ပထမဆုံးအကြိမ်အဖြစ် အိမ်ကိုပြင်ဆင်မယ့်သူအတွက် လိုအပ်သောပရိဘောဂများ

ပထမဆုံးအကြိမ်အဖြစ် အိမ်ကိုပြင်ဆင်မယ့်သူအတွက် လိုအပ်သောပရိဘောဂများ - Property Knowledge in Myanmar from iMyanmarHouse.com
2 Nov 2017 12:28 pm တွင် တင်ခဲ့သည်
1108 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

သင်ပိုင်ဆိုင်တဲ့အိမ်ကိုပြင်ဆင်ဖို့အတွက် ပထမဆုံးအစီအစဉ်ဆွဲတဲ့အခါ ဒီအိမ်နေရာအသစ်ကိုရဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတာတွေးပြီး ကိုယ့်ကိုယ်ကိုယ်အံ့သြနေမိပါလိမ့်မယ်။ ပြီးတော့ ကိုယ်တစ်သက်လုံးနေသွားရ မယ့် အိမ်လေးကိုလည်း ဘယ်လိုစပြီးပြင်ဆင်ရမလဲဆိုတာကိုပါ စဉ်းစားမိမှာပါ။

သင့်အိမ်အတွက် ဘယ်လို လိုက်ကာတွေကိုရွေးချယ်ရမယ်၊ နောက် တိုင်လေးတိုင်ပါတဲ့အိပ်ရာကိုသုံးရမလား ဒါမှမဟုတ် အမေ့ဆီကရခဲ့ တာကိုပဲသုံးရမလား စသဖြင့် ရွေးရတာခက်နေမှာပါ။ တကယ်တော့ ပထမဆုံးအကြိမ်အနေနဲ့ အိမ်ကိုပြင်ဆင် မယ့်သူတစ်ယောက်အတွက် အသုံးဝင်စေမယ့်နည်းလမ်းတွေအများကြီးရှိပါတယ်။ အခုပြောပြပေးမယ့်အရာ တွေက ပထမဆုံးအကြိမ်
အိမ်ကိုပြင်ဆင်ဖို့စပြီးအစီအစဉ်ဆွဲတဲ့သူတွေအတွက် အဆင်ပြေစေမှာဖြစ်လို့ Myanmar Home & Decor Magazine ရဲ့ ပရိတ်သတ်ကြီးကို မျှဝေပေးလိုက်ပါတယ်နော်

(၁) အိပ်ရာ၊ ဗီရိုနဲ့ မှန်တင်ခုံကို အိပ်ခန်းထဲမှာထားပါ။

သင့်ရဲ့အိပ်ခန်းထဲမှာ အိပ်ရာအကြီးကြီးတစ်ခုကိုထားတာကမှားယွင်းတယ်လို့မဆိုနိုင်ပါဘူး။ ဒီလိုအိပ် ရာကြီးကြီးရှိနေတာက သင်နဲ့သင့်ရဲ့တွဲဖက်အတူတူရှိနေတယ်ဆိုရင်တောင် အဆင်ပြေစေမှာပါ။ နံရံနဲ့ ကွက် တိဖြစ်နေတဲ့ အ၀တ်ဗီရိုက လူတိုင်းအတွက်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သင်ကsingleဆိုရင် ခေတ်လည်းမှီပြီး ကျစ်လစ်တဲ့ပုံစံရှိတဲ့ သင့်တော်တဲ့ သင့်အကြိုက်အ၀တ်ဗီရိုကို ရနိုင်မှာပါ။ သင့်အိပ်ရာဘေးမှာ မှန်တင်ခုံမရှိဘူး ဆိုရင် စားပွဲခုံသေးသေးလေးထားဖို့တော့လိုအပ်ပါတယ်။ ဒါကတော့ သင်အမြဲတမ်းအသုံးပြုနေရမယ့်အရာတွေ ကို လွယ်လွယ်ကူကူရှာတွေ့နိုင်ဖို့ဖြစ်ပါတယ်။

