အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အိမ်ဖြူတော်ဝန်းကျင်မှ ၂ မိုင်ခန့်သာ ဝေးကွာသော်လည်း ဘာကြောင့် သမီးထံ လုံးဝမသွားတာလဲ

အမေရိကန်ဒုသမ္မတ ခါမလာ ဟဲရစ်၏ ဖခင်၊ စတန်းဖို့ တက္ကသိုလ်၏ ဂုဏ်ထူးဆောင် ပါမောက္ခ၏ နေအိမ်မှာ သမီးဖြစ်သူ အခြေချနေထိုင်နေသော အိမ်ဖြူတော်ဝန်းကျင်မှ ၂ မိုင်ခန့်သာ ဝေးကွာသော်လည်း ဘာကြောင့် သမီးထံ လုံးဝမသွားတာလဲ - Property News in Myanmar from iMyanmarHouse.com
13 Sep 2024 9:55 am တွင် တင်ခဲ့သည်
850 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတဖြစ်သူ ခါမလာ ဟဲရစ်သည် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမှုကို လက်ခံခဲ့ချိန်တွင် ကြောက်ရွံ့ခြင်းကင်းမဲ့သော စိတ်ဓာတ်အတွက် ဖခင်ဖြစ်သူအား ကျေးဇူးတင်ကြောင်း ထည့်သွင်း ပြောကြားခဲ့ရာ လူအများမှာ များစွာ အံ့အားသင့်သွား ကြသည်။

ဒုသမ္မတ ခါမလာဟဲရစ်နှင့် ဖခင်ဖြစ်သူ ဒေါ်နယ် ဟဲရစ် (Donald J. Harris) တို့မှာ စကားမပြောကြဘဲ ခပ်တန်းတန်းဖြစ်နေကြသည်ကို လူအများသိထားကြသည်။

ကလေးဘဝက ပန်းခြံထဲတွင် ဆော့ကစားစဉ် ဖခင်ဖြစ်သူက “ပြေး..ခါမလာ..ပြေးသာပြေး။ မကြောက်နဲ့။ ဘယ်အရာကမှ သမီးကို မရပ်တန့်စေနဲ့” ဟု ပြောခဲ့ကြောင်း ခါမလာဟဲရစ်က ပြန်ပြောပြသည်။

“ကျွန်မဘဝရဲ့ နုငယ်စဉ်ကာလတွေမှာ အဖေက ကျွန်မကို မကြောက်တတ်အောင် သင်ပေးခဲ့ပါတယ်” ဟု ခါမလာဟဲရစ်က ပြောပြသည်။

ချီကာဂိုမြို့တွင် ကျင်းပခဲ့သော ဒီမိုကရက်တစ်ပါတီ အမျိုးသားညီလာခံ (DNC) တွင် ကမ္ဘာသိပြောကြားခဲ့သော မိန့်ခွန်း၌ ခါမလာဟဲရစ်က ဖခင်ကို ထည့်သွင်းဂုဏ်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် အသက် ၈၆ နှစ်ရှိပြီဖြစ်သော ဖခင်နှင့် သမီးတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ လုံးဝပြတ်စဲနေသည်ဟု ဆိုနိုင်သည်။

ခါမလာဟဲရစ်၏ ဖခင်မှာ သမီးဖြစ်သူ နေထိုင်သည့် အိမ်ဖြူတော်ဝန်းကျင်မှ တစ်မိုင်ခန့်သာ ဝေးကွာသော နေရာတွင် နေထိုင်သော်လည်း ၎င်းတို့သားအဖနှစ်ဦး မတွေ့ဖြစ်သလောက်နီးပါးရှိကြောင်း သတင်းများက ဆိုသည်။

ဒုသမ္မတ၏ ဖခင်သည် သမီးဖြစ်သူနေထိုင်သောနေရာနှင့် အလွန်နီးကပ်စွာနေထိုင်သော်လည်း အသက် ၅၉ နှစ် ရှိပြီဖြစ်သော သမီးဖြစ်သူ ခါမလာဟဲရစ်ရှိရာ အိမ်ဖြူတော်ဝန်းသို့ သွားရောက်ဖူးသည့် မှတ်တမ်းမရှိချေ။

(ဒုသမ္မတ ခါမလာဟဲရစ်သည် ဖခင်နှင့် ခပ်တန်းတန်းဖြစ်နေသည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်သည်။ ခါမလာဟဲရစ်၏ ဖခင်နေထိုင်သောအိမ်မှာ အိမ်ဖြူတော်မှ ခဲတပစ်စာမျှသာ ဝေးကွာသည်။ ဓာတ်ပုံ-Bing Guan/ Bloomberg via Getty Images)

