ရန်ကုန်မြစ်ရဲ့ အရှေ့ဘက်မှာ ရှေးဟောင်းမြို့တော်ရှိနေမှာ ၊ အနောက်မှာတော့ အထူးစီးပွားရေးဇုန် မြို့သစ်ကြီး

ရန်ကုန်မြစ်ရဲ့ အရှေ့ဘက်မှာ ရှေးဟောင်းမြို့တော်ရှိနေမှာ ၊ အနောက်မှာတော့ အထူးစီးပွားရေးဇုန် မြို့သစ်ကြီး - Property News in Myanmar from iMyanmarHouse.com
30 Mar 2018 1:00 pm တွင် တင်ခဲ့သည်
15076 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၈ ခုနှစ်ကတော့ ထူးခြားတဲ့ နှစ်တစ်နှစ်လို့ ဆိုရပါမယ် ။ ဘာကြောင့်လည်းဆိုတော့ စာရေးသူလက်ရှိနေတဲ့ ရန်ကုန်မြို့ ၊ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ခြမ်း (ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်း ) တစ်ခုလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တော့မှာ ဖြစ်လို့ပါဘဲ ။ဒီလို ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်သွားပြီးဆိုရင် ရန်ကုန်မြစ်ရဲ့ အရှေ့ဘက်မှာ ကျန်ခဲ့တဲ့ ရန်ကုန်ကြီးကတော့ ရှေးဟောင်အမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ စီးပွားရေးမြို့ကြီး ဖြစ်လာတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စီးပွားရေး လုပ်ငန်းတွေ ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ ရန်ကုန်မြို့ရဲ့ အနောက်ဘက်ကမ်းမှာ ရင်းနှီးမြုပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ Smart Cit နဲ့ အထူးစီးပွားရေးဇုန်ကြီး ဖြစ်ပေါ်လာဖို့အတွက် ရန်ကုန်မြို့သစ်စီမံကိန်းကြီးကို တည်ဆောက်သွားတော့မှာ ဖြစ်ပါတယ်။

အဲဒီလို ရန်ကုန်မြို့သစ် စီမံကိန်းကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပို့ဆောင်ဆက်သွယ်ရေး ၊ ရေကြောင်းပို့ဆောင်ရေး ၊ ရထားပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓါတ်အားလိုအပ်ချက်များဖြည့်ဆည်းနိုင်ဖို့ စီးပွားရေးလုပ်ငန်းများ အနေနဲ့ လာရောက် ရင်းနှီးမြုပ်နှံဖို့ လိုအပ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရန်မှာ ရန်ကုန်မြို့ကို အခြေပြုရင်းနှီးမြုပ်နှံဖို့ လိုအပ်တယ်လို့ သိရပါတယ်။

+++ အခွင့်အလမ်းတွေများစွာ လိုအပ်နေတဲ့ နိုင်ငံ+++

မြန်မာနိုင်ငံမှာ အိမ်ခြံမြေလုပ်ငန်းအတွက် ရင်းနှီးမြုပ်နှံမှုလုပ်လိုသူတွေများစွာရှိပါတယ်။ အိမ်ခန်းတွေလိုချင်တဲ့သူတွေ ရာနဲ့ချီ ၊ ထောင်နဲ့ချီ သိန်းနဲ့ချီပြီးတော့ ရှိနေပါတယ်။ ရာနဲ့ချီဆိုတာ အဆင့်မြင့် အိမ်ရာမှာ နေထိုင်လိုသူတွေရှိနိုင်ပါတယ်။ ထောင်နဲ့ချီဆိုတာ အလယ်အလတ်နေချင်သူအတွက် ရှိနေပါတယ်။ သိန်းနဲ့ချီတဲ့ အခြေခံလူတန်းစားတွေ အတွက် နေထိုင်ရာ အခွင့်အလမ်းတွေ များစွာလိုအပ်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

+++ စီးပွားရေး ရင်းနှီးမြုပ်နှံကြသူများအတွက် အခွင့်အလမ်းကောင်းများစွာရှိတဲ့ မြန်မာနိုင်ငံ +++

