဖွံ့ဖြိုးစည်ပင်ခြင်းတို့သည် သိသာစွာ ကွဲပြားသွားကြသည်။

ကျွန်တော်၏ဖခင်မွေးဖွားရာ ကျေးရွာကြီးသည် လျှပ်စစ်မီးမရရှိသဖြင့် အခြားသောမြို့နယ်တို့၏ ကျေးရွာတို့နှင့် နှိုင်းယှဉ်လိုက်လျှင် မီးရသောအခြားမြို့ နယ်ရှိ ကျေးရွာတို့လောက်မဖွံ့ဖြိုးဘဲ နောက်ကျကျန်ရစ်ခဲ့သည်ကို တွေ့ခဲ့ရ သည်။

ယခင်က သမရိုးကျ နံနက်လေး နာရီလောက် အိပ်ယာထကြ၍ ရေနံဆီ မီးခွက်၏အလင်းရောင် မှိတ်တုတ်မှတ် တုတ်ဖြင့် လယ်ယာလုပ်ငန်းခွင်ဝင်နိုင်ဖို့ ပြင်ဆင်ကြသည်။ နေမပူခင်ထွန်ယက်မှု တို့ကို ပြီးနိုင်သမျှပြီးအောင်လုပ်ကြရ သည်။ ညနေ နေကျပြီဆိုလျှင် မမှောင်ခင် လယ်ယာလုပ်ငန်းခွင်တို့သိမ်းပြီး မိုးမချုပ် ခင်အိမ်ပြန်ကြရသည်။ ညနေလေးနာရီ နှင့် ခြောက်နာရီအတွင်း ထမင်းတို့အပြီး ချက်ပြုတ်ရသည်။ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်မှုစည်းကမ်းအရ ချက် ပြုတ်ချိန် သတ်မှတ်ထားသည့်အတိုင်း လုပ်ကြရသည်။ ချက်ပြုတ်ပြီးလျှင် မီးကြွင်း မီးကျန်မရှိအောင် မီးသတ်ထားရသည်။ မီးကြွင်းမီးကျန်ရှိမရှိကိုလည်း မီးဖိုအတွင်း ကြက်တောင်မွေးထည့်ပြီး စမ်းသပ်စစ် ဆေးခံကြရသည်။ ချက်ပြုတ်ပြီးသည်နှင့် ထမင်းစားကြသည်။ အလင်းပျောက်ပြီ ဆိုသည်နှင့် အိပ်ယာဝင်ကြသည်။ ညကိုး နာရီထိုး ဆယ်နာရီခန့်တွင် တစ်ရေးနိုး ပြီး အပေါ့အပါးသွားကြသည်။ ထိုသည် က သဘာဝအတိုင်းလည်ပတ်နေကြသည့် ကျေးလက်တောရွာတို့၏ လူနေမှုဖြစ်စဉ် ဖြစ်သည်။ သဘာဝတရားအတိုင်း လည် ပတ် လုပ်ကိုင်ရှင်သန်နေထိုင်ကြသည် ကောင်းလှပါသည်။

သို့ပါသော်လည်း ပြောင်းလဲ လာသော အနီးအနားမြို့နယ်များရှိ ကျေး ရွာတို့၏ ဖွံ့ဖြိုးစည်ပင်လာမှုကို တွေ့မြင် ကြရသောအခါ မိမိတို့နေရာသည် ဘာ တွေလိုအပ်နေပြီဆိုသည်ကို ဆန်းစစ် လာကြသည်။ ထိုအခါ လမ်းပန်းဆက် သွယ်မှု ကွာခြားခြင်း၊ လျှပ်စစ်မီးရရှိမှု တို့ စသည့်အခြေအနေတို့ကို တွေ့ကြ သည်။ ထိုအခါ လျှပ်စစ်မီးရရှိအောင် ကြိုးပမ်းကြသည်။

လျှပ်စစ်မီးရရှိလာသဖြင့် လျှပ် စစ်မြစ်ရေတင်စီမံကိန်းတို့ အကောင် အထည်ဖော်ပြီး လယ်ယာကိုင်းကျွန်းတို့ကို ရာသီမရွေးရေသွင်းစိုက်ပျိုးနိုင်သည့် အခြေအနေရောက်ရှိလာသည်။ စိုက်ပျိုး ရေးသီးနှံတို့ ကောင်းစွာဖြစ်ထွန်းအောင် မြင်လာသည်။ လျှပ်စစ်မီးရရှိလာသည် နှင့်အမျှ ကုန်ပစ္စည်းထုတ်လုပ်တင်ပို့မှု လည်း လုပ်ဆောင်လာနိုင်သည်။

