အခွန်တံဆိပ်ခေါင်းမကပ်သည့် ရွှေဆိုင်များကို ဒဏ်ကြေး တိုးမြှင့်သွားရန်ရှိ

အခွန်တံဆိပ်ခေါင်းမကပ်သည့် ရွှေဆိုင်များကို ဒဏ်ကြေး တိုးမြှင့်သွားရန်ရှိ - Property News in Myanmar from iMyanmarHouse.com
14 Jul 2017 9:47 am တွင် တင်ခဲ့သည်
1042 ကြိမ် ကြည့်ရှု့ပြီး
အခွန်တံဆိပ်ခေါင်းမကပ်သည့် ရွှေဆိုင်များကို အရေးယူမည့် ဒဏ်ကြေးကို တိုးမြှင့်သွားရန်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက လွန်ခဲ့သော ရက်သတ္တပတ်က ပြောသည်။

''ပညာပေးကာလ ပြီးသွားပြီ။ အရေးယူမှုက ဇူလိုင် ၃ ရက်က စတယ်။ ရွှေ ဆိုင်ကတော့ စားသောက်ဆိုင်လို လုပ်လို့မရဘူး။ အသွင်ယူဖမ်းဖို့မလွယ်ဘူး။ အဲဒီတော့ ဆိုင်ပတ်ဝန်းကျင်မှာ သူတို့ရဲ့ ရောင်းအားတွေကို လေ့လာရုံေ လာက်ပဲ ရှိတယ်။ ကင်းအဖွဲ့နဲ့ ကွင်းဆင်းစစ်တာတော့ရှိတယ်''ဟု ၄င်းကြေ ပာသည်။

လောလောဆယ်တွင် အခွန်တံဆိပ်ခေါင်းမကပ်သည့် ရွှေဆိုင်များကို ကုန် သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၁ (စ) အရ စားသောက်ဆိုင်များကို အရေးယူ သည့် ပုံစံအတိုင်း ပထမအကြိမ် ပျက်ကွက်လျှင် ဒဏ်ငွေ ကျပ်နှစ်သိန်း၊ ဒုတိ ယအကြိမ် ကျပ် ငါးသိန်း၊ တတိယအကြိမ်ကျပ် ခုနစ်သိန်း၊ တတိယအကြိမ်
အထက်တွင်ကျပ် ၁ဝ သိန်း ဒဏ်ငွေရိုက်မည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

''ရွှေဆိုင်ကြတော့ စားသောက်ဆိုင် ဒဏ်ကြေးလောက်နဲ့ မရဘူး။ နှစ်သိန်းဆို တဲ့ ဒဏ်ကြေးက ခံနိုင်တဲ့ဟာ ဖြစ်နေတယ်။ ဒါကြောင့်ထပ်ပြီး ဖြည့်စွက်ဖို့ ရှိ တယ်။ရွှေဆိုင်ကို ဖြည့်စွက်လိုက်ရင် စားသောက်ဆိုင် ဒဏ်ကြေးလည်းြေ ပာင်းသွားနိုင်တယ်။ ဒါပေမဲ့ ဥပဒေမထွက်သေးတဲ့အတွက် ပြောလို့ မရသေး ဘူး။ ဥပဒေပြင်မယ်ဆိုတာကတော့ သေချာတယ်''ဟု ၄င်းက ပြောသည်။

ရွှေအခွန်စနစ်တွင် ရွှေထည်ပစ္စည်းတန်ဖိုး၏ တစ်ရာခိုင်နှုန်းကို အခွန်ေ ဆာင်ရမည်ဖြစ်ပြီး ကျောက်မျက်ပါပါက အဆိုပါ ကျောက်တန်ဖိုး၏ ငါးရာခိုင်နှု န်းကို ဝယ်ယူသူကို ကောက်ခံမည် ဖြစ်သည်။

''ရွှေလုပ်ငန်းရှင်အတော်များများက တစ်ရာခိုင်နှုန်းကို ဥပဒေအတိုင်းေ ကာက်ပေးကြပါတယ်။ ဘောက်ချာကိုင်ပြီးပြဿနာရှာရင် ကိုယ်ကပဲ ရှင်းပေး ကြရမှာလေ။ ဒါပေမဲ့ ရွှေကို များများဝယ်တဲ့သူ အတွက်တော့ အခွန်ကိုေ လျှာ့ပေးစေချင်ပါတယ်။ ဥပမာ တစ်ကျပ်သားဆို အခွန်ကတစ်ရာခိုင်နှုန်း
ဖြစ်ပေမဲ့ တစ်ပိဿာဆိုအခွန်က သုည ဒသမ ၂၅ ရာခိုင်နှုန်းလိုမျိုးလုပ်ရင် အခွန်ပိုဆောင်ချင်လာကြမယ်။ (ရွှေဝယ်ပမာဏ) များတဲ့သူကို အခွန်ဆောင် ချင်လာအောင် ကောက်စေချင်ပါတယ်။ ဒါက ကျွန်တော်တို့ ဆိုင်တွေအ တွက် ပြောတာမဟုတ်ပဲ ဝယ်သူဘက်ကစဉ်းစားပြီး ပြောပြတာပါ။

ဒီမှာက အခွန်စနစ်ကို မယဉ်ပါးသေးပါဘူး။ ယဉ်ပါးသွားပြီဆိုမှ တဖြည်းဖြည်း တိုးသွားသင့်ပါတယ်။ ဒီအချက်ကို အခွန်ဌာနက တာဝန်ရှိတဲ့သူ တွေနဲ့ တွေ့ တဲ့အခါတွေမှာလည်း ကျွန်တော်ပြောပြ ဖြစ်ပါတယ်''ဟု အောင်သမာဓိရွှေ ဆိုင်မှ ဦးအောင်က ယခုလ ၃ ရက်က တယ်လီဖုန်းဖြင့် မေးမြန်းရာတွင်ြေ ပာသည်။

ပြည်တွင်းရွှေဈေးမှာ ဇွန်လနောက်ဆုံးပတ်အထိ အခေါက်ရွှေ တစ်ကျပ်သား လျှင် ကျပ် ၉၁ဝ,ဝဝဝ ဝန်းကျင်တွင် အချိန်အတန်ကြာ ရပ်တည်ခဲ့သော်လည်း ဇူလိုင်လပထမပတ်တွင် ကျပ် ကိုးသိန်းအောက် ပြန်ရောက်ခဲ့ရာ ဇူလိုင် ၁၁ ရက်တွင် ရန်ကုန်ဈေးကွက်တွင် ကျပ် ၈၈၈,ဝဝဝ နှင့် မန္တလေးဈေးကွက်တွင် ကျပ် ၈၈၇,၅ဝဝ ပေါက်ဈေးရှိခဲ့သည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ...

တရုတ်ပြည်တွင် စိတ်မပျော်ရွှင်လျှင် ခွင့်ယူနိုင်သော စူပါမာ့ကက်

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...

(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...

ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...

နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း

ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...

(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...

ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ

ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင

အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး

ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ

INNO CITY
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service