အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ

အိန္ဒိယတွင် အမွေခွန် ကောက်ခံရန် စီစဉ်နေပြီး အမှန်တကယ် အကောင်အထည်ဖော်လာပါက အိန္ဒိယ၏ အချမ်းသာဆုံးသူဌေးကြီးများဖြစ်သော မူကက်ရှ် အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ ဒူဘိုင်းသို့ ပြောင်းရွှေ့ နေထိုင်ဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
15 May 2024 10:41 am တွင် တင်ခဲ့သည်
452 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နိုင်ငံရေးဘောဂဗေဒပညာရှင် ၊ စာရေးဆရာ Gautam Sen က ပြောသည်မှာ အိန္ဒိယတွင် အမွေခွန် ကောက်ခံမည့် စိတ်ကူးသည် အမ်ဘာနီမိသားစု၊ အဒါနီမိသားစုတို့အပါအဝင် အိန္ဒိယ၏ ထိပ်တန်းသူဌေးကြီးများကို ဒူဘိုင်းကဲ့သို့သော နေရာများသို့ ရွှေ့ပြောင်းအခြေချသွားစေနိုင်ကြောင်း ပြောသည်။

(အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက အိန္ဒိယ၏ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်သော Reliance Industries ၏ ဥက္ကဌ မူကက်ရှ် အမ်ဘာနီ၊ Tata Group ၏ အကြီးအကဲ ရာတန် တာတာ၊ Mahindra Group ၏ ဥက္ကဌ အာနန် မဟိန္ဒြ၊ Adani Group ၏ ဥက္ကဌ ဂေါသမ်း အဒါနီတို့နှင့် နယူးဒေလီမြို့တွင် တွေ့ဆုံခဲ့ပုံ။ ဓာတ်ပုံ-ANI Photo)

အမ်ဘာနီ၊ အဒါနီနှင့် တာတာတို့ကဲ့သို့ အိန္ဒိယမှ သူဌေးကြီးများသည် အခွန်ကင်းလွတ်ခွင့်ရရန် အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားပါက အိန္ဒိယအတွက် ကြီးမားသော ဓနဆုံးရှုံးမှုဖြစ်ပေါ်နိုင်ကြောင်းလည်း Gautam Sen က ရှင်းပြသည်။

Gautam Sen သည် London School of Economics တက္ကသိုလ်မှ အငြိမ်းစားယူထားသူဖြစ်ပြီး Indo-UK Roundtable မှ အဖွဲ့ဝင်ဟောင်းဖြစ်ကာ UNDP တွင် အကြီးတန်းအကြံပေးပုဂ္ဂိုလ်လည်း ဖြစ်သည်။

အိန္ဒိယတွင် အမွေခွန်ကောက်ခံရန် အဆိုပြု စီစဉ်နေမှုအပေါ် Gautam Sen က သူ၏ အမြင်ကို ထုတ်ဖော်ပြောကြားလာခြင်းလည်း ဖြစ်သည်။

Gautam Sen က အမေရိကန်ပြည်ထောင်စုနှင့် နှိုင်းယှဉ်သုံးသပ်ခြင်း၊ အမွေခွန်ကြောင့် အိန္ဒိယ စီးပွားရေးနှင့် လုံခြုံရေးအပေါ် သက်ရောက်လာဖွယ်ရှိသည်များကိုလည်း သုံးသပ်ပြခဲ့သည်။

“အမ်ဘာနီ၊ အဒါနီ၊ မဟိန္ဒြနဲ့ တာတာတို့လို အလွန်ချမ်းသာကြွယ်ဝသူတွေ၊ အလွန်ချမ်းသာတဲ့အဆင့်အတန်း အောက်က ဘီလျံနာအဆင့်တွေဟာ အိန္ဒိယကနေ ဒူဘိုင်းကို ရွှေ့ပြောင်းသွားကြပါလိမ့်မယ်။”