လျှပ်စစ်မီးရရှိလာသည်နှင့်အမျှ လုပ်စရာလုပ်ငန်းတို့ ပို၍များပြားလာ ကြသည်။ ၀င်ငွေရလမ်းတို့လည်း ပို၍ တွေ့လာကြသည်။

ကျေးလက်တောရွာတို့၏ လူ နေမှုဖြစ်စဉ် ပြောင်းလဲမြင့်တက်လာရန် လျှပ်စစ်မီးရရှိမှုက အခြေခံလိုအပ်ချက် ဖြစ်နေပေသည်။ မြန်မာနိုင်ငံ တစ်နံတစ် လျား ဖွံ့ဖြိုးဖို့အတွက် တည်ငြိမ်သည့် နယ်မြေများတွင် လျှပ်စစ်မီးသည် အရေး ပါလာပါလိမ့်မည်။ ကျေးလက်ဒေသများ သည်ပင်လျှင် အရေးပါလှသော လျှပ်စစ် မီးသည် ခေတ်မီမြို့ပြကြီးများအတွက် ပြောစရာမလိုလောက်အောင် အလွန် အရေးပါသော ထိပ်တန်းကိစ္စကြီးဖြစ် နေပေသည်။

ရန်ကုန်မြို့ကြီးကို ခေတ်မီဖွံ့ဖြိုး တိုးတက်စေရန်နှင့် များပြားလာသော လူဦးရေတို့အတွက် နေစရာတိုက်တာ အိမ်ရာ၊ အဆောက်အအုံတို့ တည်ဆောက် လာကြသည်။ ထို့အပြင် တိုးချဲ့မြို့သစ်တို့ ဖော်ဆောင်ဖို့ စီမံကိန်းကြီးများ လျာထား လုပ်ဆောင်လာကြပြီဖြစ်သည်။ ထို့အတူ မိုးပျံလမ်းများ၊ ခေတ်မီမြန်နှုန်းမြင့် မီး ရထားခရီးစဉ်များ ဖော်ဆောင်လာကြ ပေတော့မည်။ လာလိုက်ပျက်လိုက်နှင့် ဖြစ်နေသော လျှပ်စစ်မီးနှင့်တွေ့ကြမည်။

နိုင်ငံတကာမြို့ကြီးများကို နိုင်ငံ တကာရုပ်ရှင်တွေမှာ မြင်တွေ့ကြရသည်။ ထိုးထိုးထောင်ထောင်နှင့် တိမ်တောင်ကို မေးတင်နေသည့် အဆောက်အအုံများကို တွေ့ကြရသည်။ ခေတ်မီဖွံ့ဖြိုးသောနိုင်ငံ တို့၏ ခေတ်မီမြို့ပြကြီးများကိုကြည့်ပြီး စာရေးသူတို့နိုင်ငံအနေနှင့် အားကျခဲ့ကြ ရသည်။ ယခုအခါ ကျွန်ုပ်တို့နိုင်ငံအနေ နှင့် ဒီမိုကရေစီခေတ်ဦး ဒုတိယအစိုးရ သက်တမ်းအတွင်း ထိုမြို့ပြစီမံကိန်းတို့ ကို အရေးတယူ အပူတပြင်းဖော်ဆောင် ဖို့ လုပ်နေကြပါသည်။

စက်မှုဇုန်များ ထပ်မံဖော်ဆောင် မည့် အစီအစဉ်များလည်း လျာထားနေ သည်ကိုတွေ့ရသည်။ စက်မှုဇုန်တွေ အလုပ်ရုံတွေ တည်ဆောက်ပြီး ကုန်ထုတ် လုပ်မှုတွေလုပ်ကြရမည်။ အပြောလွယ် သလောက် အလုပ်လွယ်ပါ့မလားဆိုသည့် က စောင့်ကြည့်ကြရုံသာရှိပါသည်။