ခါမလာဟဲရစ်၏ မိခင်ကြီးမှာ ၂၀၀၉ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး ဖခင်သာ သက်ရှိထင်ရှားရှိတော့သော်လည်း ခါမလာဟဲရစ်က သမ္မတလောင်း ရွေးချယ်ခံရမှုကို လက်ခံသည့် မိန့်ခွန်းပြောခဲ့သော DNC တွင် ဖခင်ဖြစ်သူ ဒေါ်နယ်ဟဲရစ် မရှိခဲ့။

ဒေါ်နယ်ဟဲရစ်သည် သမီးဖြစ်သူထံ အခြားသူများ မသိစေဘဲ သွားရောက်လည်ပတ်ခြင်းမျိုး ရှိ၊ မရှိကိုမူ မသိနိုင်ချေ။

သို့သော် ၎င်းတို့အကြား ဆက်ဆံရေး ခပ်တန်းတန်းဖြစ်နေကြောင်း ဒေါ်နယ်ဟဲရစ်နှင့် ခါမလာဟဲရစ်တို့ နှစ်ဦးလုံးက ထုတ်ဖော်ပြောဆိုထားမှုများ ရှိသည်။

“ကျွန်မ မူလတန်းကျောင်းသူဘဝကတည်းက မိဘတွေ အိမ်ထောင်ကွဲသွားကြတယ်။ ကျွန်မတို့ကို အများဆုံး ကြည့်ရှုစောင့်ရှောက်ခဲ့တာက အမေပေါ့” ဟု ခါမလာက DNC မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒေါ်နယ်ဟဲရစ်က ၂၀၁၉ ခုနှစ်အတွင်း Politico သို့ ပြောခဲ့ဖူးသည်မှာ သမီးဖြစ်သူ၏ ဝန်းကျင်တွင်ရှိနေသော နိုင်ငံရေးဗရုတ်ဗရက်များနှင့် မထိတွေ့လိုသောကြောင့် စာနယ်ဇင်းများနှင့် မည်သည့်အင်တာဗျူးမှ လုပ်မည်မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။

(နီးလျက်နဲ့ ဝေး..))

အမေရိကန်သမ္မတလောင်း ခါမလာဟဲရစ်သည် လက်ရှိအားဖြင့် ခင်ပွန်းဖြစ်သူ Doug Emhoff နှင့်အတူ အိမ်ဖြူတော်အနီးရှိ Naval Observatory တွင် နေထိုင်လျက်ရှိသည်။

အဆိုပါအိမ်တော်သည် အမေရိကန်ဒုသမ္မတတို့အတွက်ထားရှိသော နိုင်ငံတော်အိမ်တော်ဖြစ်သည်။

ခါမလာဟဲရစ်၏ ဖခင်ဖြစ်သူ ဒေါ်နယ်ဟဲရစ်သည် ဂျမေကာဖွား၊ အမေရိကန်နိုင်ငံသား စီးပွားရေးပညာရှင်ဖြစ်ပြီး စတန်းဖို့တက္ကသိုလ်၏ ဂုဏ်ထူးဆောင်ပါမောက္ခလည်း ဖြစ်သည်။

ဒေါ်နယ်ဟဲရစ် လက်ရှိနေထိုင်သည်မှာ ဝါရှင်တန်ဒီစီရှိ ကွန်ဒိုခန်းတစ်ခုတွင် ဖြစ်သည်။ ဒေါ်နယ်ဟဲရစ်၏ အခန်းမှာ မြို့လယ်တွင် တည်ရှိပြီး အကျယ်အဝန်း စတုရန်းပေ ၂၂၀၀ ရှိကာ အိပ်ခန်း ၃ ခန်း ပါဝင်သည်။

အဆိုပါအခန်းကို ဒေါ်နယ်ဟဲရစ်က ၂၀၀၀ ပြည့်နှစ်တွင် ကန်ဒေါ်လာ ၇၀၀,၀၀၀ ဖြင့် ဝယ်ယူကာ နေထိုင်ခဲ့ခြင်းဖြစ်ပြီး သမီးဖြစ်သူ နေထိုင်နေသည့် ဒုသမ္မတအိမ်တော်မှ ၂ မိုင်အကွာတွင် ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kamala Harris’ Estranged Dad Owns a Home Just a Mile From the White House—So, Why Has He Never Gone To Visit? (realtor)

Photo Credit- Bing Guan/ Bloomberg via Getty Images

[Zawgyi]

အေမရိကန္ဒုသမၼတ ခါမလာ ဟဲရစ္၏ ဖခင္၊ စတန္းဖို႔ တကၠသိုလ္၏ ဂုဏ္ထူးေဆာင္ ပါေမာကၡ၏ ေနအိမ္မွာ သမီးျဖစ္သူ အေျခခ်ေနထိုင္ေနေသာ အိမ္ျဖဴေတာ္ဝန္းက်င္မွ ၂ မိုင္ခန္႔သာ ေဝးကြာေသာ္လည္း ဘာေၾကာင့္ သမီးထံ လံုးဝမသြားတာလဲ