“ တကယ်တော့ အိန္ဒိယက သန်းကြွယ်သူဌေး ၇၀ ရာခိုင်နှုန်းလောက်ဟာ ဒူဘိုင်းကို ပြောင်းသွားခဲ့ကြပါပြီ။ ဘာကြောင့်လည်း ဆိုတော့ ဒူဘိုင်းမှာက ဝင်ငွေခွန်မရှိဘူး။ သူတို့ဟာ သူတို့ရဲ့ လုပ်ငန်းတွေကို ယူအေအီးမှာ ပြန်ပြီး မှတ်ပုံတင်ကြပါလိမ့်မယ်။ အိန္ဒိယအစိုးရအနေနဲ့ သူတို့ဆီကနေ လုပ်ငန်းခွန်ပဲ ကောက်လို့ရတော့မှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ လုပ်ငန်းတွေကတော့ အိန္ဒိယမှာ ဆက်ရှိနေမှာဖြစ်တာကြောင့်ပါ” ဟု Gautam Sen က ပြောသည်။

“  ဒါကြောင့် အိန္ဒိယအတွက် ကြီးမားတဲ့ ဓနဆုံးရှုံးမှုကြီး ကြုံရပါလိမ့်မယ်။ တခြားတိုင်းပြည်တွေကို လေ့လာကြည့်မယ်ဆိုရင် ဆွီဒင်ဟာ အမွေခွန် အလွန်ကြီးမားစွာ ကောက်ခံခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဆွီဒင်ဟာ ကမ္ဘာ့သမိုင်းမှာ အခွန်အမြင့်မားဆုံးနိုင်ငံတွေထဲမှာ ပါပါတယ်။ ဒါပေမယ့် ချမ်းသာကြွယ်ဝတဲ့ သူဌေးတွေ တိုင်းပြည်ကနေ ထွက်ကုန်ကြတာကြောင့် နောက်ပိုင်းမှာ အမွေခွန်ကို ရုပ်သိမ်းခဲ့တယ်။ ဥပမာအားဖြင့် IKEA ရဲ့ ပိုင်ရှင် ဟာ ဆွီဒင်ကနေ ထွက်ခွာသွားခဲ့တာ တွေ့ရမှာပါ” ဟု Gautam Sen က ပြောသည်။

“ အမွေခွန်ကို ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဘာတွေ့ရလဲဆိုတော့ ချမ်းသာကြွယ်ဝသူတွေအများကြီး ဆွီဒင်ကို ပြန်ရောက်လာတာ တွေ့ရပါတယ်။ ဒါကြောင့် စီးပွားရေး ပိုမိုဖွံ့ဖြိုးလာပြီး အကောက်ခွန်တွေလည်း ပိုရလာပါတယ်။ အကောက်ခွန်တွေပိုရလာတာကြောင့် ဆွီဒင်က နွမ်းပါးတဲ့သူတွေအတွက် ထောက်ပံ့ငွေ ပိုသုံးနိုင် လာတယ်။ ဒါကြောင့် အမွေခွန်မရှိတာဟာ ဆွီဒင်က သာမန်လူတန်းစားတွေအတွက် ပိုပြီးအကျိုးရှိစေပါတယ်။”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ambani, Adani, Tata will move to Dubai if India imposes inheritance tax' (rediff)

Photo Credit: ANI Photo

[Zawgyi]

အိႏိၵယတြင္ အေမြခြန္ ေကာက္ခံရန္ စီစဥ္ေနျပီး အမွန္တကယ္ အေကာင္အထည္ေဖာ္လာပါက အိႏိၵယ၏ အခ်မ္းသာဆံုးသူေဌးၾကီးမ်ားျဖစ္ေသာ မူကက္ရွ္ အမ္ဘာနီ၊ အဒါနီႏွင့္ တာတာတုိ႔ ဒူဘိုင္းသို႔ ေျပာင္းေရႊ႕ ေနထုိင္ဖြယ္ရွိ