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံပါက လွယ်ကူချောမွေ့ပြီး အာမခံရှိစေနိုင်တဲ့ ဥပဒေ ၊ နည်းဥပဒေတွေနဲ့ အညီ ကာကွယ်ပေးနိုင်ရေးအတွက်ပြုပြင်ပြောင်းလဲမှုများကိုလည်း စတင်ဆောင်ရွက်လျက်ရှိနေပါတယ် ။ လက်ရှိ အခြေအနေမှာလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေကိုလည်း ပြုပြင်ပြီးဖြစ်ပါတယ်။ ဒါကြောင့် ရင်းနှီးမြုပ်နှံကြသူတွေအတွက် အခွင့်အလမ်းကောင်းများစွာ ရှိနေကြောင်း သိရပါတယ်။

+++ ရန်ကုန်မြစ်အနောက်ဘက်ကမ်းမှာ ဖွံ့ဖြိုးလာတော့မယ်နှစ် +++

၂၀၁၈ ခုနှစ်က စတင်လို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရန်ကုန်မြစ်အနောက်ဘက်ကမ်းဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ် ။ ဒါအပြင် ပို့ဆောင်ဆက်သွယ်ရေး အနေနဲ့လည်း အခွင့်အလမ်းများစွာရှိနေပါတယ်လို့ သိရပါတယ်။

+++ ရေမြောင်းပို့ဆောင်ရေးနဲ့ ရထားပို့ဆောင်ရေးမှာ ရင်းနှီးမြုပ်နှံကြပေါ့ +++

ရေလမ်းခရီးမှာလည်း ကျယ်ဝန်းသောဧရိယာများစွာရှိနေကာ မြန်မာတစ်နိုင်ငံလုံးသို့ ရေလမ်းခရီး Net Work တစ်ခုနဲ့ ချိတ်ဆက်ထားတာဖြစ်လို့ ရေကြောင်းပို့ဆောင်ရေးအတွက် ရင်းနှီးမြှုပ်နှံဖို့အတွက် အခွင့်အလမ်းရှိနေပါတယ် ။ထို့အတူပဲ ရထားလမ်း Net Work တစ်ခုလုံးအတွက်လည်း ရင်းနှီးမြုပ်နှံနိုင်တဲ့ အခွင့်အလမ်းများရှိနေတယ်လို့ သိရပါတယ်။

+++ Smart City နဲ့ အထူးစီးပွားရေးဇုန်ဖြစ်လာတော့မယ့် ၊ ရန်ကုန်မြို့သစ်စီမံကိန်းကြီး +++

ဒါကြောင့် အခြေခံအဆောက်အဦး ကဏ္ဍမှာ အရေးကြီးသော နှစ်ဖြစ်ပါတယ် ။ ၂၀၁၈ ခုနှစ်အတွင်းမှာ ရန်ကုန်မြို့သစ်စီမံကိန်း အထူးစီးပွားရေဇုန်ကြီးတွေ တည်ဆောက်သွားမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်းဟာ ပိုမိုဖွံ့ဖြိုးတိုးတက်တဲ့ Smart City ကြီးတစ်ခုအနေနဲ့ အထူးစီးပွားရေးဇုန် ဧရိယာကြီးတစ်ခုအနေနဲ့ ပေါ်ထွန်းလာမှာ ဖြစ်ပါတယ် ။
ရှေးဟောင်းအမွေအနှစ်တွေနဲ့ စီးပွားရေးမြို့ ဖြစ်နေမယ့် ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ကမ်းရန်ကုန်မြို့ရဲ့ အရှေ့ဘက်ကမ်းကတော့ ရှေးဟောင်းအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ်စီးပွားရေး မြို့အဖြစ် ကျန်ရှိနေနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက် သွားမယ်လို့ သိရပါတယ်။

+++ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ပို့ဆောင်ဆက်သွယ်ရေးမှာ ရင်းနှီးမြုပ်နှံကြစို့ +++

