ရန်ကုန်-ဒလ တံတားစီမံကိန်းအတွက် လျော်ကြေးပေးထားသည့် အဆောက်အအုံများ လာမည့်သီတင်းကျွတ်တွင် စတင်ဖျက်သိမ်းရမည်

ရန်ကုန်-ဒလ တံတားစီမံကိန်းအတွက် လျော်ကြေးပေးထားသည့် အဆောက်အအုံများ လာမည့်သီတင်းကျွတ်တွင် စတင်ဖျက်သိမ်းရမည် - Property News in Myanmar from iMyanmarHouse.com
17 Aug 2017 10:34 am တွင် တင်ခဲ့သည်
3039 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့်ပတ်သက် ပြီး လျော်ကြေးပေးထားပြီြး ဖစ်သည့် အဆောက်အအုံများကို လာမည့် သီတင်းကျွတ်တွင် စတင်ဖျက် သိမ်း ပေးရမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁၅ ရက်က ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်း အဝေးခန်း မ(၄)တွင် ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့နှင့် ခရိုင်အုပ်ချုပ်ရေးမှူး များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် စီး ပွားရေးလုပ်ငန်းရှင်တို့က တံတား တည်ဆောက်ရေး ကိစ္စများနှ င့်ပတ် သက်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရ သည်။

ယင်းအစည်းအဝေးတွင် အစိုး ရအဖွဲ့၊ ဌာနဆိုင်ရာများနှင့်လုပ်ငန်း ရှင်များ ၏ ဆွေးနွေးချက်များအရ တံတားနှင့်ပတ်သက်ပြီး ဒီဇိုင်းပုံစံမှာ စက်တင်ဘာ လအတွင်း အချော သပ်ထွက်ရှိမည်ဖြစ်ပြီး လျော်ကြေးပေးပြီးသား အဆောက် အအုံများ ဖျက်သိမ်းပေးရမည်ဖြစ်ကြောင်း ဒလမြို့နယ်အုပ်ချုပ်ရေးမှူး ဦး ယဉ် ထွေးက ဒီမိုကရေစီတူဒေးသို့ သြဂုတ် ၁၆ ရက်တွင် ပြောသည်။

"လျော်ကြေးပေးပြီးသား အိမ်တွေနဲ့ ဆိုင်ခန်းတွေကို ဖျက်မယ့် အစီအစဉ် ကတော့ မြန်မာတွေအယူအ ဆအရ ၀ါတွင်းကာလမှာအပြောင်း အရွှေ့မရြှိ ကဘူးလေ။ အဲဒီတော့ ၀ါအထွက် သတင်းကျွတ်လောက်မှာ စပြီးတော့ေ ဆာင်ရွက်မှာပါ။ ဒလ ဘက်ကမ်းက တစ်လအတွင်းလောက် ဆို ဖျက်လို့ပြီး တယ်။ ဖျက်ပေးမယ့် သူတွေကလည်း ကျေကျေနပ်နပ် ဖျက်ပေးကြမှာပါ။ တံတားဖြစ်လာ ရင် တိုးတက်လာကြမှာကိုသိကြပါ တယ်" ဟု ၎င်းက ပြော သည်။

လျော်ကြေးပေးရာတွင် တံတား တည်ဆောက်ရေးလုပ်ငန်းနှင့် မ လွတ်ကင်း သည့် အဆောက်အအုံ များနှင့် ဆိုင်ခန်းများကို အားလုံး နီးပါးခန့် လျော်ေ ကြးပေးပြီးဖြစ် ကြောင်း၊ တံတားတည်ဆောက်ရာ တွင် ဘေးအန္တရာယ်လုံခြုံဖို့ အတွက် အဓိကထားဆောင်ရွက်မည်ဖြစ် ကြောင်း ဦးယဉ်ထွေးကပြောသည်။