ႏိုင္ငံေရးေဘာဂေဗဒပညာရွင္ ၊ စာေရးဆရာ Gautam Sen က ေျပာသည္မွာ အိႏိၵယတြင္ အေမြခြန္ ေကာက္ခံ မည့္ စိတ္ကူးသည္ အမ္ဘာနီမိသားစု၊ အဒါနီမိသားစုတို႔အပါအဝင္ အိႏိၵယ၏ ထိပ္တန္းသူေဌးၾကီးမ်ားကို ဒူဘိုင္းကဲ့သို႔ေသာ ေနရာမ်ားသို႔ ေရႊ႕ေျပာင္းအေျခခ်သြားေစႏိုင္ေၾကာင္း ေျပာသည္။

(အိႏိၵယဝန္ၾကီးခ်ဳပ္ နာရန္ဒရာ မိုဒီက အိႏိၵယ၏ ထိပ္သီးစီးပြားေရးလုပ္ငန္းရွင္ၾကီးမ်ားျဖစ္ေသာ Reliance Industries ၏ ဥကၠဌ မူကက္ရွ္ အမ္ဘာနီ၊ Tata Group ၏ အၾကီးအကဲ ရာတန္ တာတာ၊ Mahindra Group ၏ ဥကၠဌ အာနန္ မဟိျႏၵ၊ Adani Group ၏ ဥကၠဌ ေဂါသမ္း အဒါနီတို႔ႏွင့္ နယူးေဒလီျမိဳ႕တြင္ ေတြ႔ဆံုခဲ့ပံု။ ဓာတ္ပံု-ANI Photo)

အမ္ဘာနီ၊ အဒါနီႏွင့္ တာတာတို႔ကဲ့သို႔ အိႏိၵယမွ သူေဌးၾကီးမ်ားသည္ အခြန္ကင္းလြတ္ခြင့္ရရန္ အျခားႏိုင္ငံ မ်ားသို႔ ေျပာင္းေရႊ႕သြားပါက အိႏိၵယအတြက္ ၾကီးမားေသာ ဓနဆံုးရံႈးမႈျဖစ္ေပၚႏိုင္ေၾကာင္းလည္း Gautam Sen က ရွင္းျပသည္။

Gautam Sen သည္ London School of Economics တကၠသိုလ္မွ အျငိမ္းစားယူထားသူျဖစ္ျပီး Indo-UK Roundtable မွ အဖြဲ႔ဝင္ေဟာင္းျဖစ္ကာ UNDP တြင္ အၾကီးတန္းအၾကံေပးပုဂၢိဳလ္လည္း ျဖစ္သည္။

အိႏိၵယတြင္ အေမြခြန္ေကာက္ခံရန္ အဆိုျပဳ စီစဥ္ေနမႈအေပၚ Gautam Sen က သူ၏ အျမင္ကို ထုတ္ေဖာ္ ေျပာၾကားလာျခင္းလည္း ျဖစ္သည္။

Gautam Sen က အေမရိကန္ျပည္ေထာင္စုႏွင့္ ႏႈိင္းယွဥ္သံုးသပ္ျခင္း၊ အေမြခြန္ေၾကာင့္ အိႏိၵယ စီးပြားေရးႏွင့္ လံုျခံဳေရးအေပၚ သက္ေရာက္လာဖြယ္ရွိသည္မ်ားကိုလည္း သံုးသပ္ျပခဲ့သည္။

“အမ္ဘာနီ၊ အဒါနီ၊ မဟိျႏၵနဲ႔ တာတာတုိ႔လို အလြန္ခ်မ္းသာၾကြယ္ဝသူေတြ၊ အလြန္ခ်မ္းသာတဲ့အဆင့္အတန္း ေအာက္က ဘီလ်ံနာအဆင့္ေတြဟာ အိႏိၵယကေန ဒူဘိုင္းကို ေရႊ႕ေျပာင္းသြားၾကပါလိမ့္မယ္။”

