တောင်တရုတ်ပင်လယ်အတွင်းရှိ လူပေါင်း ၁၀၀၀ ကျော်နေထိုင်လျက်ရှိသော ပိုင်နက်အငြင်းပွားကျွန်းစုပေါ်တွင် နည်းပညာမြင့် ရုပ်ရှင်ရုံတစ်ခု တရုတ်ကဆောက်လုပ်

တောင်တရုတ်ပင်လယ်အတွင်းရှိ လူပေါင်း ၁၀၀၀ ကျော်နေထိုင်လျက်ရှိသော ပိုင်နက်အငြင်းပွားကျွန်းစုပေါ်တွင် နည်းပညာမြင့် ရုပ်ရှင်ရုံတစ်ခု တရုတ်ကဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com
27 Jul 2017 11:42 am တွင် တင်ခဲ့သည်
1463 ကြိမ် ကြည့်ရှု့ပြီး
တောင်တရုတ်ပင်လယ်အတွင်း လူပေါင်း ၁၀၀၀ ကျော်နေထိုင်လျက်ရှိကာ အာဆီယံနိုင်ငံအချို့နှင့် ပိုင်နက်အငြင်းပွားလျက်ရှိသော ကျွန်းတစ်ခုပေါ်တွင် နည်းပညာမြင့် ရုပ်ရှင်ရုံတစ်ခု တရုတ်က ဆောက်လုပ်လျက်ရှိကြောင်း စီအင်န်အင်န်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ရာတွင် ယခုဆောက်လုပ်လိုက်သည့် ရုပ်ရှင်ရုံသည် ပါရာဆယ်လ်ကျွန်းစုများအတွင်းရှိ ဝုဒီကျွန်း (တရုတ်အခေါ်-ယောင်ရှင်းကျွန်း) ပေါ်တွင် တည်ရှိပြီး တရုတ်ပြည်၏ တောင်ဘက်ဖျားအကျဆုံးဖြစ်သည်။

ရုပ်ရှင်ရုံတွင် ပရိုဂျက်တာ ၄ ခု ပါဝင်ပြီး ထိုင်ခုံ ၂၀၀ ဝင်ဆန့်သည်။
ဝုဒီကျွန်းသည် စတုရန်းတစ်မိုင်ပတ်လည် (၂ ဒသမ ၆ စတုရန်းကီလိုမီတာ) အကျယ်အဝန်းရှိပြီး တရုတ်ပြည်ဟိုင်နန်မှ မိုင် ၂၀၀ ခန့် ( ၃၂၀ ကီလိုမီတာ) အကွာတွင်တည်ရှိကာ ထိုင်ဝမ်နှင့်ဗီယက်နမ်နှစ်နိုင်ငံကလည်း ပိုင်ဆိုင်သည်ဟု ပြောကြားထားကြသော ကျွန်းဖြစ်သည်။

“ ဒီရုပ်ရှင်ရုံမှာ နေ့တိုင်း အနည်းဆုံးရုပ်ရှင်တစ်ကား ပြသသွားဖို့စီစဉ်ထားပါတယ်။ ယောင်ရှင်းကျွန်းမှာရှိတဲ့ ဒေသခံတွေနဲ့ စစ်သည်တွေဟာ ပြည်မကြီးက ရုပ်ရှင်ချစ်သူတွေနည်းတူ အပန်းဖြေနိုင်ကြတော့မှာ ဖြစ်ပါတယ် ” ဟု ဟိုင်နန်မီဒီယာအုပ်စုမှ အထွေထွေမန်နေဂျာ ဂူရှောက်ဂျင်က ပြောကြားသည်။

အဆိုပါကုမ္ပဏီသည် အနီးဝန်းကျင်ကျွန်းစုများတွင်လည်း အခမဲ့ရုပ်ရှင်ပြသနိုင်ရန်အတွက် ရွေ့လျားရုပ်ရှင်ပြစက် ၂ ခုဝယ်ယူခဲ့သည်ဟု
ဆိုသည်။တရုတ်အစိုးရပိုင်သတင်းမီဒီယာတို့၏ ထုတ်ပြန်ချက်အရ ဝုဒီကျွန်းပေါ်တွင် လူပေါင်း ၁၁၀၀ ဝန်းကျင်ခန့် နေထိုင်လျက်ရှိသည်ဟု ဆိုသည်။

တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရေပိုင်နက်နှင့် စပ်လျဉ်း၍ ထိုင်ဝမ်၊ မလေးရှား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံများနှင့် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိနေသည်။

တောင်တရုတ်ပင်လယ်အတွင်းရှိ စပရက်တ်လေကျွန်း၊ ပါရာဆယ်ကျွန်း၊ စကားဘရို့ခ်ျကျောက်တန်းတို့ကို ကွပ်ကဲစောင့်ကြပ်ရန် ရည်ရွယ်ကာ ဝုဒီကျွန်းပေါ်တွင် ဆန်ရှာအမည်ရှိ မြို့သစ်တစ်ခုကို ၂၀၁၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။

Asia Maritime Transparency Initiative ၏ ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်အတွင်းရှိ လူလုပ်ကျွန်းတုများပေါ်တွင် လေယာဉ်ကွင်းများနှင့် နည်းပညာမြင့်ရေဒါများ ဆောက်လုပ်၊ တင်ဆင်ပြီးစီးထားပြီဖြစ်သည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တောင်တရုတ်ပင်လယ်အတွင်းရှိ လူပေါင်း ၁၀၀၀ ကျော်နေထိုင်လျက်ရှိသော ပိုင်နက်အငြင်းပွားကျွန်းစုပေါ်တွင် နည်းပညာမြင့် ရုပ်ရှင်ရုံတစ်ခု တရုတ်ကဆောက်လုပ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service