ကမ္ဘာ့အကြီးမားဆုံးလေကြောင်းပျံသန်းမှု ဗဟိုချက်မဖြစ်လာမည့် ဘေဂျင်းလေဆိပ်သစ်

ကမ္ဘာ့အကြီးမားဆုံးလေကြောင်းပျံသန်းမှု ဗဟိုချက်မဖြစ်လာမည့် ဘေဂျင်းလေဆိပ်သစ် - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 10:35 am တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တောင်ပိုင်း မှာ စတင်တည်ဆောက်နေပြီဖြစ်တဲ့
ဘေ ဂျင်းလေဆိပ်သစ်ကြီးက ကမ္ဘာ့အကြီးမားဆုံး လေကြောင်းပျံသန်းမှု ဗဟိုချက်မ ဖြစ်လာတော့မယ်လို့ ဘဏ္ဍာရေးဆိုင် ရာမီဒီယာဌာနဖြစ်တဲ့
Bloomberg သတင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

တရှင်း ခရိုင်တောင်ပိုင်း၊ ဟီဘေးပြည်နယ် နယ် နိမိတ်အနီးမှာတည်ရှိမယ့် ဒီဘေဂျင်း လေဆိပ်သစ်ကြီးကို ၂၀၁၉ခုနှစ်မှာ စတင် ဖွင့်လှစ်အသုံးပြုသွားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဘေဂျင်းမြို့မှာ နေ့စဉ် ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်ပျံသန်းပြေး ဆွဲမှုတွေ လိုအပ်ချက်ရှိနေပြီး ထောက်ပံ့ ပေးနိုင်မယ့်အရင်းအမြစ်မလုံလောက်တာ ကြောင့် ခရီးစဉ်လိုအပ်ချက်တွေကို ငြင်း ဆန်နေခဲ့ရတဲ့အတွက် ဘေဂျင်းမြို့မှာ လေကြောင်းပျံသန်းရေးဌာနသစ်ကြီး တစ်ခုထပ်မံတည်ဆောက်ဖို့လိုအပ်နေခဲ့ တာကြောင့် ဘေဂျင်းလေဆိပ်သစ်ကြီး ကိုတည်ဆောက်ခဲ့တာဖြစ်တယ်လို့ လက် ရှိဘေဂျင်းလေဆိပ်စီမံခန့်ခွဲမှု ကုမ္ပဏီဖြစ် တဲ့ Capital Airports Holding Co., ရဲ့ အထွေထွေမန်နေဂျာ လွီဆွေဆုန်က ပြောကြားခဲ့ပါတယ်။

လေဆိပ်သစ်တည် ဆောက်မှုအတွက် ဒေါ်လာ ၁၂ ဒသမ ၉ ဘီလျံ အကုန်အကျခံတည်ဆောက်သွား မှာဖြစ်ပြီး လေယာဉ်ပြေးလမ်း ခုနစ်ခု ပါရှိသွားမှာဖြစ်ကာ နှစ်စဉ် ခရီးသည်ဦးရေ သန်း ၁၀၀ကို ဝန်ဆောင်မှုပေးသွားမှာဖြစ် တယ်လို့သိရပါတယ်။

ဘေဂျင်းမြို့အပြင် ထျန်ကျင်းနဲ့ ဟီဘေးပြည်နယ်တွေရဲ့ မြို့တွေဆီကနေ လေဆိပ်သစ်ကြီးဆီ ဆက်သွယ်ပြေးဆွဲမယ့် မြေအောက်ရထား လမ်းကြောင်းတွေ၊ ရထားလမ်းတွေနဲ့ အဝေးပြေးဘတ်စကားပြေးလမ်းတွေ လည်း ပါရှိသွားမှာဖြစ်တယ်လို့သိရပါ တယ်။

ဘေဂျင်းမြို့လယ်နေရာကနေ အဆိုပါလေဆိပ်သစ်ကြီးဆီ နာရီဝက် ကြာခန့် အချိန်ယူသွားလာနိုင်မှာဖြစ်တယ် လို့ ခန့်မှန်းထားပါတယ်။

Credit; Pyi Myanmar
ကမ္ဘာ့အကြီးမားဆုံးလေကြောင်းပျံသန်းမှု ဗဟိုချက်မဖြစ်လာမည့် ဘေဂျင်းလေဆိပ်သစ် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ့အကြီးမားဆုံးလေကြောင်းပျံသန်းမှု ဗဟိုချက်မဖြစ်လာမည့် ဘေဂျင်းလေဆိပ်သစ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service