ယခု သတ်မှတ်လိုက်သော အခွန်နှုန်းထားကြောင့် အိမ်ခြံမြေဈေး ဆက်ကျဖွယ်ရှိ

ယခု သတ်မှတ်လိုက်သော အခွန်နှုန်းထားကြောင့် အိမ်ခြံမြေဈေး ဆက်ကျဖွယ်ရှိ - Property News in Myanmar from iMyanmarHouse.com
13 Mar 2017 11:55 am တွင် တင်ခဲ့သည်
10831 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေးနှုန်းများ တဖြည်းဖြည်းကျဆင်းအောင် လုပ်ဆောင်သွားမည် ဆိုရာတွင် ယခုသတ်မှတ်ထားသော အခွန်နှုန်းထားများသည်ပင် ဈေးကွက် အကျဘက်သို့ ဦးတည်နိုင်သောကြောင့် အခြားနည်းနှင့် ထပ်မံလုပ်စရာ မ လိုအပ်တော့ကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း အသိုင်းအ ဝိုင်းမှ ဝေဖန်ပြောဆိုသည်။

လာမည့် ဧပြီ ၁ ရက်တွင် စတင် ကောက်ခံရန် ရေးဆွဲနေသည့် ၂ဝ၁၇ ခုနှစ် အခွန်အကောက် ဥပဒေကြမ်းမှာ ယခင်နှစ်က နှုန်းထားအတိုင်း ကောက် ခံရန် ဥပဒေကြမ်းတွင် ထည့်သွင်းထားခြင်းဖြစ်သော ကြောင့် တန်ဖိုးအ လိုက် ရောင်းရမှုအပေါ် ပေးဆောင်ရမည့် အခွန်နှုန်းသတ်မှတ်ချက်များမှာ တစ်ကျပ်မှ သိန်း ၃ဝဝ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃ဝ၁ မှ ကျပ် သိန်း ၁ဝဝဝ အထိ ရာခိုင်နှုန်း ၂ဝ နှင့် ကျပ်သိန်း ၁ဝဝဝ နှင့်အထက်ဆိုလျှင် ရာ ခိုင်နှုန်း ၃ဝ ဖြစ်သည်။ ထို့ကြောင့် လက်ရှိအချိန်တွင်လည်း အခွန်နှုန်း ထားကြောင့် တစ်နှစ်ကျော် ကာလအတွင်း အိမ်ခြံမြေဈေးကွက်တွင် ရာခို င်နှုန်း ၃ဝ ခန့် ကျဆင်းပြီးဖြစ်ရာ၊ ယင်းစနစ်ကို ဆက်လက်ကျင့်သုံးပါက အိမ်ခြံမြေဈေးနှုန်း များ ဆက်လက်ကျဆင်းနိုင်ကာ အရောင်းအဝယ်ပါ နိမ့်ဆင်းလာနိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအ သင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ(၁) ဦးသန်းဦးက ''ဒီနှုန်းထားအတိုင်းဆိုရင် အိမ်ခြံမြေဈေးနှုန်းများသည် ဒီထက်မက ထပ်ဆင်းအုံးမယ်။ ဆင်းဖို့ရှိတယ်။ ဒီနှုန်းထားနဲ့ ဘယ်သူမှ ဝယ် ရောင်းမလုပ်နိုင်ဘူး။ ဘယ်သူမှလဲ သေ ချာ ပေါက် မဆောင်နိုင်ဘူး။ အခုတောင် နှစ် နှစ်အတွင်းမှာ အိမ်ခြံမြေက ရာခိုင်နှုန်း ၂ဝ ကနေ ရာခိုင်နှုန်း ၃ဝ အထိ ကျဆင်းနေ ပြီ''ဟု ပြောသည်။

ဈေးကွက်အနေအထားမှာ ယင်းကဲ့သို့ ဖြစ်နေချိန်တွင် ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က မြေဈေးနှုန်းများကို တဖြည်း ဖြည်းကျဆင်းအောင် လုပ်ေ ဆာင်သွားမည် ဖြစ်ပြီး မြေဈေးအပေါ်တွင် မျှော်လင့်ချက်များ မထားကြရန် သတိပေးပြောဆိုမှုများ ပြုလုပ်ထားသေးသည်။ အကယ်၍ အိမ်ခြံမြေဈေးနှုန်း များကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် အတင်းအကျပ် ကျဆင်းအောင် လုပ်ဆောင်မည် ဆိုပါက အိမ်ခြံမြေလုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်း များအပြင် ဘဏ်လုပ်ငန်းများပါ ထိခိုက်လာနိုင်သောကြောင့် ဈေးများ တစ် ဟုန် ထိုးတက်ခြင်း၊ ကျခြင်း မဖြစ် ပေါ်အောင် အစိုးရမှ ကြီးကြပ် ထိန်းသိမ်း သွားသင့်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးသက်ဝင့်ကျော်ဇင်က သုံးသပ်ပြောဆိုသည်။

Credit: The Yangon Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service