အေမရိကန္ျပည္ေထာင္စု၏ ဒုတိယသမၼတျဖစ္သူ ခါမလာ ဟဲရစ္သည္ ဒီမိုကရက္တစ္ပါတီကိုယ္စားျပဳ သမၼတေလာင္းအျဖစ္ ေရြးခ်ယ္ခံရမႈကို လက္ခံခဲ့ခ်ိန္တြင္ ေၾကာက္ရြံ႕ျခင္းကင္းမဲ့ေသာ စိတ္ဓာတ္အတြက္ ဖခင္ျဖစ္သူအား ေက်းဇူးတင္ေၾကာင္း ထည့္သြင္း ေျပာၾကားခဲ့ရာ လူအမ်ားမွာ မ်ားစြာ အံ့အားသင့္သြား ၾကသည္။

ဒုသမၼတ ခါမလာဟဲရစ္ႏွင့္ ဖခင္ျဖစ္သူ ေဒၚနယ္ ဟဲရစ္ (Donald J. Harris) တုိ႔မွာ စကားမေျပာၾကဘဲ ခပ္တန္းတန္းျဖစ္ေနၾကသည္ကို လူအမ်ားသိထားၾကသည္။ ကေလးဘဝက ပန္းျခံထဲတြင္ ေဆာ့ကစားစဥ္ ဖခင္ျဖစ္သူက “ေျပး..ခါမလာ..ေျပးသာေျပး။ မေၾကာက္နဲ႔။ ဘယ္အရာကမွ သမီးကို မရပ္တန္႔ေစနဲ႔” ဟု ေျပာခဲ့ေၾကာင္း ခါမလာဟဲရစ္က ျပန္ေျပာျပသည္။

“ကၽြန္မဘဝရဲ႕ ႏုငယ္စဥ္ကာလေတြမွာ အေဖက ကၽြန္မကို မေၾကာက္တတ္ေအာင္ သင္ေပးခဲ့ပါတယ္” ဟု ခါမလာဟဲရစ္က ေျပာျပသည္။

ခ်ီကာဂိုျမိဳ႕တြင္ က်င္းပခဲ့ေသာ ဒီမိုကရက္တစ္ပါတီ အမ်ဳိးသားညီလာခံ (DNC) တြင္ ကမၻာသိေျပာၾကားခဲ့ေသာ မိန္႔ခြန္း၌ ခါမလာဟဲရစ္က ဖခင္ကို ထည့္သြင္းဂုဏ္ျပဳ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ အသက္ ၈၆ ႏွစ္ရွိျပီျဖစ္ေသာ ဖခင္ႏွင့္ သမီးတို႔ႏွစ္ဦးအၾကား ဆက္ဆံေရးမွာ လံုးဝျပတ္စဲေနသည္ဟု ဆိုႏိုင္သည္။

ခါမလာဟဲရစ္၏ ဖခင္မွာ သမီးျဖစ္သူ ေနထိုင္သည့္ အိမ္ျဖဴေတာ္ဝန္းက်င္မွ တစ္မိုင္ခန္႔သာ ေဝးကြာေသာ ေနရာတြင္ ေနထုိင္ေသာ္လည္း ၎တို႔သားအဖႏွစ္ဦး မေတြ႔ျဖစ္သေလာက္နီးပါးရွိေၾကာင္း သတင္းမ်ားက ဆိုသည္။

ဒုသမၼတ၏ ဖခင္သည္ သမီးျဖစ္သူေနထုိင္ေသာေနရာႏွင့္ အလြန္နီးကပ္စြာေနထိုင္ေသာ္လည္း အသက္ ၅၉ ႏွစ္ ရွိျပီျဖစ္ေသာ သမီးျဖစ္သူ ခါမလာဟဲရစ္ရွိရာ အိမ္ျဖဴေတာ္ဝန္းသို႔ သြားေရာက္ဖူးသည့္ မွတ္တမ္းမရွိေခ်။

(ဒုသမၼတ ခါမလာဟဲရစ္သည္ ဖခင္ႏွင့္ ခပ္တန္းတန္းျဖစ္ေနသည္မွာ ႏွစ္ေပါင္းအတန္ၾကာခဲ့ျပီျဖစ္သည္။ ခါမလာဟဲရစ္၏ ဖခင္ေနထိုင္ေသာအိမ္မွာ အိမ္ျဖဴေတာ္မွ ခဲတပစ္စာမွ်သာ ေဝးကြာသည္။ ဓာတ္ပံု-Bing Guan/ Bloomberg via Getty Images)

