ယူအေအီးအခြေစိုက် ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင်က ကုမ္ပဏီအောင်မြင်အောင်မည်သို့ လျှောက်လှမ်းခဲ့ရ သည်ကို ဟားဗတ်တက္ကသိုလ်တွင် ဟောပြော

ယူအေအီးအခြေစိုက် ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင်က ကုမ္ပဏီအောင်မြင်အောင်မည်သို့ လျှောက်လှမ်းခဲ့ရ သည်ကို ဟားဗတ်တက္ကသိုလ်တွင် ဟောပြော - Property News in Myanmar from iMyanmarHouse.com
28 Apr 2017 11:52 am တွင် တင်ခဲ့သည်
1276 ကြိမ် ကြည့်ရှု့ပြီး
အာရပ်စော်ဘွားများ ပြည်ထောင်စုအခြေစိုက် ကမ္ဘာ့ထိပ်တန်းအိမ်ခြံမြေ developer ကုမ္ပဏီဖြစ်သော Emaar ပိုင်ရှင်က ကုမ္ပဏီအောင်မြင်အောင်မည်သို့ လျှောက်လှမ်းခဲ့ရ သည်
ကို ဟားဗတ်တက္ကသိုလ်တွင် ဟောပြောခဲ့ကြောင်း အရှေ့အလယ်ပိုင်း
အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဒူဘိုင်းတွင် အခြေစိုက်သည့် Emaar ကုမ္ပဏီ တည်ထောင်သူ၊ ဥက္ကဌ မိုဟာမက် အယ်လာဘာသည် ဟားဗတ်စီးပွားရေးကျောင်းတွင်
ကုမ္ပဏီ၏ အောင်မြင်မှုသို့ ချီတက်ခဲ့ပုံများကို ကျောင်းသား
၈၀ ကျော်အား မျှဝေဟောပြောခဲ့ခြင်း ဖြစ်သည်။

ဟားဗတ်စီးပွားရေးကျောင်းတွင် ဒုတိယနှစ် MBA course
အဖြစ် ထွန်းသစ်စဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံခြင်း
အကြောင်းရပ်ကို ဦးတည်သင်ကြားမည်ဖြစ်ရာ ဟားဗတ်မှ ကထိကတစ်ဦးဖြစ်သူ ဆစ်ဒ်ယော့ဂ်ျက Emaar ကုမ္ပဏီကို
“ယနေ့နှင့် မနက်ဖြန်၏
ဗဟိုချက်” ဟူသောခေါင်းစဉ်ဖြင့် လေ့လာရန် ရွေးချယ်ခဲ့ခြင်း
ဖြစ်သည်။

Emaar ကုမ္ပဏီလေ့လာရေးစီမံကိန်းကို ယော့ဂ်ျနှင့်အတူ သုတေသနပညာရှင်နှစ်ဦးဖြစ်သော အက်ဆယ်လ်စီကင်နှင့် မာ့ခ် ဟွမ်ဆီတို့ ပူးပေါင်းအကောင်အထည်ဖော်ကြမည်ဖြစ်ပြီး ကုမ္ပဏီ၏ လုပ်ငန်းအကောင်အထည်ဖော်မှုများကို ခရေစေ့တွင်းကျ
သုံးသပ်မည်ဖြစ်သည့် အပြင် ကုမ္ပဏီ၏ထိပ်တန်းစီမံခန့်ခွဲရေးကို အသေးစိတ်တွေ့ဆုံမေးမြန်းမှုများလည်း ပြုလုပ်သွားမည် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းများ ကြုံတွေ့စဉ်ကာလ
အတွင်း အပေါင်းလက္ခဏာပြအောင် ကြိုးပမ်းနိုင်သည့်
တစ်ခုတည်းသော ဒူဘိုင်းအိမ်ခြံမြေ developer ဖြစ်လာအောင် အယ်လာဘာက မည်သို့ ပဲ့ကိုင်မှုပေးခဲ့သည်ကို သုံးသပ်သွားကြမည် ဖြစ်သည်။

အယ်လာဘာက ဟားဗတ်တွင် ဟောပြောခဲ့ရာ၌ ဆယ်စုနှစ် ၂ ခု မရှိသေးသည့် ကာလအတွင်းတွင်ပင် Emaar သည်
အရှေ့အလယ်ပိုင်း အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍတွင်
ထိပ်တန်း player ဖြစ်လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

“ယနေ့ခေတ်ဟာ customer တွေရဲ့ တောင်းဆိုချက်တွေ၊ ပြောင်းလဲမှုမြန်ဆန်တဲ့ ဈေးကွက်အခင်းအကျင်းတွေကို ဘယ်လောက်မြန်မြန်ထက်ထက်၊ ပြုလွယ်ပြောင်းလွယ်
တုံ့ပြန်နိုင်စွမ်းအား ကောင်းလဲဆိုတာတွေက
ကုမ္ပဏီနဲ့အနာဂတ်ကို အဓိပ္ပာယ်ဖွင့်ပေးတဲ့ကာလဖြစ်ပါတယ်”
ဟု အယ်လာဘာက ပြောကြားခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး...

အမြွှာညီအစ်ကို ၂ ဦးက အမြွှာညီအစ်မ ၂ ဦးနှင့် လက်ထပ်၊ ၎င်းတို့မှ မွေးဖွားလာမည့် ကလေးများမှာ DNA အရ မောင်နှမအရင်းများဖြစ်လာမည်...

ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျှပ်စစ်မလိုဘဲ အခန်းများကို မီးလင်းစေ...

ကလေးကို ချိုးနှိမ်ပြောတဲ့အခါ မိဘကို မမုန်းပေမယ့် ကိုယ့်ကိုယ်ကို မုန်းတီးသွားကြ

စတန်းဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်တို့က ကင်ဆာဆဲလ်များ မိမိဘာသာ သတ်သေစေမည့် မော်လီကျူးတစ်မျိုး တီထွင်လျက်ရှိ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဦးနှောက်စားသည့် amoeba နှာခေါင်းမှ ဝင်ကာ သေဆုံး

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့

စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...

မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...

ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ

ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ

နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ

မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service