“တကယ္ေတာ့ အိႏိၵယက သန္းၾကြယ္သူေဌး ၇၀ ရာခိုင္ႏႈန္းေလာက္ဟာ ဒူဘုိင္းကို ေျပာင္းသြားခဲ့ၾကပါျပီ။ ဘာေၾကာင့္လည္း ဆိုေတာ့ ဒူဘုိင္းမွာက ဝင္ေငြခြန္မရွိဘူး။ သူတို႔ဟာ သူတုိ႔ရဲ႕ လုပ္ငန္းေတြကို ယူေအအီးမွာ ျပန္ျပီး မွတ္ပံုတင္ၾကပါလိမ့္မယ္။ အိႏိၵယအစိုးရအေနနဲ႔ သူတို႔ဆီကေန လုပ္ငန္းခြန္ပဲ ေကာက္လုိ႔ရေတာ့မွာ ျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတု႔ိရဲ႕ လုပ္ငန္းေတြကေတာ့ အိႏိၵယမွာ ဆက္ရွိေနမွာျဖစ္တာေၾကာင့္ပါ” ဟု Gautam Sen က ေျပာသည္။

“ဒါေၾကာင့္ အိႏိၵယအတြက္ ၾကီးမားတဲ့ ဓနဆံုးရံႈးမႈၾကီး ၾကံဳရပါလိမ့္မယ္။ တျခားတိုင္းျပည္ေတြကို ေလ့လာ ၾကည့္မယ္ဆိုရင္ ဆီြဒင္ဟာ အေမြခြန္ အလြန္ၾကီးမားစြာ ေကာက္ခံခဲ့တဲ့ႏိုင္ငံျဖစ္ပါတယ္။ ဆြီဒင္ဟာ ကမၻာ့ သမိုင္းမွာ အခြန္အျမင့္မားဆံုးႏိုင္ငံေတြထဲမွာ ပါပါတယ္။ ဒါေပမယ့္ ခ်မ္းသာၾကြယ္ဝတဲ့ သူေဌးေတြ တိုင္းျပည္ ကေန ထြက္ကုန္ၾကတာေၾကာင့္ ေနာက္ပိုင္းမွာ အေမြခြန္ကို ရုပ္သိမ္းခဲ့တယ္။ ဥပမာအားျဖင့္ IKEA ရဲ႕ ပိုင္ရွင္ ဟာ ဆီြဒင္ကေန ထြက္ခြာသြားခဲ့တာ ေတြ႔ရမွာပါ” ဟု Gautam Sen က ေျပာသည္။

“အေမြခြန္ကို ရုပ္သိမ္းလိုက္ျပီးတဲ့ေနာက္ ဘာေတြ႔ရလဲဆိုေတာ့ ခ်မ္းသာၾကြယ္ဝသူေတြအမ်ားၾကီး ဆြီဒင္ကို ျပန္ေရာက္လာတာ ေတြ႔ရပါတယ္။ ဒါေၾကာင့္ စီးပြားေရး ပိုမိုဖြံ႔ျဖိဳးလာျပီး အေကာက္ခြန္ေတြလည္း ပိုရလာ ပါတယ္။ အေကာက္ခြန္ေတြပိုရလာတာေၾကာင့္ ဆြီဒင္က ႏြမ္းပါးတဲ့သူေတြအတြက္ ေထာက္ပံ့ေငြ ပိုသံုးႏိုင္ လာတယ္။ ဒါေၾကာင့္ အေမြခြန္မရွိတာဟာ ဆြီဒင္က သာမန္လူတန္းစားေတြအတြက္ ပိုျပီးအက်ဳိးရွိေစပါတယ္။”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ambani, Adani, Tata will move to Dubai if India imposes inheritance tax' (rediff)

