ကျူးပြဿနာဖြေရှင်းနိုင်ရေး ထိုင်းပညာရှင်အကြံပြု

ကျူးပြဿနာဖြေရှင်းနိုင်ရေး ထိုင်းပညာရှင်အကြံပြု - Property News in Myanmar from iMyanmarHouse.com
27 Mar 2017 10:58 am တွင် တင်ခဲ့သည်
2081 ကြိမ် ကြည့်ရှု့ပြီး
ကျူးကျော်ပြဿနာဖြေ ရှင်းနိုင်ရန် အစိုးရနှင့် ကျူးကျော် နေထိုင်သူများ၊ လူမှုကူညီရေး အ ဖွဲ့အစည်းများ ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ကြောင်း မြို့ပြ ဆင်းရဲသားအရေး လေ့လာသူ ထိုင်းနိုင်ငံပညာရှင် ဒေါက်တာ ဘွန်လတ်ထ်ဗီဆာပီချာက အကြံ ပြုပြောကြားသည်။

ထိုင်းအစိုးရက ကျူးကျော် များအတွက် အိမ်ရာများ ချထား ပေးရန် စာရင်းကြေညာသည့်အ ချိန်၌ ထိုင်းနိုင်ငံရှိ ဆင်းရဲသားများ စုပေါင်းဖွဲ့စည်းထားသည့် အဖွဲ့ အစည်းများရှိသဖြင့် ကျူးကျော် မဟုတ်သူများ မပါဝင်လာရန် တားဆီးပေးနိုင်ခဲ့ပြီး အမှန်တ ကယ် လိုအပ်သူများသာ ရရှိခဲ့သည့် ရလဒ်ကောင်းများ ရှိခဲ့ကြောင်း မတ်လ ၂၅ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သည့် မြို့ပြဆင်းရဲသားများ အရေး ဆွေးနွေးပွဲ၌ ဒေါက်တာဗီဆာပီချာက ပြောသည်။

‘‘ထိုင်းမှာလုပ်ခဲ့တဲ့ ဖြေရှင်း နည်းတွေထဲမှာ အစကလူတွေကို မောင်းထုတ်တယ်။ အထပ်မြင့် အဆောက်အအုံတွေ ဆောက် ပေးတယ်။ နောက်ရွှေ့ပြောင်းနေ ရာချတယ်။ ဒီနည်းတွေနဲ့ဖြေရှင်း တဲ့အထဲမှာ အဆင်အပြေဆုံးက သူတို့မူလနေထိုင်ရာ နေရာနဲ့ မနီး မဝေးမှာ အစိုးရက မြေနေရာကို နှစ်ရှည်ငှားရမ်းခွင့် ပေးလိုက် တယ်။ လမ်း၊ ရေ၊ မီးထောက်ပံ့ ပေးတယ်။ ဒီလိုအဆင်ပြေပြေအကောင်အထည်ပေါ်လာဖို့ဆိုတာ လည်း ဆင်းရဲသားတွေစုပြီး ဖွဲ့ ထားတဲ့ အဖွဲ့အစည်းတွေက တွန်းတွန်းတိုက်တိုက်၊စည်းစည်း လုံးလုံးနဲ့ အစိုးရနဲ့ အချိန်ယူ ဆွေး နွေးတောင်းဆိုခဲ့ပြီးမှ ရခဲ့တာပါ’’ ဟု ၎င်းကဆက်လက်ပြောသည်။

ထိုင်းအစိုးရသည် ကျူး ကျော်အိမ်ရာပြဿနာကို နှစ် ပေါင်းလေးဆယ်ကျော်ဖြေရှင်းခဲ့ ပြီး မူဝါဒအမျိုးမျိုးဖြင့် ဖြေရှင်းခဲ့ ကာ အောင်မြင်မှုများရှိခဲ့သလို ဆုံးရှုံးနစ်နာမှုများ ရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျူးကျော်အိမ်ရာပြဿနာ ဖြေရှင်းပုံနည်းလမ်းများကို လေ့လာပြီး သင်ခန်းစာယူရန် လိုအပ်ကြောင်း ၎င်းက အကြံပြုပြောကြားသည်။

ကျူးကျော်နေထိုင်သူများ အား ဈေးနှုန်းသက်သာသော အထပ်မြင့် အဆောက်အအုံများကို တည်ဆောက်ပေးခြင်းနှင့် ဝေးလံ သောနေရာများတွင် နေရာချထားခြင်းသည် အဆင်ပြေမှုနည်းပြီး ဆင်းရဲသားများက ရရှိလာသော အခန်းနှင့် မြေနေရာများကို ပြန် လည်ရောင်းချပြီး မြို့ပြ၌ ပြန် လည် အခြေချနေထိုင်သဖြင့် ပြဿနာကို ဖြေရှင်းရာမရောက် ဘဲ အိမ်ခြံမြေဈေး ပိုမိုကြီးမားလာ သည်ကို နိုင်ငံအတော်များများ တွင် တွေ့ရကြောင်း
ဒေါက်တာ ဗီဆာပီချာကဆိုသည်။

