တရုတ်ပြည်အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်သော ဝမ်ကျန်းလင်ပိုင် Dalian Wanda က လန်ဒန်ရှိ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ကန်ဒေါ်လာ ၈၂ သန်းခန့်ဖြင့် အရှုံးခံ ပြန်လည်ရောင်းထုတ်ကာ လန်ဒန်ကိုကျောခိုင်း

တရုတ်ပြည်အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်သော ဝမ်ကျန်းလင်ပိုင် Dalian Wanda က လန်ဒန်ရှိ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ကန်ဒေါ်လာ ၈၂ သန်းခန့်ဖြင့် အရှုံးခံ ပြန်လည်ရောင်းထုတ်ကာ လန်ဒန်ကိုကျောခိုင်း - Property News in Myanmar from iMyanmarHouse.com
25 Jan 2018 11:12 am တွင် တင်ခဲ့သည်
4943 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်အချမ်းသာဆုံးသူဌေးကြီးများတွင် ထိပ်တန်းနေရာမှ ပါဝင်သော ဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီသည် လန်ဒန်ရှိ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ပေါင် ၅၉ သန်း (ကန်ဒေါ်လာ ၈၁ ဒသမ ၅ သန်း) ဖြင့် အရှုံးခံ ပြန်လည်ရောင်းထုတ်ကာ လန်ဒန်ကိုကျောခိုင်းလိုက်ပြီဖြစ်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လန်ဒန်မြို့တောင်ဘက် Vauxhall အရပ်ရှိ အဆိုပါစီမံကိန်းကို လွန်ခဲ့သော ၄ နှစ်ခန့်က ပေါင် ၈၈ ဒသမ ၈ သန်းဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်ရာ ယခုပြန်လည်ရောင်းချရာတွင် ပေါင် သန်း ၃၀ ခန့် ( ၂၉ ဒသမ ၈ သန်း) အရှုံးပေါ်ခဲ့သည်။
ရောင်းချလိုက်သည့်စီမံကိန်းမှာ သိမ်းမြစ်၏ တောင်ဘက်ကမ်းတွင် တည်ရှိပြီး One Nine Elms စီမံကိန်းဟု ခေါ်ဆိုကြသည်။

ဝယ်လက်မည်သူဖြစ်သည်ကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း ကွမ်ကျိုးအခြေစိုက် R&F Properties မှ ဝယ်ယူခြင်းဖြစ်သည် ဟူသည့် သတင်းများ ရှိသည်။

R&F Properties သည် ပြီးခဲ့သော သြဂုတ်လအတွင်းကလည်း အနီးရှိ ကပ်လျက် Nine Elms Square စီမံကိန်းကို Dalian Wanda ထံမှပင် ဝယ်ယူခဲ့ဖူးပြီး ထိုစဉ်က ချုံကင်းအခြေစိုက် CC Land ကုမ္ပဏီနှင့် ပူးပေါင်းကာ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ပေကျင်းအခြေစိုက် Dalian Wanda သည် ပြည်ပတွင် ပိုင်ဆိုင်ထားသော အိမ်ခြံမြေများကို ကန်ဒေါ်လာ ၅ ဘီလီယံဖိုးခန့် ပြန်လည်ရောင်းထုတ်မည်ဖြစ်ကြောင်း ကြေညာလိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ ပြန်လည်ရောင်းထုတ်မှုများ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။

Dalian Wanda သည် ယခုရောင်းချလိုက်သည့် စီမံကိန်းကို ၂၀၁၃ ခုနှစ်အတွင်း ယွမ်ငွေ ၈၅၈ သန်း (ကန်ဒေါ်လာ ၁၄၂ သန်း/ပေါင် ၈၈ ဒသမ ၈ သန်း) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး စီမံကိန်းပြီးစီးသွားပါက ပေါင် သန်း ၇၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) အထိ တန်ကြေးရှိလာမည့် စီမံကိန်းကြီး ဖြစ်သည်။

ဘက်စုံသုံးအဖြစ် ဆောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး စုစုပေါင်းအကျယ်အဝန်း စတုရန်းမီတာ ၁၀၃၀၀၀ ရှိမည့် လူနေ၊ ရုံးခန်းနှင့် လက်လီအရောင်းဆိုင်များ ဆောက်လုပ်ရန် စီစဉ်ထားပြီး ၄၅ ထပ်နှင့် အထပ် ၆၀ တာဝါ ၂ လုံးအဖြစ် ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။

အဆိုပါ ကွန်ပလက်စ်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးအပြင် လုံးချင်းအိမ်ပေါင်း ၄၃၆ လုံးလည်း ပါဝင်မည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်အချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်သော ဝမ်ကျန်းလင်ပိုင် Dalian Wanda က လန်ဒန်ရှိ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ကန်ဒေါ်လာ ၈၂ သန်းခန့်ဖြင့် အရှုံးခံ ပြန်လည်ရောင်းထုတ်ကာ လန်ဒန်ကိုကျောခိုင်း - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်

နုပျိုကျန်းမာစေရန် ၂၈ နှစ်လုံး မြွေဆိပ်ထိုးခဲ့သော အမျိုးသား

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service