လယ်မြေကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် . . . .

လယ်မြေကို ပြောင်းလဲသုံးစွဲမယ်ဆိုရင် . . . . - Property Knowledge in Myanmar from iMyanmarHouse.com
5 Jan 2018 12:26 pm တွင် တင်ခဲ့သည်
3130 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

လယ်မြေဥပဒေတွေ ပေါ်ပေါက်လာပြီးနောက်ပိုင်း လယ်ယာမြေအရောင်းအ၀ယ်ဟာ အိမ်ခြံမြေ အရောင်းအ၀ယ်နဲ့ အပြိုင်အဆိုင် ဖြစ်နေပြီး ဈေးနှုန်းနည်းပါးတဲ့ လယ်မြေတွေက အရောင်းအ၀ယ်ပိုကောင်းခဲ့တယ်လို့ သိရပါတယ်။

အိမ်ခြံမြေဈေးနှုန်းကြီးမားလာတဲ့အတွက် အိမ်ခြံမြေလောကမှာ ၀ယ်ရောင်းသမားတွေဟာ ဈေးနှုန်းချိုသာတဲ့ လယ်မြေတွေကို ၀ယ်ယူပြီး အိမ်ကွက်တွေ ဖော်ထုတ်ကာ ပြန်လည်ရောင်းချတာတွေရှိလာတယ်။

ဥပဒေလွှတ်တော် အကျိုးဆောင်တစ်ဦးက ‘မသိနားမလည်တဲ့သူတွေက ဈေးနှုန်းချိုသာတဲ့လယ်ကွက်တွေကို ၀ယ်ပြီး အခြေချနေထိုင်ကြတယ်၊ အမှန်တကယ်ဆိုရင်လယ်ယာမြေတွေက လူနေထိုင်ခွင့် အဆင့်ဆင့်လျှောက်ထားရတယ်’ လို့ ပြောပါတယ်။

အထောက်အထားတွေ

လယ်မြေပြေစာသာရှိတဲ့ လယ်ယာမြေကွက်ကို လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရဖို့ ပထမဦးစွာလျှောက်ရပြီး ရတဲ့အခါမှသာ တရားဝင်ပြန်ရောင်းချခွင့်ရှိကြောင်း သိရပါတယ်။ ပုံစုံ-၇ ရပြီးလယ်မြေကို အခြားနည်းအသုံးပြုခွင့် (လူနေထိုင်ခွင့်ရရှိဖို့) အတွက် တိုးပွားလာတဲ့ လူဦးရေနဲ့ အိမ်ထောင်စုတွေအတွက် နေရာပေးဖို့အတွက်၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက်၊ ဈေးတွေအတွက်၊ စက်မှုလယ်ယာအတွက် ဂိုဒေါင်နဲ့ အဆောက်အအုံ လိုအပ်ရင် အချက်အလက်တွေ ပြည့်စုံမှ အသုံးပြုခွင့်ပေးတယ်လို့ သိရပါတယ်။ အခြားနည်းအသုံးပြုခွင့်ရထားပြီး လုပ်ငန်းမလုပ်ဆောင်ရင် ပြန်သိမ်းယူခံရမှာဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းစဖို့လို

လယ်ယာမြေ ဥပဒေပုဒ်မ-၃၁ အရအခြားနည်းအသုံးပြုခွင့်ရရှိပြီးနောက်ခွင့်ပြုတဲ့နေ့ကစပြီး ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်တဲ့ နည်းလမ်းအတိုင်းအသုံးပြုရမှာဖြစ်ကြောင်း သိရပါတယ်။ အသုံးပြုခဲ့ရင် သတ်မှတ်ကာလမှာ လုပ်ငန်းတွေကို ပြီးအောင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ခြောက်လတစ်ကြိမ်စိစစ်

အဲသည်လို ဆောင်ရွက်ခြင်းတွေမပြုလုပ်ရင် လယ်ယာမြေစီမံခန့်ခွဲမှု အနေနဲ့ လယ်ယာမြေကို ပြန်သိမ်းယူနိုင်ပြီး လယ်ယာမြေ စီမံခန့်ခွဲမှုအနေနဲ့ လယ်ယာမြေအခြားအသုံးပြုခွင့်ရရှိမှာဖြစ်တယ်။ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို စစ်ဆေးပြီး ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ခြောက်လတစ်ကြိမ် တင်ပြရမှာဖြစ်ပါတယ်။

အဆောက်အအုံတွေဖယ်ရှားရမည်

လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က) နဲ့ (ခ) အရလယ်ယာမြေအခြားနည်း အသုံးပြုခွင့်လျှောက်ထားဆဲ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းရှင်တွေကို လယ်ယာမြေ ဥပဒေပုဒ်မ ၁၉ (လ၀)အရ လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်မရရှိဘဲ ဆောက်လုပ်ထားတဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ ၀န်ကြီးဌာနက လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ချမှတ်မှာဖြစ်ကြောင်း သိရပါတယ်။

ဦးတိုက်လျှောက်ထား

လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရလိုက်နာတာတွေမရှိရင် တရားရုံးကို ဦးတိုက်လျှောက်ထားတရားစွဲဆိုသွားဖို့ ဆောင်ရွက်မှာဖြစ်ပြီး တရားစွဲဆိုတဲ့အခါ အဘက်ဘက်က သုံးသပ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်နေကြာင်း သိရပါတယ်။

တရားစွဲဆို

မြို့နယ်လယ်ယာစီမံခန့်ခွဲမှုအဖွဲ့က သက်ဆိုင်ရာမြို့နယ် တရားရုံးကို လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ တရားစွဲဆိုဆောင်ရွက်ဖို့ တိုင်ပင်လျှောက်ထားခြင်းတွေရှိကြောင်း တွေ့ရပါတယ်။

အရေးယူမရ

၂၀၁၂ ခုနှစ်ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၁)နဲ့ ပြဌာန်းထားတဲ့ လယ်ယာမြေဥပဒေအရ ဖွဲ့စည်းတာဝန်ပေးခဲ့တဲ့ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို လယ်ယာမြေဥပဒေပုဒ်မ ၄၀ အရ ဥပဒေနဲ့အညီ နည်းဥပဒေနဲ့ သဘောရိုးနဲ့ ဆောင်ရွက်တဲ့ ကိစ္စတွေမှာ အရေးယူဆောင်ရွက်ခွင့်မရကြောင်း သိရပါတယ်။

ဥပဒေအရအရေးယူ
ပြစ်မှုဥထင်ရှားရင် သက်ဆိုင်ရာ ၀န်ကြီးဌာနအလိုက် ဌာနဆိုင်ရာက စုံစမ်းစစ်ဆေးပြီး နိုင်ငံဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ အရေးယူဆောင်ရွက်နေကြောင်း သိရပါတယ်။

ပုဒ်မ ၂၀ အရ

အမှန်တကယ် စိုက်ပျိုးမရနိုင်တဲ့ လယ်မြေတွေကို အခြားနည်းသုံးစွဲခွင့် ရရှိထားတဲ့ လုပ်ငန်းဖော်ဆောင်မှုမရှိရင် လယ်ယာမြေဥပဒေပုဒ်မ ၂၀ အရ အရေးယူခံရမှာဖြစ်ပါတယ်။

Credit: The Modern

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service