သီရီလင်္ကာတွင် ပထမဆုံး ကြယ် ၇ ပွင့်အဆင့်ရှိ ဇိမ်ခံလူနေအိမ်ရာ ဆောက်လုပ်လျက်ရှိ

သီရီလင်္ကာတွင် ပထမဆုံး ကြယ် ၇ ပွင့်အဆင့်ရှိ ဇိမ်ခံလူနေအိမ်ရာ ဆောက်လုပ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Feb 2017 11:59 am တွင် တင်ခဲ့သည်
1259 ကြိမ် ကြည့်ရှု့ပြီး
သီရိလင်္ကာနိုင်ငံ၏ ပထမဆုံး ကြယ် ၇ ပွင့်အဆင့်ရှိ ဇိမ်ခံလူနေအိမ်ရာကွန်ပလက်ကို ဆောက်လုပ်လျက်ရှိပြီး
ပြီးခဲ့သော ဇန်နဝါရီလအတွင်းက စတင်အုတ်မြစ်ချခဲ့ခြင်းဖြစ်ကြောင်း
ယင်းအိမ်ရာကို အာခီလီယန်ဟု အမည်ပေးထားပြီး သီရိလင်္ကာငွေ
၃၀ ဘီလီယံ (ကန်ဒေါ်လာ ၁၉၉ သန်း) ကုန်ကျမည့် စီမံကိန်းဖြစ်ပြီး ကိုလံဘိုမြို့၊ ဘူတာရုံလမ်းပေါ်တွင် တည်ရှိသည်။

စီမံကိန်းအတွင်း အထပ် ၅၀ အမြင့်ရှိ မိုးမျှော်တိုက် ၂ လုံးပါဝင်မည်ဖြစ်ပြီး မိုးမျှော်တိုက်၏ အလယ်နှင့် ထိပ်ပိုင်းတို့တွင် ကောင်းကင်တံတားဖြင့် ချိတ်ဆက်ပေးထားမည် ဖြစ်သည်။

ဇိမ်ခံလူနေခန်းပေါင်း ၆၁၈ ခန်းပါဝင်မည်ဖြစ်ပြီး
ပင်လယ်ပြင်ကိုရှုမြင်ရသည့် penthouse ခန်းအချို့လည်း ပါဝင်မည်
ဖြစ်သည်။အိမ်ရာကွန်ပလက်အတွင်းတွင် ရုပ်ရှင်ရုံငယ်တစ်ခု၊ ၂၄ နာရီဖွင့်လှစ်သော ဆေးခန်းတစ်ခုတို့လည်း ပါဝင်မည် ဖြစ်သည်။
ယင်းစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်ဆောက်
လုပ်နိုင်ရန် ရည်မှန်းထားသည်။

စီမံကိန်းအကောင်အထည်ဖော်သည့်ကုမ္ပဏီများမှာ သီရိလင်္ကာအိမ်ခြံမြေလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သော
Blue Mountain နှင့် စင်္ကာပူ ဗိသုကာအဖွဲ့ Palmer & Turner တို့ ဖြစ်ကြသည်။အတွင်းဒီဇိုင်းများကိုမူ စင်္ကာပူအခြေစိုက်
Index Design မှ ရေးဆွဲပေးခြင်း ဖြစ်သည်။

“အာခီလီယန်ဟာ Blue Mountain အုပ်စုအတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်ဖြစ်လာမယ့် စီမံကိန်းတစ်ခု ဖြစ်ပါတယ်။ ဒီဇိုင်းနဲ့ ဆောက်လုပ်ရေးနယ်ပယ်မှာ ကမ္ဘာ့အဆင့် လုပ်ဆောင်ပေးနိုင်တဲ့ ကျွန်တော်တို့ရဲ့ အရည်အချင်းကို ပြသမယ့် စီမံကိန်းပါပဲ ” ဟု Blue Mountain အုပ်စု၏ ဥက္ကဌ ဒေါက်တာ ဟီရန် ဟက်တီယာ ရက်ချီက ပြောကြားသည်။
စီမံကိန်းရှိ လူနေခန်းများမှ ၅၀ ရာခိုင်နှုန်းခန့် ကြိုတင်ရောင်းချထားပြီးဖြစ်ကြောင်းလည်း ၎င်းကပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Bon Jovi က သူ၏ ဖလော်ရီဒါမှ ကမ်းခြေစံအိမ်ကြီးကို ဈေးကောင်းပေးကာ မရမက ဝယ်နေသူရှိသော်လည်း မရောင်းဘဲ တင်းခံနေ...

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟိုးလေးတကြော်ဖြစ်နေ...

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ...

Mariah Carey က အမေရိကန်ပြည်ရှိ သူ၏ရဲတိုက်ကြီးကို ရောင်းထုတ်ရန် စီစဉ်လာ

အိမ်ထောင်သက် နှစ် ၅၀ ပြည့်အတွက် ဇနီးကို surprise လုပ်ရန် မြေဧကပေါင်း ၈၀ တွင် နေကြာပန်းပင်ပေါင်း ၁ ဒသမ ၂ သန်းစိုက်ပျိုးပေးခဲ့ပုံ...

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာခဲ့ပြီး မွေထိုင်းလက်ဝှေ့သမားတစ်ဦးဖြစ်လာရန် ကြိုးစားနေပုံ...

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ...

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ စံအိမ်ကို ကန်ဒေါ်လာ ၁၆ သန်းဖြင့် ဝယ်ယူ...

တရုတ်ပြည်တွင် ပီကင်းတက္ကသိုလ်ရှိ ရေကန်ကြီးမှ ရေများကို ဉာဏ်ကောင်းစေသောရေအဖြစ် ရောင်းချလျက် ရှိရာ အရောင်းသွက်နေ...

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service