ပြည်ပဧည့်သည် နေအိမ်တည်းခိုခွင့် ခွင့်ပြုဖို့ ဆောင်ရွက်သွားမည်

ပြည်ပဧည့်သည် နေအိမ်တည်းခိုခွင့် ခွင့်ပြုဖို့ ဆောင်ရွက်သွားမည် - Property News in Myanmar from iMyanmarHouse.com
5 Sep 2017 11:30 am တွင် တင်ခဲ့သည်
2091 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းမှာ ပြည်ပဧည့်သည်တွေ နေအိမ်တည်းခိုခွင့် (Home Stay) ကို ခွင့်ပြုနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက သိရပါတယ်။

“နိုင်ငံတကာမှာလည်း Home Stay(ပြည်ပဧည့်သည် နေအိမ်တည်းခိုခွင့်) ဆိုတာတွေက ရှိနေတယ်၊ အာဆီယံမှာလည်း Home Stay ဆိုတာ ရှိတဲ့အ တွက် မြန်မာ့စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီမယ့် Home Stay တွေကို ကျွန်ေ တ်ာတို့ အနာဂတ်မှာတော့ ပြဋ္ဌာန်းနိုင်ပါလိမ့်မယ်”လို့ ဟိုတယ် နှင့် ခရီးသွား လာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က ပြောပါတယ်။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ပြည်ပ ဧည့် သည်တွေ မြန်မာနိုင်ငံအတွင်း နေအိမ်တည်းခိုခွင့်ကို ခွင့်ပြုထားခြင်း မရှိသေး ပါဘူး။ လက်ရှိ အချို့တိုင်းရင်းသား ဒေသခံနေအိမ်တွေမှာတော့ ပြည်ပ ဧည့် သည်တွေ ငှားရမ်းနေထိုင်တာက ညအိပ်တည်းခိုဖို့နဲ့ သန့်စင်ခန်းကိုပဲ အသုံြး ပုခွင့်ပေးတဲ့ ဝန်ဆောင်မှုတစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် တည်းခိုနေထိုင်မှု အ တွက်လည်း ဝန်ဆောင်ခအဖြစ် ဒေသအလိုက် ရန်ပုံငွေထည့်ဝင်ရတယ်လို့ သိရပါတယ်။

“ပုံမှန်အားဖြင့်တော့ Home Stay က ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ ခွင့်ပြုတဲ့ အထဲမှာ မရှိသေးပါဘူး၊ ဒါပေမယ့်လဲ ကျွန်တော်တို့ရဲ့ CTB ရွာတွေမှာတော့ အိမ်တွေမှာ နေထိုင်ခြင်းဆိုတဲ့အချိန်မှာ တစ်မိုးအောက်ထဲမှာ တစ်အိမ်ထဲရဲ့ အခန်းမှာ နိုင်ငံခြားသားနေထိုင်တာကို ခွင့်ပြုတာမဟုတ်ဘဲနဲ့ ခြံဝန်းတစ်ခု တည်းမှာပဲ သီးခြားအဆောက်အအုံမှာ နေထိုင်တာနဲ့ ခွင့်ပြုတာဖြစ်တဲ့ အ တွက် ဒါလဲ တစ်နည်းအားဖြင့်တော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဆောင်ရွက်တဲ့ Home Stay တစ်ခုပါပဲ၊ ဒါကြောင့်မို့လို့ ဒီလိုမျိုး CTB ရွာတွေမှာတော့ ခွင့်ပြု ထားပြီးပါပြီ ” လို့ ဦးတင့်သွင်က ပြောပါတယ်။

အာဆီယံနိုင်ငံတွေမှာတော့ နေအိမ်တွေမှာ ခရီးသည်တည်းခိုနိုင်မှုကို စည်း ကမ်းသတ်မှတ်ချက်တွေနဲ့အညီ တရားဝင်ခွင့်ပြုထားပြီး အောင်မြင်မှုတွေ ရ ရှိနေပါတယ်။

ပြည်ပနိုင်ငံခြားသား ဧည့်သည်တွေအနေနဲ့ကလည်း တည်းခိုစရိတ်သက် သာတာကြောင့် နေအိမ်တည်းခိုခွင့်ကို ပိုပြီး ရွေးချယ်လေ့ရှိကြပါတယ်။ မြန် မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ CTB(ရပ်ရွာအခြေပြုခရီးသွားလုပ် ငန်း) ဖော်ဆောင်ထားတဲ့ဒေသ ၁၁ ခုမှာပဲ နေအိမ်တည်းခိုခွင့် ရရှိသေးတယ် လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကျွန်မမှာ ရှက်စရာလျှို့ဝှက်ချက် တစ်ခုရှိခဲ့တယ်

ဆိတ်မတစ်ကောင်ကို ဒေါ်လာ ၅၀ တင်တောင်းကာ လက်ထပ်လိုက်ရသော ဆူဒန်အမျိုးသား၏ ဖြစ်ပုံ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာလန် အမျိုးသမီး...

စပိန်နိုင်ငံတွင် တစ်ရွာလုံး ထီပေါက်သော်လည်း ထီလက်မှတ်မဝယ်ခဲ့ရသောကြောင့် တစ်ဦးတည်း ထီမပေါက်ဘဲ ကျန်ခဲ့သော အမျိုးသား...

ဗြိတိန်အမှိုက်ကောက်သမားတစ်ဦး ပေါင် ၁၀ သန်း ထီဆုကြီး ကံထူးခဲ့ပြီး ၁၀ နှစ်အတွင်း ပြည့်တန်ဆာ ၄၀၀၀ ခန့်နှင့် ပျော်ပါးသုံးဖြုန်းခဲ့ရာ ငွေအားလုံး တက်တက်ပြောင်သွားပြီး အမှိုက်ကောက်သမားဘဝ ပြန်ရောက်သွားပုံ...

မိုးကြိုး ၇ ကြိမ် အပစ်ခံရတာတောင် မသေတာကြောင့် ဂင်းနက်စ်စံချိန်တင်ခဲ့တဲ့ အမျိုးသား ချစ်သူထားခဲ့သောကြောင့် အသည်းကွဲကာ မိမိကိုယ်ကို အဆုံးစီရင်...

အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂၇၃ သန်း ထီဆုကြီး ကံထူး...

အိန္ဒိယတွင် အမျိုးသားတစ်ဦး တနေ့တခြား ဗိုက်ကြီးဖောင်းလာသောကြောင့် စစ်ဆေးကြည့်ရာ သူ၏ အမြွှာညီအစ်ကို ဖြစ်နေသည်ကို တုန်လှုပ်ဖွယ်တွေ့ရှိလိုက်ရ...

ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး...

မလျှော်ဖွတ်သော ခေါင်းအုံးစွပ်မှာ အိမ်သာခုံထက်ပင် ပိုမိုအန္တရာယ်များပြားပြီး ၁ လက်မ ပတ်လည်တွင် ဘက်တီးရီးယား ၅ သန်းခန့်ရှိကြောင်း သိပ္ပံပညာရှင်တို့ ပြောကြား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ

ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ

မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

မိမိထံ ခွင့်ပြုချက်မတောင်းဘဲ မိမိကို မွေးဖွားသောကြောင့် မိဘများကို တရားစွဲရန် စီစဉ်သော အိန္ဒိယ အမျိုးသား

မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service