တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်တွင် ယွမ် ၉၀၀၀၀ (မြန်မာငွေ သိန်း ၁၇၀ ကျော်) အကုန်အကျခံဆောက်လုပ်ခဲ့သည့်တံတား ဖွင့်လှစ်ပြီး ၂ နာရီအတွင်း ပြိုကျ

တရုတ်နိုင်ငံ၊ ရှန်ဇီပြည်နယ်တွင် ယွမ် ၉၀၀၀၀ (မြန်မာငွေ သိန်း ၁၇၀ ကျော်) အကုန်အကျခံဆောက်လုပ်ခဲ့သည့်တံတား ဖွင့်လှစ်ပြီး ၂ နာရီအတွင်း ပြိုကျ - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 11:42 am တွင် တင်ခဲ့သည်
890 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှန်ဇီပြည်နယ်တွင် ယွမ် ၉၀၀၀၀ (မြန်မာငွေ သိန်း ၁၇၀ ကျော်) အကုန်အကျခံ ဆောက်လုပ်ခဲ့သည့်
တံတားဖွင့်လှစ်ပြီး ၂ နာရီအတွင်း တံတား၏တစ်နေရာ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဟောင်ကောင်အခြေစိုက်
သတင်းဝက်ဘ်ဆိုက် တစ်ခု တွင် ဖော်ပြသည်။

တံတားမှာ ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသည့် တံတားဖြစ်ပြီး မီတာ ၂၀ (၆၅ ဒသမ ၆ ပေ) ရှည်လျားပြီး အမြင့်မှာ ၆ မီတာ
(၁၉ ဒသမ ၆ ပေ) ခန့်ရှိသည်။

ရှန်ဇီပြည်နယ်၊ ဒန်ဖန်ခရိုင်ရှိ ကျေးရွာတစ်ရွာကို အဝေးပြေးလမ်းမကြီး
တစ်ခုနှင့် ဆက်သွယ်ပေးရန်အတွက် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါတံတားကို ၂ လခန့် အချိန်ယူဆောက်လုပ်ခဲ့ရပြီး တံတားဖွင့်လှစ်ပြီးနောက် ၂ နာရီခန့်မျှအတွင်း ပြိုကျမှုဖြစ်ပွားခဲ့ခြင်း
လည်း ဖြစ်သည်။

တံတားဆောက်လုပ်သူတို့သည် အရည်အသွေးနိမ့်သည့် ကျောက်တုံးများကိုသုံးကာ ဘိလပ်မြေအလွန်နည်းပါးစွာသုံးခဲ့သည်
ဟု ရွာသားများက သံသယရှိနေကြသည်။

တံတားဆောက်လုပ်ရေးအဖွဲ့မှ အကြီးအကဲကပြောကြားရာတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တံတားပြိုကျရခြင်းဖြစ်ပြီး ပြန်လည်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တံတားဆောက်လုပ်ရာတွင် ယွမ်ငွေ ၉၀၀၀၀
(မြန်မာငွေ သိန်း ၁၇၀ ကျော်) ကုန်ကျခဲ့ပြီး ယွမ် ၅၀၀၀၀ မှာ ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့မှ စိုက်ထုတ်ပေးခြင်းဖြစ်ပြီး ကျန်ငွေများကိုမူ
ရွာသားများ၏ စုပေါင်းထည့်ဝင်ပေးကြခြင်း ဖြစ်သည်။

တံတားဆောက်လုပ်ရန် အတည်ပြုခဲ့သော ခရိုင်ပရဟိတအသင်းနှင့် ယွမ် ၅၀၀၀၀ ကျခံပေးခဲ့သည့် ဒေသတွင်းဘဏ္ဍာရေးဌာနတို့သည် တံတားဆောက်လုပ်မှုကို အလေးထားကွပ်ကဲရန် ပျက်ကွက်ခဲ့ကြောင်းလည်း China Business Review က သုံးသပ်ထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service