(၂) အဆင့်ပါတဲ့ဗီရို၊ သိုလှောင်လို့ရတဲ့စင်ကို မီးဖိုချောင်မှာထားပါ။

ကျွန်ုပ်တို့အယူအဆကတော့ မီးဖိုချောင်ထဲမှာ အဆင့်ပါတဲ့ဗီရို၊ သိုလှောင်လို့ရတဲ့စင်နဲ့ အလုပ်လုပ်ဖို့ အတွက်ကို သင့်တော်တဲ့နေရာစီစဉ်ပြီး မီးဖိုချောင်အသုံးအဆောင်တွေကိုထိန်းသိမ်းဖို့ပဲဖြစ်ပါတယ်။ ပိုနေတဲ့ ပစ္စည်းတွေသိမ်းတဲ့ဗီရိုကို Breakfast Bars အနေနဲ့အသုံးပြုတာပဲဖြစ်ဖြစ် ဒါမှမဟုတ် Kitchen Islands ကို အ သုံးပြုတာပဲဖြစ်ဖြစ် လိုသလိုအသုံးပြုနိုင်ပါတယ်။ တကယ်လို့သင့်အနေနဲ့ ထမင်းစားခန်းမှာရင်းနှီးမြုပ်နှံဖို့အဆင် သင့်မဖြစ်သေးဘူးဆိုရင်လည်း သင်အဆင်ပြေတာကိုပဲရွေးချယ်နိုင်ပါတယ်။

(၃) စင်နဲ့မှန်ကို ရေချိုးခန်းထဲမှာထားပါ။

သင့်ရေချိုးခန်းထဲကစင်ကို သင့်အကြိုက်အပေါ်မူတည်ပြီးရွေးချယ်ပါ။ သင့်ရေချိုးခန်းရဲ့စင်မှာ ဖန်ခရား၊ Lotions နဲ့ သဘာဝပစ္စည်းတွေကထုတ်တဲ့ခေါင်းလျှော်ရည် အစရှိတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေထားနိုင်ပါတယ်။ သင့်အနေနဲ့ ရေချိုးခန်းထဲမှာ သက်တောင့်သက်သာဖြစ်တဲ့ခံစားမူကိုရချင်တယ်ဆိုရင် ရေချိုးခန်းကိုချစ်စရာအ သွင်လေးဖန်တီးလိုက်ပါ။ နောက်တစ်နည်းကတော့ မှန်တစ်ချပ်ထားလိုက်ပါ။ ဒါက အမြဲတမ်းအတွက် အသုံးဝင် စေမှာပါ။

(၄) အခြားပရိဘောဂပစ္စည်းများထားပါ။

အခုဆိုရင်တော့ သင့်ရဲ့အိမ်ကယေဘုယျအနေနဲ့ ပြည့်စုံနေပြီဖြစ်တဲ့အတွက် အများကြီးထပ်ပြီးလုပ် ဖို့မလိုတော့ပါဘူး။ ဒါပေမယ့် သင့်အိမ်ရဲ့ဧည့်ခန်းကိုအလှဆင်ဖို့အတွက် ပရိဘောဂတွေကို စုဆောင်းနိုင်ပါ တယ်။ ယေဘုယျအနေနဲ့ လက်တင်တဲ့တန်းပါတဲ့ထိုင်ခုံကိုပေါင်းထည့်လိုက်မယ်ဆိုရင် သင့်အိမ်ရဲ့အခန်းက ကြည့်ကောင်းနေမှာဖြစ်ပြီး သင့်budget အတွက်လည်း အလုပ်ဖြစ်နိုင်မယ့်အပြင် ထိုင်ခုံကိုဧည့်ခန်းနံရံနဲ့ကပ် ထားလိုက်ခြင်းကလည်း နေရာစားတဲ့ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ သင့်အိမ်နေရာအတွက်ပြင်ဆင်တာ အကုန်လုံးပြီးစီးခဲ့ရင်တောင်မှ Cushion Covers တွေ အကြောင်း၊ ပြတင်းပေါက်လိုက်ကာတွေနဲ့ တစ်ခြားအိမ်အလှဆင်ပစ္စည်းတွေအကြောင်း ဒါမှမဟုတ် party လုပ် ဖို့နဲ့ လက်ဆောင်တွေထားဖို့နေရာရှိရဲ့လား စသဖြင့် မိမိပြင်ဆင်ထားတဲ့အိမ်သစ်လေးအတွက် ပူပန်စရာတွေက ရှိနေဦးမှာပါ။ အခုဆို Myanmar Home & Decor Magazine ချစ်သူတို့အနေနဲ့ အိမ်အလှဆင်နည်းလမ်းလေးကို သိရပြီမို့ အလုပ်ပိတ်ရက်လေးမှာ ပြင်ဆင်လို့ရပြီပေါ့နော်

Credit: Myanmar Home & Décor Magazine

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service