အစိုးရအနေဖြင့် လက်ရှိနေ ထိုင်သောနေရာမှ အတင်းရွှေ့ ပြောင်းပါက မိသားစုဘ၀ ဒုက္ခ ရောက်မည်ကို စိုးရိမ်ကြောင်းနှင့် ဆင်းရဲသားများအနေဖြင့် လူမှုဖွံ့ ဖြိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အစိုးရထံ ၎င်းတို့၏
အ ခက်အခဲများနှင့် ပူးပေါင်းပါဝင် နိုင်မှုများကို တင်ပြလိုကြောင်း လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု စည်ပင်သာယာ နယ်နိမိတ်လမ်းပေါ်တွင် နေထိုင် သူ ဦးစိုးသိန်းကပြောသည်။

‘‘စည်ပင်လမ်းမှာနေနေရ တော့ ဘယ်နေ့များလာပြီး ဖျက်မ လဲဆိုပြီး စိုးရိမ်စိတ်နဲ့ နေနေရတာ ပေါ့လေ။ နို့တစ်စာတွေ လာပို့ တာတော့ရှိတယ်။ ရွှေ့ပြောင်းစ ရာ နေရာမရှိတော့ ပေးပြီးနေနေ ရတယ်။ ဒီနေရာလေးမှာ
မရှိပေမယ့် နေ့စားထွက်လုပ်ရင်တောင် တစ်နေ့ ၆,၀၀၀၊ ၇,၀၀၀ လောက်တော့ရသေးတယ်။ ဒီအနီးအနား မှာပဲ နေရာချထားပေးရင်ကောင်းမယ်ပေါ့လေ’’ဟု ၎င်းကပြော သည်။

‘‘အတင်းရွှေ့ပြောင်းရင် တော့ ကျွန်တော်တို့က အဆုံးအရှုံးများသွားမှာပေါ့။ နေရာထိုင် ခင်းမ၀ယ်နိုင်တဲ့အတွက် သားစဉ် မြေးဆက် ဒုက္ခရောက်မှာပေါ့။ ရွှေ့ပြောင်းစရာ နောက်ထပ် နေ ရာမရှိဘူးလေ’’ဟု ဦးစိုးသိန်းက ပြောသည်။

ကျူးကျော်နေထိုင်သူများ အနေဖြင့် ၎င်းတို့ရရှိထားသော နေရာများကို တစ်ဆင့်ပြန်လည် ရောင်းချခြင်းသည် အကြောင်းအ မျိုးမျိုးရှိပြီး ကျူးကျော်နေထိုင်သူ များ အသက်မွေးဝမ်းကျောင်းပြု ရန် အဆင်မပြေသဖြင့် ရောင်းချ ခြင်းနှင့် အခွင့်အရေးကို အသုံးချ လုပ်စားသူများရှိကြောင်း ဆင်းရဲ သားကျူးနှင့်လုပ်စားသူ ကွဲပြား သွားအောင် ကျူးကျော်နေထိုင်သူ များကို စည်းရုံးဆွေးနွေးမှုများ ဆောင်ရွက်နေကြောင်း ဗေဒါ လူမှုဖွံ့ဖြိုးရေးအဖွဲ့ အစီအစဉ် ညှိနှိုင်းရေးမှူး ဦးစောကဲဇာက ပြောသည်။