ယခင်က ရန်ကုန်စက်မှုဇုန်တို့ ၏ ကုန်ထုပ်လုပ်မှုတွင် လျှပ်စစ်မီးလုံ လောက်အောင် မပေးနိုင်သဖြင့် ကိုယ် ပိုင်မီးစက်တို့နှင့် လည်ပတ်အလုပ်လုပ် ကြရသည်။ ထိုအခါ ထုတ်လုပ်မှုကုန်ကျ စရိတ်တို့ ထပ်တက်ခဲ့သည့်ဖြစ်စဉ်တို့ ရှိ ခဲ့သည်။ ထိုစဉ်အခါကလည်း စက်မှုဇုန် တို့ကို အလှည့်ကျလူနေရပ်ကွက်တို့ကို အဓိကပေးခဲ့သည်။ ဒါသည်လည်း မှန်ကန်သော နည်းလမ်းတော့မဟုတ်ခဲ့ပေ။

ကုန်ထုတ်လုပ်မှုအကြီးစားတွေ ကို ခဏထားပြီး တစ်ပိုင်တစ်နိုင်လုပ်ငန်း လေးတွေကိုပင် အဆင်ပြေအောင် မစွမ်း ဆောင်ပေးနိုင် မဖြည့်ဆည်းပေးနိုင်ခဲ့ သည်က လျှပ်စစ်မီးပင် ဖြစ်ပါသည်။

ခေတ်မီမြို့ပြများ၊ စက်မှုဇုန်များ ဖော်ဆောင်ကြသည်ကို ကြိုဆိုလက်ခံရ မည်သာ။ သို့ပါသော်လည်း စာအုပ်ထဲက ခေတ်မီမြို့ပြများ လူကြားကောင်းအောင် လုပ်နေသည့် စီမံကိန်းများ ပါတီစည်းရုံး ရေးအတွက် မဖြစ်ဖို့တော့လိုပါသည်။ ပြောချင်သည်က ရုပ်ပျက်ဆင်းပျက် စီမံကိန်းတို့မဖြစ်ဖို့ရန် အရေးကြီးပါသည်။

ဖုတ်ပူမီးတိုက်လုပ်တတ်သော စီမံကိန်းတို့ကြောင့် ပြည်သူ့ဘဏ္ဍာတို့ ဆုံးရှုံးခဲ့ပေါင်းမနည်းတော့ပါ။ မအောင် မမြင်ဖြစ်ကြသည့် စီမံကိန်းတို့ကြောင့် အချိန်ကုန် ငွေကုန်လုပ်အားတို့လေလွင့် ခဲ့ကြရသည်။

စာရေးသူတို့ နိုင်ငံအနေနှင့် လျှပ်စစ်မီးရရှိမှုကို အဓိကရှေ့တန်းတင် ပြောဆိုမှုကို အားရလောက်အောင်မတွေ့ ရပေ။ ဘယ်လိုမီတာတွေပြောင်းလဲတပ် ဆင်ပြီး မီတာခဘယ်လိုကောက်ခံမည် ဟုသာ ရှေ့တန်းတင်နေကြသည်။ စက်မှု ဇုန်နှင့် ကုန်ထုတ်လုပ်မှု၊ အထပ်မြင့်အိမ်ရာ များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လမ်း ဖွင့်ပေးပြီး လက်ကမ်းကြိုဆိုမည်ဆိုပါ လျှင် ၎င်းတို့လုပ်ကိုင်မည့်လုပ်ငန်းတို့ အတွက် လျှပ်စစ်မီးအလုံအလောက်မည် မျှပေးနိုင်မည်လဲ။ ဤသည်က အရေးပါ သည်။

အနည်းဆုံး အိမ်ထောင်စုပေါင်း များစွာနှင့် လုပ်ငန်းပေါင်းများစွာ ကုမ္ပဏီ ပေါင်းများစွာ Shopping Mall များစွာ ဖွင့်လှစ်ခဲ့ကြသည်။ ကိုယ်ပိုင်မီးစက်တို့ ကို လမ်းဘေးအများသူငါလျှောက်လမ်း အပေါ်တွင် နေရာယူပြီး မိမိလုပ်ငန်းမီး မပျက်စေရေး ကြိုးစားကြသည်။ ယခင် က အလှည့်ကျမီးပျက်မှုကြောင့် ၂၄ နာရီ လျှင် ၁၂ နာရီပျက် ၁၂ နာရီလာ မီးပေး ခဲ့သည်။ မီးများပျက်လျှင် မြို့နယ်ရပ်ကွက် အလိုက် မီးစက်များနှိုးပြီး အလုပ်လုပ် ကြရသည်။ မီးစက်သံတို့ သောသောညံ နေသည့် မြင်ကွင်း၊ မီးခိုးနံ့တို့ မှုန်မှိုင်း မွန်းကျပ်နေရသည့်မြင်ကွင်းတို့ကို စာရေး သူတို့ ခံစားခဲ့ကြရပြီးပြီဖြစ်သည်။

