တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်နဲ့ အငြင်းပွားမှုမရှိအောင် သတ်မှတ်သင့်တဲ့ အချက်တချို့

တိုက်ခန်းဝယ်မယ်ဆိုရင် မြေရှင်နဲ့ အငြင်းပွားမှုမရှိအောင် သတ်မှတ်သင့်တဲ့ အချက်တချို့ - Property Knowledge in Myanmar from iMyanmarHouse.com
24 Jan 2017 11:47 am တွင် တင်ခဲ့သည်
2658 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

တိုက်ခန်းဝယ်ယူတဲ့အခါ စာချုပ်စာတမ်းချုပ်ဆိုကတည်းက မြေရှင်ကို အမည်ပြောင်းခနဲ့ လခကို ဘယ်လောက်နှုန်းထားဆိုတာမျိုး တစ်ပါတည်း ချုပ်ဆိုမှသာ နောက်ပိုင်း အငြင်းပွားမှု လျော့နည်း နိုင်မယ်လို့ သိရပါတယ်။

တိုက်ခန်း ဝယ်သူတချို့ ကြုံတွေ့ရတဲ့ ပြဿ နာက တစ်ဆင့် ပြန်ရောင်းတဲ့အခါ ဈေးနှုန်း သေချာ မသတ်မှတ်ထားမိတာကြောင့် အမည်ပြောင်းခကို မြေပိုင်ရှင် တောင်းသလောက် ပေးကြရသလို မြေရှင်ကို ပေးနေရတဲ့ လစဉ်လခကြေးငွေတွေကြောင့်လည်း အငြင်းပွားမှုတွေ ဖြစ်နေကြတာပါ။

အခုလို ပေးရတဲ့အပေါ် တချို့က ပေးစရာမလိုဘူး။ တချို့ကလည်း ပေးရတယ်ဆိုပြီး အပျောက်စနစ် အရောင်းအဝယ် လုပ်တဲ့အခါမှာ မေးခွန်းတစ်ခု ဖြစ်နေပါတယ်။

ရှေ့နေအသင်းဥက္ကဌ ဦးကျော်ဇေယျက ‘အပျောက်ခန်း အရောင်းအဝယ် လုပ်တဲ့အခါမှာ ဘာသဘော တူညီချက်မှ မြေရှင်နဲ့ အိမ်ရှင်ကြား လုပ်ထားတာ မရှိဘူးဆို အပျောက်ခန်း ပြန်ရောင်းတဲ့အခါမှာ အသိပေးစရာမလိုဘူး’ လို့ပြောပါတယ်။

မြေရှင် သဘောတူညီမှုလိုတယ်ဆိုပေမဲ့ ကန်ထရိုက်တာက သူရတဲ့အခန်းကို ဝယ်သူကို တိုက်ရိုက် ရောင်းတဲ့အခါ မြေရှင်သဘောတူညီမှု မပါလည်း ရပါတယ်။ သည်လိုမျိုးအခန်းဆို ပထမဆုံး ချုပ်ဆိုတဲ့ စာချုပ်က ကန်ထရိုက်တာနဲ့ ဖြစ်တာကြောင့် အမည်ပြောင်းခပေးစရာမလိုပါဘူး။ ဒါကလည်း အမည်ပြောင်းခကို တချို့မြေရှင်တွေက မတန်မဆတောင်းဆိုကြတာတွေ ရှိသောကြောင့် ဖြစ်ပါတယ်။

အကျိုးဆောင် ရှေ့နေ ဦးမောင်မောင်က ‘အများစုက ပထမစာချုပ်မှာ မြေရှင်နဲ့ သဘော တူညီချက်တွေ ပါနေတာ ရှိတယ်၊ ဒါပေမဲ့ စာချုပ်မှာ ပါတဲ့ တန်ဖိုးအတိုင်း ပေးတာလက်မခံရင်တော့ ဝယ်သူက ပျက်ကွက်တာ မဟုတ်တော့ဘူး၊ တချို.စာချုပ်မှာ နှုန်းထားတစ်ခါတည်း ထည့်မချုပ်တဲ့ အခါမှာ ပြဿနာရှိတယ်။ မြေရှင်တောင်းသလောက်ပေးရတာမျိုးတွေ ရှိလာတယ်’ လို့ပြောပါတယ်။

တချို့ဆို အရောင်းအဝယ်ဖြစ်ပြီးခါမှ စရန်ချပြီးမှ မြေရှင်ကို ပေးရတဲ့ အမည်ပြောင်းခအတွက် ညှိနှိုင်းမရလို့ ပွဲပျက်သွားတာမျိုးလည်း ရှိတယ်လို့ သိရတယ်။

သည်နောက်ပိုင်းမှာတော့ တချို့ နားလည်သူတွေက အမည်ပြောင်းခကို ဘယ်လောက် ဆိုတာမျိုး ထည့်ချုပ်ဆိုကြတယ်။ လစဉ်မြေရှင်ကို လာပေးရတာကလည်း ထုံးတမ်းစဉ်လာတစ်ခုလို ဖြစ်နေပြီး ဒါတွေက အပျောက်စနစ်နဲ့ ဝယ်ထားတာ ဆိုပေမဲ့ အိမ်ငှားအမျိုးအစားထဲမှာ ပါတာကြောင့်လို့ သိရတယ်။

လှိုင်မြို့နယ်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ‘တချို့က လစဉ်ပေးရသလို တချို့က နှစ်ချုပ်နဲ့ ပေးထားရတယ်၊ တစ်လကို ၃၀၀၀ လောက်ပေးရတာ ပြသနာ မဟုတ်ပေမယ့် အန္တရာယ်ရှိ အဆောက်အအုံ ဖြစ်လို့ ဖြိုပြီးရင် မြေပိုင်ရှင်က မြေပိုင်ပြီး သူပေးတဲ့အခန်းကို ပြန်ယူရမယ် ဆိုတာမျိုးတွေကျ မဖြစ်သင့်ဘူး၊ ဥပဒေ လိုအပ်မယ်လို့တော့ထင်တယ်’ လို့ ပြောပါတယ်။


Credit: Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service