"ကမာကဆစ်ကူးတို့နှင့် အခြား မလွတ်ကင်းသည့် ကူးတို့တွေကို သင့်တော် တဲ့နေရာကို ပြန်လည်ရွှေ့ ပြောင်းပေးရမယ်။ လျှပ်စစ်ဓာတ် အားလိုင်းမီး တိုင်တွေနဲ့ဆက်သွယ် ရေးဖုန်းတိုင်တွေကိုလည်း ရွှေ့ ပြောင်းပေးရမယ်။ တံတားကနေ ပြီးတော့ လျော်ကြေးပေးထားတဲ့ ဧရိယာကို ခြံစည်းရိုးတွေ ကာမယ်။ကာပြီးမှ ၀င်ပေါက်တွေပြန်ဖွင့်ပေး မှာ။အသွားအလာထူထပ်တဲ့ ဧရိ ယာကို သတ်မှတ်ပြီးတော့ တံတား တည်ဆောက်နေတဲ့အချိန်မှာ လုပ် ငန်း လည်း အဆင်ပြေအောင် ပြည် သူလည်းအဆင်ပြေအောင်အဓိက ထားပြီးေ တာ့ဆောင်ရွက်မှာပါ"ဟု ၎င်းင်းက ပြောသည်။

တံတားဆင်ခြေလျောအရှည် မှာဒလဘက်ကမ်းတွင် ၆၀၁ မီတာ နှင့် လမ်း မတော်ဘက်ကမ်းတွင် ၅၇၅ မီတာရှည်လျားမည်ဖြစ်ကြောင်း သိရသည်။
"ဒလဒေသခံတွေအနေနဲ့က တော့ တံတားနဲ့ပတ်သက်ပြီးတော့ စိတ်ဝင် စားတယ်။ တံတားကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက် မှုတွေကိုေ မျှာ်လင့်တယ်။ မြန်မြန် ဖြစ်စေချင်တယ်။ မြို့အနေနဲ့က တော့ တံတားနဲ့ ပတ်သက်ပြီး ကန့် ကွက်တာတွေမရှိဘဲနဲ့ မြန်မြန်ပြီးစေချင်နေကြတယ်" ဟု ကမာက ဆစ်ရပ်ကွက်မှ ကိုမြင့်ဇော်ကပြော သည်။

ရန်ကုန်-ဒလတံတားစီမံကိန်း တည်ဆောက်စဉ်ကာလအတွင်း အများပြည်သူ သွားလာရလွယ်ကူ စေရေးအတွက် လမ်းဖောက်ရန် လိုအပ်သည့်အကျယ် အ၀န်းကို မြေ ရှင်များထံမှ လေးနှစ်တာမြေငှားခ အဖြစ် အိမ်ထောင်စု ၆၈ စုအား ကျပ် ၃၂၈ ဒသမ ၃၇ သိန်းနှင့် ဆိုင်ခန်း များအတွက် လျော်ကြေး ၅၈၈ သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဆောက် လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းမြေငှားရမ်းခပေးအပ်ပွဲ ကို မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့ တွင် ဒလမြို့ နယ်၊ ကမာကဆစ်ရပ် ကွက်၊ ကမာကဆစ်အနောက်ဘုန်းတော်ကြီးေ ကျာင်း၌ပြုလုပ်ခဲ့သည်။ မတ် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဒုတိယအကြိမ်ြေ မာက် အဖြစ် မြေငှားရမ်းခြင်းနှင့် မလွတ်ကင်း သည့်အဆောက်အအုံများ ဖယ်ပေး ရန်အတွက် ကျပ်၃၂၈ ဒသမ ၃၇ သိန်းနှင့် ဆိုင်ခန်းရှင်၂၁၃ ဦးအား ဆိုင်ခန်းများဖယ်ရှားပေးရန် ကျပ် ၅၈၈ သိန်းပေးအပ်ခဲ့ကြောင်း သိရ သည်။

ပထမအကြိမ်အဖြစ် တံတား စီမံကိန်းအတွင်းကျရောက်နေသော မြေခုနစ်ပေ သုံးလက်မအ တွက် သက်ဆိုင်ရာပိုင်ရှင်များအား လျော်ကြေးကို ၂၀၁၅-၂၀၁၆ ခုနှစ် အတွင်း ကျပ်သန်း ၁၀၀၀ ကျော် ပေးပြီးဖြစ်ကြောင်း သိရသည်။