ခါမလာဟဲရစ္၏ မိခင္ၾကီးမွာ ၂၀၀၉ ခုႏွစ္တြင္ ကြယ္လြန္သြားခဲ့ျပီး ဖခင္သာ သက္ရွိထင္ရွားရွိေတာ့ေသာ္လည္း ခါမလာဟဲရစ္က သမၼတေလာင္း ေရြးခ်ယ္ခံရမႈကို လက္ခံသည့္ မိန္႔ခြန္းေျပာခဲ့ေသာ DNC တြင္ ဖခင္ျဖစ္သူ ေဒၚနယ္ဟဲရစ္ မရွိခဲ့။

ေဒၚနယ္ဟဲရစ္သည္ သမီးျဖစ္သူထံ အျခားသူမ်ား မသိေစဘဲ သြားေရာက္လည္ပတ္ျခင္းမ်ဳိး ရွိ၊ မရွိကိုမူ မသိႏိုင္ေခ်။

သို႔ေသာ္ ၎တို႔အၾကား ဆက္ဆံေရး ခပ္တန္းတန္းျဖစ္ေနေၾကာင္း ေဒၚနယ္ဟဲရစ္ႏွင့္ ခါမလာဟဲရစ္တို႔ ႏွစ္ဦးလံုးက ထုတ္ေဖာ္ေျပာဆိုထားမႈမ်ား ရွိသည္။

“ကၽြန္မ မူလတန္းေက်ာင္းသူဘဝကတည္းက မိဘေတြ အိမ္ေထာင္ကြဲသြားၾကတယ္။ ကၽြန္မတို႔ကို အမ်ားဆံုး ၾကည့္ရႈေစာင့္ေရွာက္ခဲ့တာက အေမေပါ့” ဟု ခါမလာက DNC မိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ေဒၚနယ္ဟဲရစ္က ၂၀၁၉ ခုႏွစ္အတြင္း Politico သို႔ ေျပာခဲ့ဖူးသည္မွာ သမီးျဖစ္သူ၏ ဝန္းက်င္တြင္ရွိေနေသာ ႏိုင္ငံေရးဗရုတ္ဗရက္မ်ားႏွင့္ မထိေတြ႔လိုေသာေၾကာင့္ စာနယ္ဇင္းမ်ားႏွင့္ မည္သည့္အင္တာဗ်ဴးမွ လုပ္မည္မဟုတ္ေၾကာင္း ေျပာခဲ့ဖူးသည္။

(နီးလ်က္နဲ႔ ေဝး..))

အေမရိကန္သမၼတေလာင္း ခါမလာဟဲရစ္သည္ လက္ရွိအားျဖင့္ ခင္ပြန္းျဖစ္သူ Doug Emhoff ႏွင့္အတူ အိမ္ျဖဴေတာ္အနီးရွိ Naval Observatory တြင္ ေနထုိင္လ်က္ရွိသည္။

အဆိုပါအိမ္ေတာ္သည္ အေမရိကန္ဒုသမၼတတို႔အတြက္ထားရွိေသာ ႏိုင္ငံေတာ္အိမ္ေတာ္ျဖစ္သည္။

ခါမလာဟဲရစ္၏ ဖခင္ျဖစ္သူ ေဒၚနယ္ဟဲရစ္သည္ ဂ်ေမကာဖြား၊ အေမရိကန္ႏိုင္ငံသား စီးပြားေရးပညာရွင္ျဖစ္ျပီး စတန္းဖို႔တကၠသိုလ္၏ ဂုဏ္ထူးေဆာင္ပါေမာကၡလည္း ျဖစ္သည္။

ေဒၚနယ္ဟဲရစ္ လက္ရွိေနထိုင္သည္မွာ ဝါရွင္တန္ဒီစီရွိ ကြန္ဒိုခန္းတစ္ခုတြင္ ျဖစ္သည္။ ေဒၚနယ္ဟဲရစ္၏ အခန္းမွာ ျမိဳ႕လယ္တြင္ တည္ရွိျပီး အက်ယ္အဝန္း စတုရန္းေပ ၂၂၀၀ ရွိကာ အိပ္ခန္း ၃ ခန္း ပါဝင္သည္။

အဆိုပါအခန္းကို ေဒၚနယ္ဟဲရစ္က ၂၀၀၀ ျပည့္ႏွစ္တြင္ ကန္ေဒၚလာ ၇၀၀,၀၀၀ ျဖင့္ ဝယ္ယူကာ ေနထိုင္ခဲ့ျခင္းျဖစ္ျပီး သမီးျဖစ္သူ ေနထိုင္ေနသည့္ ဒုသမၼတအိမ္ေတာ္မွ ၂ မိုင္အကြာတြင္ ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kamala Harris’ Estranged Dad Owns a Home Just a Mile From the White House—So, Why Has He Never Gone To Visit? (realtor)

Photo Credit- Bing Guan/ Bloomberg via Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service