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ သယ်ယူပို့ဆောင်ထောက့်ပံရေး နယ်ပယ်တစ်ခုဖြစ်တဲ့ ကားလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက် လည်း ဆောက်လုပ်ရေးဝန်ကြီးအနေနဲ့ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အချိန်လည်းဖြစ်ပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးဆုံး ကဏ္ဍ တစ်ခုဖြစ်တဲ့ ပို့ဆောက်ဆက်သွယ်ရေးမှားလည် ရင်းနှီးမြုပ်နှံဖို့အခွင့်အလမ်းကောင်းတွေများစွာ ရှိနေတယ်လို့ သိရပါတယ်။

+++ လျှပ်စစ်ဓါတ်အားလိုအပ်ချက် ရန်ကုန်မြစ်အနောက်ဘက်ကမ်းဖွံ့ဖြိုးတိုးတက်ဖို့လို +++

မြန်မာနိုင်ငံမှာ လျှပ်စစ်လိုအပ်ချက်ကလည်း များစွာ ရှိနေသလို ရန်ကုန်မြစ် အနောက်ဘက်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများဆောင်ရွက်နိုင်ပါက ရန်ကုန်တိုင်းဒေသကြီးရဲ့ လျှပ်စစ်ဓါတ်အားလိုအပ်ချက်မှာ လက်ရှိ အသုံးပြုနေတာထက် နှစ်ဆပိုလာမှာ ဖြစ်တယ်လို့ သိရပါတယ်။

+++ မြန်မာတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ဖို့ ရန်ကုန်မြို့ကို အခြေပြုကြစို့+++

နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဆက်သွယ်ရေးကဏ္ဍမှာ လည်း ရင်းနှီးမြုပ်နှံချင်သူတွေ အများအပြာရှိနေတဲ့အတွက် ရန်ကုန်မြို့ကို အခြေပြုကာ မြန်မာတစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အဦး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်မှာ အားလုံးပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းများရှိနေတယ်လို့ သိရပါတယ်။
ဒီအခွင့်အလမ်းတွေဟာ စီးပွားရေးလုပ်ငန်းရင်းနှီးမြုပ်နှံလိုသူတွေအတွက် အခွင့်အလမ်းကောင်းတွေဖြစ်ပါတယ် လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က Sule Shangri-La Hotel မှာ (၂၀၁၃-၂၀၁၈ )နေ့က ကျင်းပပြုလုပ်တဲ့ Myanmar Infrastructure Summit 2018 မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီအချက်တွေဟာ အိမ်ခြံမြေအရောင်းအဝယ်လုပ်ကိုင်နေကြသူများအဖို့ အထူးသိထားသင့်လို့ ဝန်ကြီးချုပ်ရဲ့ ပြောစကားတွေကို ရည်ညွှန်ပြီး တန်ဆာဆင်လို့ ဖော်ပြလိုက်ရခြင်း ဖြစ်ကြောင်းပါခင်ဗျာ ။။။

နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေ

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...
ဟင်နရီ ဇီးဂလန်းဆိုသူကို ၎င်း၏ ယောက်ဖက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံရာ လွဲချော်သွားပြီး သစ်ပင်ထဲ ကျည်ဝင်သွားခဲ့၊ နှစ် ၂၀ အကြာတွင် ဇီးဂလန်းက သစ်ပင်ကို ဒိုင်းနမိုက်ဖြင့် ခွဲကာ လှဲခဲ့ရာ ကျည်ပြန်ထွက်လာပြီး နဖူးမှန်ကာ သေဆုံးခဲ့ရ...

အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
အဆိပ်တွေကို စားပြီး ရွှေတွေ မစင်စွန့်တဲ့ ရှားပါးဘက်တီးရီးယားတစ်မျိုး သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...
Coke တစ်ဘူးသောက်တိုင်း ၁၂ မိနစ် အသက်တိုသွားကြောင်း မီချီဂန်တက္ကသိုလ်မှ သိပ္ပံပညာရှင်များ တွေ့ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service