ရှန်ဟိုင်းအိမ်သစ်ရောင်းအား ဆက်လက်ကျဆင်းသော်လည်း ဈေးနှုန်း မြင့်တက်

ရှန်ဟိုင်းအိမ်သစ်ရောင်းအား ဆက်လက်ကျဆင်းသော်လည်း ဈေးနှုန်း မြင့်တက် - Property News in Myanmar from iMyanmarHouse.com
24 May 2017 1:26 pm တွင် တင်ခဲ့သည်
502 ကြိမ် ကြည့်ရှု့ပြီး
အိမ်ဝယ်လက်များနှင့် အိမ်ခြံမြေ developer
(မြေယာဝယ်ယူ၍ အဆောက်အအုံဆောက်လုပ်ရောင်းချရေးကုမ္ပဏီ) များအကြား စောင့်ကြည့်မူဝါဒစွဲကိုင်ခဲ့ကြသဖြင့် ပြီးခဲ့သည့် သီတင်းပတ်က ရှန်ဟိုင်းအိမ်သစ်ရောင်းအား သီတင်းပတ်သုံးပတ်ဆက်တိုက် ကျဆင်းခဲ့သည်။

အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ မေ ၂၁ (တနင်္ဂ​နွေ) တွင် ကုန်ဆုံးခဲ့သော ပြီးခဲ့သည့် သီတင်းပတ်တွင် ရောင်းချခဲ့ရသော အိမ်သစ်ဧရိယာသည် ၁၂၈,၈၀၀ စတုရန်းမီတာ ရှိခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အာက် ၁၄ ရာခိုင်​နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline Property Consultants Co က ယခုသီတင်းပတ် တနင်္လာနေ့ (မတ် ၂၂) က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

အိမ်သစ်များကိုရောင်းချခဲ့ရသည့်ဈေးနှုန်းမှာမူ ၁ စတုရန်းမီတာလျှင် ပျမ်းမျှ ၅၂,၈၀၅ ယွမ် (အမေရိကန်ဒေါ်လာ ၇,၆၇၂) ရှိခဲ့ကြောင်း၊ ယင်းမတိုင်မီ သီတင်းပတ်ထက် ၈ ဒသမ ၅ ရာခိုင်​နှုန်း မြင့်တက်ခဲ့ကြောင်းလည်း Centaline ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့စွန်ရှိ ဆုန်ကျန်းခရိုင်က ခရိုင်အားလုံးအနက် အိမ်သစ်ဧရိယာ ၁၇,၀၀၀ စတုရန်းမီတာ ရောင်းချခဲ့ရမှုဖြင့် အများဆုံးရောင်းချခဲ့ရသည့် ခရိုင်ဖြစ်သည်။

"ဘယ်စီမံကိန်းကမှ အခန်း ၁၀၀ ကျော်အောင် မရောင်းချခဲ့ရတာက ဈေးကွက်တော်တော်လေး အားပျော့ခဲ့တာရဲ့ အထင်ရှားဆုံးပြယုဂ်တစ်ခုပါပဲ" ဟုလည်း Centaline ၏ သုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။

ရောင်းလိုအားသစ်ကလည်း အလွန်ကျဆင်းနေသဖြင့် အိမ်သစ်ရောင်းအားသည် ယင်းကဲ့သို့ ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်းလည်း လုက ခန့်မှန်းခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း စီမံကိန်း ၂ ခု ဧရိယာအားဖြင့် စတုရန်းမီတာ ၆၆,၀၀၀ သာ ဈေးကွက်ထဲ ဝင်ရောက်ခဲ့ပြီး ယင်းမတိုင်မီသီတင်းပတ်အောက် ၃၉ ရာခိုင်​နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...

ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service