Photo Credit: ANI Photo

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများ ဝင်ရောက်လာ
မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်
မြင့်မြင့်မားမား တွေးတောကြံစည်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့်...
ကမ္ဘာ့ပျင်းရိငြီးငွေ့ဖွယ် အကောင်းဆုံးလမ်း (သို့) လမ်းကွေး တစ်နေရာမျှပင်မပါဘဲ ၁၄၉ မိုင် တဖြောင့်တည်း ဖောက်လုပ်ထားသော ကမ္ဘာ့အရှည်လျားဆုံး လမ်းဖြောင့်...
Beatles အဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် ဂျွန်လင်နွန်၏ ကျန်ရစ်သူဇနီး ယိုကို အိုနိုက နှစ်ဦးအတူ နေထိုင်ခဲ့သော နယူးယောက်မြို့မှ အိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်လာ...
Beatles အဖွဲ့ကြီးမှ ရှေ့ထွက်အဆိုတော် ဂျွန်လင်နွန်၏ ကျန်ရစ်သူဇနီး ယိုကို အိုနိုက နှစ်ဦးအတူ နေထိုင်ခဲ့သော နယူးယောက်မြို့မှ အိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် ရောင်းချရန် စီစဉ်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ခြံဝန်းအတွင်း လှေတစ်စင်းထားသော အမျိုးသားကို မြို့အုပ်ချုပ်ရေးအဖွဲ့က လှေကို အခြားသူများ မမြင်ရစေရေးအတွက် ၆ ပေမြင့်သော ခြံစည်းရိုးကာရန် အမိန့်ထုတ်ခဲ့ရာ ခြံစည်းရိုးကာပြီးနောက် ပန်းချီဆရာတစ်ဦး ...

ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာသုံးခုအတွက် တင်ဒါခေါ်နေ
ဆောက်လုပ်ရေးဝန်ကြီးဌာနက အိမ်ရာသုံးခုအတွက် တင်ဒါခေါ်နေ
အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်...
အင်္ဂလန်ကမ်းလွန်ပင်လယ်ပြင်ရှိ စစ်ဘက်ခံတပ်ဟောင်း ၂ ခု လေလံတင်ရောင်းချရန် စီစဉ်ထားရာ လုံခြုံရေး ကောင်းမွန်သည့်နေအိမ် ရှာဖွေနေသူများအတွက် အထူးသင့်တော်...
အမေရိကန်ပြည်တွင် ရထားလမ်း၊ ဘူတာရုံ၊ တံတားများ၊ ခုံးကျော်များ၊ တောင်တန်းများ၊ မြို့များ၊ ကျေးရွာများ ပုံစံငယ်ပြုလုပ်ထားသည့် မြေအောက်ခန်းကြီးပါဝင်သော စတုရန်းပေ ၂၀၀၀၀ ကျော် ကျယ်ဝန်းသည့် စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၃,၂၉၅,၀၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...

အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
အီရန် အိမ်ရှေ့မင်းသား ရီဇာ ပါလဗီက အမေရိကန်ပြည်၊ မေရီလန်းပြည်နယ်ရှိ သူ၏ တော်ဝင်စံအိမ်တော်ကို ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းဖြင့် အရောင်းဈေးကွက်တင်လာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...
အမေရိကန်ပြည်၊ ဖလော်ရီဒါမှ (၇) ကြိမ် ထီပေါက်ခဲ့သူက ထီပေါက်နိုင်ချေ များစေသည့် ထီထိုးနည်းကို ထုတ်ဖော်ပြောကြားလာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိမှတ်စရာ အိမ်ခြံမြေရေးရာ
သိမှတ်စရာ အိမ်ခြံမြေရေးရာ
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွ
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
နေထိုင်သူတိုင်း ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရသော လော့စ်အိန်ဂျလိက ကျိန်စာသင့် စံအိမ်ကြီး၊ နေထိုင်ဝံ့သူ မရှိတော့သောကြောင့် န
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
မိမိအား အိမ်ယာမဲ့ထင်ကာ ပိုင်ဆိုင်သမျှငွေ ၁ ဒေါ်လာ လာပေးသည့် ကလေးတစ်ဦးကို စီးပွားရေး လုပ်ငန်းရှင်က စတိုးဆိုင်အတွင်းမှ ကြိ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
ဘီလ်ဂိတ်က နီဘရာစကာပြည်နယ်မှ သူ၏ လယ်များကို အပေါင်ထားကာ ဒေါ်လာ သန်း ၇၀၀ ချေးငွေ ထုတ်ယူ
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး ဟဲဗီးဝိတ် လက်ဝှေ့ကျော် မူဟာမက်အလီ၏ လော့စ်အိန်ဂျလိစံအိမ် လေလံတင် ရောင်းချမည်
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိုးပိုင်အိမ်ပိုင် ဖြစ်ဖို့အတွက် ဒါနပြုပုံ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service