မီးများပျက်ပြီဆိုလျှင် မီးစက် နှိုးနိုင်လျှင်နှိုးပြီး အသုံးပြုကြသည်။ သာမန် လူတန်းစားတို့အတွက် အရေးပေါ်မီးနှင့် နေကြရသည်။ ထိုသို့မှအတတ်နိုင်လျှင် မှောင်ကြီးငုတ်တုတ်နေကြရသည်။ပထမ ဒီမိုကရေစီအစိုးရလက်ထက်တွင် ဖယောင်း တိုင်ထွန်း ဆန္ဒပြကြသည်အထိ အရုပ်ဆိုး ခဲ့ကြသည့် အနေအထားတို့ရှိခဲ့သည်။ ရန်ကုန်မြို့ကြီးသည် မှောင်ကြီးငုတ်တုတ် ဘ၀မှ ကျွတ်သင့်ပြီ။

လက်ရှိ ဒီမိုကရေစီ ဒုတိယ အစိုးရသက်တမ်းထိ ထိုလျှပ်စစ်မီးကိစ်္စ သည် အကောင်းမွန်ဆုံးဖြစ်မလာသေး ပေ။
လက်ရှိမြို့ပြ၏လူဦးရေကျပ် တည်းမှုအရလည်းကောင်း၊ ပြယုဂ်ကောင်း တစ်ခုအဖြစ်ဖော်ဆောင်ချင်လို၍လည်း ကောင်း အထပ်မြင့်အဆောက်အအုံတို့ ကို ဆောက်လုပ်လာကြသည်။ ကိုယ်ပိုင် မီးစက်ကြီးများ တပ်ဆင်ထားရှိကြသည်။ အစိုးရကပေးသော မီးအပေါ်အပြည့်အ၀ မယုံကြည်ရသေးသည့် သဘောတို့ဆောင် နေသည်။

မီးစက်မရှိ ဓာတ်လှေကားမရှိ သော (၈)လွှာအထပ်မြင့်အဆောက်အအုံ ကို နေ့စဉ် လေချွန်သံထွက်လောက် အောင် အတက်အဆင်းလုပ်နေကြရ သည့် အခြေအနေကို အများပြည်သူတို့ ကြုံတွေ့ခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။
လျှပ်စစ်မီးလိုအပ်ချက်ကို နိုင်ငံ ၏ စီးပွားရေးတောင့်တင်းမှုအပေါ်လိုက် ပြီး အခြေအနေကောင်းမှ ရလဒ်ကောင်း ဖြစ်ပေါ်မည်ကို သိကြသော်လည်း သဘာဝ မြစ်ချောင်း၊ ရေတံခွန်တို့ရှိသည်။ သဘာဝ တွင်းထွက်လောင်စာတွေရှိသည်။ ထို သည်တို့ကို တိုင်းပြည်အတွက် အသေ အချာအသုံးမချနိုင်ခဲ့ကြ၊ ပညာနှင့်မူဝါဒ တို့ ဘယ်သို့ရှိခဲ့ကြ၍ သူတစ်ပါးနိုင်ငံ တွေအလှမ်းတစ်ရာ၊ တစ်ထောင်မက လှမ်းခဲ့၍ ကျွန်ုပ်တို့ မျက်ခြေပျက်ခဲ့ကြ သည်။ ယခုအချိန်ထိ လူတစ်လုံး သူတစ် လုံး မဖြစ်သေးပေ။