‘‘ကျူးကျော်တွေက သူတို့ရ တဲ့ဟာတွေကို ပြန်ရောင်းတယ် ဆိုတာက သူတို့နဲ့မကိုက်ဘူး။ နေ လို့မရဘူးဆိုရင် ပြန်ရောင်းမှာပဲ။ လုပ်စားတဲ့သူတွေလည်း ရှိနိုင် တယ်။ အဲဒါကြောင့် ကျွန်တော်တို့
အဖွဲ့က လူထုကိုစည်းရုံးရတယ်။ ကျူးဆိုရင် လူတွေကအထင်သေး တယ်။ လုပ်စားတဲ့သူတွေ စည်းကမ်းမရှိတဲ့သူတွေဆိုပြီး ထင် တယ်။ အဲဒီလိုထင်တာ မဟုတ် ဘူးဆိုတာကို ငါတို့သက်သေပြရ အောင်ဆိုပြီး စည်းရုံးတယ်။ ဒီ နည်းနဲ့ဆိုရင် လုပ်စားတဲ့သူနဲ့ တကယ်ဒုက္ခရောက်တဲ့သူနဲ့ ရှင်းရှင်းလင်းလင်းဖြစ်နိုင်မယ်လို့ ထင်ပါ တယ်’’ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီ ညီက ကျူးကျော်နေထိုင်သူများ အချင်းချင်းစုစည်းပြီး ၎င်းတို့၏ လိုအပ်ချက် သဘောထားများကို အစိုးရထံ တင်ပြရန်စီစဉ်ခြင်း သည်ကောင်းမွန်သော အချက် ဖြစ်ပြီးလက်ရှိအချိန်တွင် ကျူး ကျော်စာရင်း အတိအကျကောက်
ယူခြင်း ဆောင်ရွက်ရန် လိုအပ် ကြောင်း အကြံပြုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ရေဂါလံတစ်သန်းကျော်နေ့စဥ်ပေးဝေမည့် ဒလရေပေးဝေရေးစီမံကိန်း အမြန်တည်ဆောက်နေ
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများကြောင့် လူတို့မှာ ပိုမိုပျော်ရွှင်မလာနိုင်ကြောင်း ပြောကြား...
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်လုံး ဆောက်လုပ်ရန်အတွက် သမိုင်းဝင်အိမ်တစ်လုံး ဖြိုချမှု ဝေဖန်ခံရလျက်ရှိ...

သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှာ ဒုတိယအဆင့်တိုက်ခန်းများအား မေလတွင် လျှပ်စစ်မီတာတပ်ပေးမည်
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အောက်တိုဘာလ ၆ ရက် (သို့မဟုတ်) အီဂျစ်နိုင်ငံက မြစ်တစ်စင်းတည်းကို (၂) ကြိမ် ဖြတ်သန်းဆောက်လုပ်ထားသည့် အံ့ဖွယ်ရှည်လျားလှသော တံတား ၂၇ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
အရှေ့တောင်အာရှတွင် အပူလှိုင်းဖြတ်သန်းလျက်ရှိသောကြောင့် စာသင်ကျောင်းများ ပိတ်ထားရ၊ ဖိလစ်ပိုင်တွင် တစ်ပတ်လျှင် (၄) ရက်သာ ရုံးတက်ရက်အဖြစ် သတ်မှတ်လာရ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဂျနီဖာလိုပက်ဇ်၏ ဒေါ်လာ ၂၅ သန်းတန် နယူးယောက်မြို့ Penthouse ခန်း (၇) နှစ်ကြာ ဝယ်လက်ရှာဖွေခဲ့ရပြီး နောက်ဆုံးတွင် ရောင်းထွက်ပြီ...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
ဓာတ်လှေကားစီးခြင်းထက် လှေကားမှတက်ခြင်းက အချိန်မတန်မီ သေဆုံးနိုင်မှုကို လျှော့ချပေးနိုင်ကြောင်း အင်္ဂလန်သိပ္ပံပညာရှင်များပြော...
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အိမ်လခ အခမဲ့နှင့် စပေါ်ငွေ သီးသန့်ဖြင့် အိမ်ငှားဝန်ဆောင်မှုများရှိလာ
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...
အင်္ဂလန်တွင် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက အသုံးပြုခဲ့သော လျှို့ဝှက်မြေအောက်ဗုံးခိုကျင်းကြီးတစ်ခု ရည်ညွှန်းဈေး ပေါင် ၁၆၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ဂန္ထဝင်အဆိုတော်ကြီး Celine Dion မှ အမေရိကန်ဒေါ်လာ (၃၈)သန်းကျော်ဖြင့် ရောင်းချခဲ့သော ရေကူးကန်အသားပေး ရေပန်းဥယျာဉ်စံအိမ်ကြ
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မူကက်ရှ် အမ်ဘာနီထက်ပင် တချိန်က ချမ်းသာခဲ့သော်လည်း ချမ်းသာသမျှ ရူပီး ကုဋေ ၁၂၀၀၀ ကို သားဖြစ်သူအား အမွေလွှဲပေးပြီးနောက် သား
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အီတလီနိုင်ငံအလယ်ပိုင်းရှိ ပါ့တရီကာမြို့တွင် နေအိမ်တစ်လုံးလျှင် (၁) ယူရိုမျှဖြင့် ရောင်းချပေးရန် စီစဉ်နေ‌သော်လည်း အိမ်ရှင
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ
သင့်အိမ်လေးကို အပူသက်သာစေမယ့် အကြံအဖန်လေးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

area-one-business-complex
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service