မန္တလေးတွင် တန်ဖိုးမျှတအိမ်ရာမဲပေါက်သူများက ငှားရမ်းရောင်းချခြင်း မပြုလုပ်နိုင်ရန် လစဉ်စစ်ဆေးမည်ဟုဆို

မန္တလေးတွင် တန်ဖိုးမျှတအိမ်ရာမဲပေါက်သူများက ငှားရမ်းရောင်းချခြင်း မပြုလုပ်နိုင်ရန် လစဉ်စစ်ဆေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
9 Jan 2017 9:36 am တွင် တင်ခဲ့သည်
1008 ကြိမ် ကြည့်ရှု့ပြီး
အစိုးရက အရစ်ကျစနစ်ဖြင့် မဲနှိုက်ရောင်းချပေးသည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာတွင် ပြန်လည်၍ ငှားရမ်းခြင်း၊ရောင်းချခြင်းများ မပြုလုပ်နိုင်ရန် တစ်လတစ်ကြိမ် စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တန်ဖိုးမျှတအိမ်ရာတွင် မဲပေါက်ထားသူများအနေဖြင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီးပါက မူရင်းပိုင်ရှင် သာ နေထိုင်ခြင်း ဟုတ်၊ မဟုတ်မြို့နယ်ဦးစီးအရာရှိက ဦးစီး၍ မတ်လပိုင်းတွင် စစ်ဆေးမည်ဖြစ် ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။

‘‘တစ်လတစ်ကြိမ်စစ်တော့ ရောင်းတာ၊ မရောင်းတာ အဲဒီမှာ ပေါ်လာမှာပဲ။ လူနေတယ်၊ မနေ ဘူးဆိုတာ ပေါ်ပေါက်လာမှာပါ။ စစ်ဆေးတွေ့ရှိတယ်ဆိုရင် စာရင်းပြုစုပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို တင်ပြမယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ အစိုးရအဖွဲ့က ဆုံးဖြတ်မှာဖြစ်တယ်။ အဓိကကတော့ မရှိတဲ့သူတွေရဲ့ လက်ထဲမှာရောက်ရမှာဖြစ်တယ်။ စီးပွားဖြစ်လာလုပ်တဲ့ ပုံစံမျိုးကို တော့ လက်မခံနိုင်ဘူး။ တကယ်တမ်း နေချင်တဲ့လူ နစ်နာတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ခန်းဝယ်ယူ ခွင့်ရရှိသူများသည် ပြန်လည်၍ ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ပါက တိုက်ခန်းကို ပြန် လည်သိမ်းမည်ဖြစ်ကြောင်း စာချုပ်တွင်ပါရှိသည်။

လုပ်သက် ၂၅ နှစ်အထက် ၀န်ထမ်းများနှင့် အငြိမ်းစားများအ တွက် မဲစနစ်ဖြင့် ရောင်းချပေး သည့် မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာအပိုင်း(၁)နှင့် (၂)တွင် အခန်း ပေါင်း ၉၈၀ ဆောက်လုပ်၍ အငြိမ်းစားဝန်ထမ်းနှင့် အစိုးရ၀န် ထမ်းများအား အခန်းပေါင်း ၉၄၀ နှင့် ကုမ္ပဏီဝန်ထမ်းများအတွက် အခန်းပေါင်း ၄၀ ရောင်းချထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာ...

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ...

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service