ယခု ၂၀၁၈ မတ်လ၏ ဆယ် တန်းစာမေးပွဲများ ဖြေဆိုချိန်တွင် ကျောင်း သားနှင့် ကျောင်းသားမိဘတို့ လျှပ်စစ်မီးမပျက်ရေးကို စာမေးပွဲအောင်မြင်စေ ဖို့ ဆုတောင်းနှင့်အတူ ထည့်သွင်းဆု တောင်းနေကြရသည်က မြန်မာ့လျှပ်စစ် ၏ အရေးပါမှုပင် ဖြစ်သည်။

သူတစ်ပါးနိုင်ငံတို့တွင် မြို့ပြ ည၏အလှကို ကောင်းကင်ခရီးသွားစဉ် ကြုံတွေ့ရခဲ့သည်။ လျှပ်စစ်မီးတို့၏ အလင်း ပင်လယ်ပြင်ကြီးကို မျက်စိတစ်ဆုံးမြင် တွေ့ခဲ့ကြရသည်။

ယခုအခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ဥပဒေ၊ နည်းဥပဒေတို့ ရေးဆွဲပြဋ္ဌာန်း ၍ နိုင်ငံတကာရင်းနှီးမြှုပ်နှံလိုသူတို့ကို ဖိတ်ခေါ်နေပြီး အခြေခံလျှပ်စစ်မီး အပြည့်အ၀ရရှိမှုနှင့် အခြေခံအဆောက် အအုံတို့ အဆင့်သင့်ဖြစ်နေမှု မရှိသေးသည့် အခြေအနေတွင် ဘာတွေကိုဘယ်လောက် မျှော်မှန်းနေကြမည်နည်း။

လက်ရှိ အိမ်ခြံမြေတည်ဆောက် ရေးလုပ်ငန်းခွင် အမြင့်ဆုံးအထပ်ပမာဏ သည် ပျမ်းမျှ အထပ် ၃၀ ခန့်သာရှိပေ မည်။ ထိုကဲ့သို့ လူနေအဆောက်အအုံ ဟိုတယ်၊ အိမ်ရာအစရှိသည့် အဆောက် အအုံတို့ကို တည်ဆောက်လာသည်နှင့် အမျှ ယခင်လုံးချင်းအိမ်များကဲ့သို့ မီးမလာလည်း အရေးမကြီးဘူးဟု လုပ်၍မရ တော့ပါ။ ဆယ့်နှစ်ရာသီ မီးမပျက်အောင် လုပ်ကြရပေတော့မည်။ လေး၊ ငါးထပ် အဆောက်အအုံကိုပင်လျှင် ဖြစ်နိုင်လျှင် အတက်အဆင်းလွယ်ကူသည့်ကိရိယာ တို့ တပ်ဆင်ထားကြရပေတော့မည်။

မိုးထိအောင်လှေကားထောင် ပြီးတက်ဖို့ထက် ခေတ်စနစ်အရ အထပ် မြင့်အဆောက်အအုံရှိ အထပ်တိုင်းကို ရိုးရိုးလှေကားနှင့်တက်၍ ခရီးမတွင်တော့ ပါ။ လွယ်ကူသက်သာသော ဓာတ်လှေ ကားတို့ တပ်ဆင်နေပါပြီ။ စီးပွားရေး လမ်းအခွင့်တို့ တိုးတက်အဆင်ပြေနိုင် ကြဖို့ ကုန်ထုတ်လုပ်ရေး၊ ကုန်စည်ဖြန့် ဖြူးရေး ဆက်သွယ်ရေးစသည်ဖြင့် အိုင်တီ ခေတ်ကြီးတွင် အဓိကကျသော လျှပ်စစ် ကဏ္ဍကို ပြည့်စုံလုံလောက်မှုမရှိသေးပါ လျှင် ဘာဆောင်ပုဒ်တွေနှင့် ဘယ်လောက် ပဲ ကုန်းအော်အော် အ၀ှာပဲထွက်ကျလာ ဖို့ရှိပေသည်။ ထို့ကြောင့် လျှပ်စစ်မီးမရ လျှင် အလုပ်မဖြစ်သောခေတ်တွင် လျှပ်စစ်မီးကို အလုံအလောက်ရရှိနိုင်အောင် ကြိုးစားကြည့်ကြပါဦးဟူ၍သာ...။

ဘိုးသာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
နေရေးထိုင်ရေး စီးပွားရေးနှင့် လျှပ်စစ်စွမ်းအင်အလုံအလောက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service