တံတားစီမံကိန်းနှင့်မလွတ်ကင်းသည့်မြေများအား လျော်ကြေး ပေးဖယ်ရှားခြင်းနှင့် မြေယာယီငှား ရမ်းခြင်းနှင့်ပတ်သက်၍ကန့်ကွက် သူလုံးဝမရှိကြောင်း သိရသည်။

တံတားတည်ဆောက်မှုအား ၂၀၂၁ ခုနှစ် ဇွန်လတွင်ပြီးစီးမည်ဟု ခန့်မှန်း ထားသည်။ယင်းတံတားကို ကိုရီးယား နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (EDCF Loan)မှ ချေးငွေ အမေရိ ကန်ဒေါ် လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ပြည်တွင်းလိုအပ်ရန်ပုံငွေ အမေရိကန်ဒေါ် လာ ၃၀ ဒသ မ ၃၄၁ သန်းဖြင့်ဆောင်ရွက်မည် ဖြစ်ပြီး စုစုပေါင်း ခန့်မှန်း ကုန်ကျ စရိတ်အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း ကုန်ကျမည်ြ ဖစ် ကြောင်း သိရသည်။

Credit: Democracytoday

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
တစ်နှစ်မှာတစ်ခါ ပျော်ရွှင်စရာ ခရမ်းချဉ်သီးမှည့်များနဲ့ ပစ်ပေါက်ကြတဲ့ La Tomatina ခရမ်းချဉ်သီးပွဲတော်...
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
ငွေကြေးဖောင်းပွမှုများကြောင့် အိမ်ရာချေးငွေများ အခက်အခဲဖြစ်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
နိုင်ငံခြားသား ဝယ်ယူနိုင်သောကွန်ဒိုများကိုစိတ်ဝင်စားမှု မြင့်တက်နေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
သီလဝါအထူးစီးပွားဇုန်အတွင်းရှိ မြေယာများ ရောင်းအားကောင်းနေ
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲ Netflix အစီအစဉ်ရိုက်ကူးစဉ် ဖလော်ရီဒါတွင် တစ်ညလျှင် ဒေါ်လာ ၈၀၀၀ ဖြင့် တည်းခိုနေသော ဇိမ်ခံအပန်းဖြေစခန်း….....
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
အမေရိကန်ပြည် မွန်တားနားပြည်နယ်တွင် သမိုင်းဝင် (၃) ထပ် ဆေးရုံကြီးကို ၁၀ ဒေါ်လာမျှဖြင့် ရောင်းမည်...
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
နိုင်ငံခြားရောက် အလုပ်သမားများက အိမ်ခြံမြေ ဝယ်ယူမှုများနေ
ပြင်သစ်နိုင်ငံတွင် တချိန်က မော်ရိုကိုဘုရင်ပိုင်ဆိုင်ခဲ့ဖူးသော အခန်းပေါင်း ၁၀၀ ပါဝင်ကာ မြေအကျယ် ဧကပေါင်း ၂၄၀၀ ကျော်ရှိပြီး မြေအောက်ဥမင်လှိုင်ခေါင်းများ ပါဝင်သည့် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ် ကန်ဒေါ်လာ ၄၄၉ သန်းဖြင့် ရောင်းမည်...

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
လေ့လာစရာ ဥပဒေရေးရာ အဖြာဖြာ ....
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
သန်လျင်အိမ်ခြံမြေဈေး နှစ်ဆကျော်အထိ တက်လာ
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
စံပယ်ပန်းအမျိုးသမီး၊ ပြန်လမ်းမဲ့ဟိုတယ်၊ သီလရှင်သရဲ (သို့မဟုတ်) အမေရိကန်က လွန်စွာသရဲခြောက်သော မြို့ငယ်လေး
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
pan-swal-taw
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service