ဇေကမ္ဘာ ကုမ္ပဏီမှ ပြင်ဆင်လုပ်ဆောင်လျက်ရှိသော YANGON MINGALARDON GRAND BAZAAR စီမံကိန်း

ဇေကမ္ဘာ ကုမ္ပဏီမှ ပြင်ဆင်လုပ်ဆောင်လျက်ရှိသော YANGON MINGALARDON GRAND BAZAAR စီမံကိန်း - Property News in Myanmar from iMyanmarHouse.com
21 Feb 2018 11:59 am တွင် တင်ခဲ့သည်
6624 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တော်အတွင်း ကုန်ပစ္စည်းများကို တစ်နေရာတည်းတွင် အစုံအလင်ဝယ်ယူရရှိ နိုင်မည့် Yangon Mingalardon Grand Bazaar ကို ၂၀၁၈ ခုနှစ်အတွင်းမင်္ဂလာဒုံ ဥယျာဉ်မြို့တော်အတွင်းရှိ စီမံကိန်းမြေနေရာ၌ ဆောက်လုပ်ရန် ဇေကမ္ဘာကုမ္ပဏီက ပြင်ဆင် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်

ရန်ကုန်မြို့တွင်းမှ ပြည်သူများ အလွယ်တကူလာရောက် ဈေးဝယ် နေထိုင်နိုင်ရန် လိုအပ်သည့်အဆောက်အအုံ များကိုပါ ထည့်သွင်းဆောက်လုပ်မည်ဖြစ် သည်။

ရန်ကုန်-မန္တလေး အမှတ်(၃)လမ်းမကြီး နံဘေးရှိ ၁၂၄ ဧကကျယ်ဝန်းသည့်မြေပေါ် တွင် ဆောက်လုပ်မည်ဖြစ်သည်။ ၁၉၉၇ ခုနှစ် တွင် လန--၃၉ ရရှိခဲ့ပြီး ၂၀ဝ၇ ခုနှစ်တွင်မြို့ ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန(ယခုမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန)မှ နှစ် ၆ဝ မြေငှား ဂရန်ထုတ်ပေးထားပြီးဖြစ်သည့် မြေနေရာလည်း ဖြစ်သည်။

လူနေအိမ်များ၊ ဈေးများ၊ ရုံးခန်းများ၊ ကျောင်းများ၊ ဆေးရုံများနှင့် အခြေခံအဆောက်အအုံများကိုပါ ထည့်သွင်းတည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

စီမံကိန်းကာလ ငါးနှစ်ခန့် ကြာမြင့်နိုင်မည်ဖြစ်ပြီး မြို့တော်ဖွံ့ဖြိုးတိုးတက် ရေးနှင့်အများပြည်သူ အလုပ်အကိုင်ရရှိရေး စသည့် အကျိုးရလဒ်များ ထွက်ပေါ်လာနိုင် မည့်စီမံကိန်းလည်းဖြစ်သည်။

နိုင်ငံတော်က သွားလာရေးလွယ်ကူ အဆင် ပြေစေရန်အတွက် ရန်ကုန်မြို့လယ်မှ မြို့ပြင် သို့သွယ်တန်းဆောက်လုပ်ရန်စီစဉ်ထားသည့် Elevated High way ၏အစပိုင်းဖြစ်သည့် မင်္ဂလာဒုံဥယျာဉ်မြို့တော်အတွင်း၌ ဆောက် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Credit :The Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လှိုင်သာယာရှိ စည်ပင်မြေ ၃ ဧကကျော်တွင် အဆောက်အဦးသစ်များတည်ဆောက်ရန် ဖိတ်ခေါ်နေ

အမေရိကန်ပြည်၊ ဖလော်ရီဒါရှိ လှပထည်ဝါခမ်းနားလှသော ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ဝယ်လက်တစ်ဦးက ကန်ဒေါ်လာ သန်း ၄၀ ဖြင့် စံချိန်တင်ဈေးနှုန်းပေးကာ ဝယ်ယူပြီးနောက် စံအိမ်ကို ဖြိုချရန် စီစဉ်...

နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် နှစ်ပေါင်း (၆၀) ခန့် စွန့်ပစ်ခံထားရ...

အဆင့်မြင့်တာမွေဈေး ယခုလအတွင်း ပန္နက်တင် တည်ဆောက်မည်

ရန်ကုန်နှင့် မန္တလေးတွင် မီးပျက်ခြင်းကြောင့် ဘန်ကောက်ရှိကွန်ဒိုခန်းများ အဝယ်များနေ

နေပြည်တော်တွင် သိန်းတစ်ထောင်ဝန်းကျင် အိမ်ခြံမြေ အရောင်းအဝယ်ကောင်းနေ

အွန်လိုင်းမှ ဖိနပ်ရောင်းရသည့်ဘဝမှ အသက် ၁၉ နှစ်အရွယ်တွင် ဝန်ထမ်းပေါင်း ၂၀၀ ကို အလုပ်ခန့်ထားနိုင်သည့် သူဌေးဖြစ်လာသော မလေးရှားနိုင်ငံသား လူငယ်...

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ ယခုနှစ်အတွင်း အခန်းပေါင်း ၁၉၀၀ ကျော် အငှားချပေးမည်

ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချမ်းသာကြွယ်ဝသူတို့၏ ငွေကြေးစီမံခန့်ခွဲပုံ (သို့) ဘီလ်ဂိတ်က ဇနီးလောင်း မီလင်ဒါ အတွက် စေ့စပ်လက်စွပ် ဝယ်ရာတွင် Warren Buff

အပြာနုရောင် ရေပြာအိုင်နောက်ခံထား အပန်းဖြေစရာ ပေါများလှတဲ့ ငါးလိပ်ကျောက်လေးများချစ်စဖွယ် ကျက်စားရာ Caye Caulker ကျွန်းငယ်

သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ

အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖ

စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး

အဆောက်အအုံအတွက် အိမ်ရာချေးငွေလျှောက်ထားရာတွင်တင်ပြရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

ဈေးကွက်အတွင်း တိုက်ခန်းနှင့်ကွန်ဒိုဈေးများ ဈေးတက်လာနိုင်

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

mya-villa
kt

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service