ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်း ဧကငါးသောင်းခန့်ထိ တိုးချဲ့မည်

ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်း ဧကငါးသောင်းခန့်ထိ တိုးချဲ့မည် - Property News in Myanmar from iMyanmarHouse.com
8 May 2017 9:57 am တွင် တင်ခဲ့သည်
1169 ကြိမ် ကြည့်ရှု့ပြီး
ဒေသခံတို့၏ အကျိုးစီးပွားကို ပိုမို ကာကွယ်ပေးနိုင်ရန် ပုဂံရှေးဟောင်းဇုန် နယ်နိမိတ် အကျယ်အဝန်းကို ဧက ငါးသောင်းခန့်အထိ တိုးချဲ့ သတ်မှတ်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရှိရသည်။

လက်ရှိ သတ်မှတ်ထားသည့် ဧကအပြင် ထပ်မံ၍ ဧရိယာ ၂၀၁၂၉
ဧက တိုးချဲ့ကာ ညောင်ဦးမြို့အရှေ့ဘက်ရှိ ယုန်လွှတ်ကျွန်းနှင့် ဧရာဝတီ မြစ်တစ်ဖက်ကမ်းရှိ တန့်ကြည့်တောင် (မကွေးတိုင်းဒေသကြီး)
တို့ကိုပါ ထည့်သွင်း သတ်မှတ်နိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက စီစဉ်နေခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တိုးချဲ့ သတ်မှတ်ခြင်းဖြင့် မြို့၊ ရွာ၊ ရပ်ကွက်တို့ ရွှေ့ပြောင်းခြင်း၊ တည်ဆောက်ပြီးသည့် ဟိုတယ်၊ မိုတယ်များ ဖျက်ခြင်းတို့ကို
လုံးဝ ပြုလုပ်မည် မဟုတ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက ပြောကြားသည်။

ပုဂံနှင့် ညောင်ဦးမြို့တို့သည် လက်ရှိတွင် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရာဇုန် (Monumental Zone) အတွင်းရှိနေပြီး အဆိုပါမြို့တို့ကို အဆိုပြု ရှေးဟောင်းဇုန် (Proposal Buffer Zone) အတွင်း ထည့်သွင်းလိုက်မည်ဆိုပါက မြို့နှစ်မြို့၏ ရပ်တည်မှု ပိုမို ခိုင်မာသွားခြင်း၊ မြို့သူမြို့သားများ စိုးရိမ်ပူပန်မှု ကင်းစွာ နေထိုင်နိုင်ခြင်း၊ တည်ဆောက်ပြီးစီးထားသည့် ဟိုတယ်၊ မိုတယ်၊ စီးပွားရေး အဆောက်အအုံများ ဆက်လက် ရပ်တည်ခွင့်ရခြင်းတို့အပြင် ဒေသခံ အကျိုးစီးပွားအတွက် SME ဟု ခေါ်သည့် အသေးစားနှင့် အလတ်စား အိမ်တွင်းစီးပွားများကိုလည်း တည်ထောင်ခွင့် ရရှိကြမည်ဖြစ်ကြောင်း ဝန်ကြီးက ရှင်းပြသည်။

“ဇုန်ပြင်ဆင်သတ်မှတ်ရင် ဒေသခံတို့ အကျိုးစီးပွား ပိုမို အကာအကွယ်ပေးနိုင်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ၎င်းက ကတိပေး ပြောဆိုသည်။

လက်ရှိ ပုဂံဒေသ၏ ရှေးဟောင်းဇုန် ဧရိယာမှာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင်သာ သတ်မှတ်ထားပြီး တစ်ဖက်ကမ်းရှိ တန့်ကြည့်တောင် အပါအဝင် မြစ်အလယ်မှ ကျွန်းကြီးများ ရှိနေသည့်အတွက် ထိုဝန်းကျင်တွင် ဟိုတယ်ဖွင့်လှစ်ခြင်း၊ ကွန်ဒိုကြီးများ တည်ဆောက်ခြင်းတို့ လုပ်ဆောင်ကြမည်ဆိုလျှင် ပုဂံ၏မြင်ကွင်းတို့ ပျောက်ကွယ်စေနိုင်၍ ဧရာဝတီမြစ်ကို ကာကွယ်ခြင်းနှင့်အတူ ဇုန်ဧရိယာကို တိုးချဲ့ရခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောကြားထားသည်။

လက်ရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသကို ရပ်ကွက်ရှစ်ခု၊ ကျေးရွာ ငါးရွာ ပါဝင်ပြီး ဧရိယာ ၇၆၈၅ ဧက ကျယ်ဝန်းသည့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရာဇုန် (Monumental Zone)၊ ရပ်ကွက် ကိုးခု၊ ကျေးရွာသုံးရွာ ပါဝင်ပြီး ဧရိယာ ၆၄၁၇ ကျယ်ဝန်းသည့် ရှေးဟောင်းနေရာ တည်ရှိရာဇုန် (Ancient Zone)၊ ကျေးရွာအုပ်စု သုံးခုပါဝင်ပြီး ဧရိယာ ၁၃,၈၆၈ ဧက ကျယ်ဝန်းသည့် ကာကွယ်ထိန်းသိမ်းထားသောဇုန် (Protected Zone)၊ စုစုပေါင်း အကျယ်အဝန်း ဧရိယာ ၂၇,၉၇၀ ဧကဖြင့် ဖွဲ့စည်းထားသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃ ဦးထွန်းကား...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...
မဟတ္တမ ဂန္ဓီက မိမိအပေါ် မျက်မုန်းကျိုးနေသည့် ဆရာဖြစ်သူ ဗြိတိသျှ ပါမောက္ခအား သာသာနှင့် နာနာနှက်ကာ ပညာပေးခန်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service