မန္တလေးတွင် တန်ဖိုးမျှတအိမ်ရာမဲပေါက်သူများက ငှားရမ်းရောင်းချခြင်း မပြုလုပ်နိုင်ရန် လစဉ်စစ်ဆေးမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
1002 Views

မန္တလေးတွင် တန်ဖိုးမျှတအိမ်ရာမဲပေါက်သူများက ငှားရမ်းရောင်းချခြင်း မပြုလုပ်နိုင်ရန် လစဉ်စစ်ဆေးမည်ဟုဆို

အစိုးရက အရစ်ကျစနစ်ဖြင့် မဲနှိုက်ရောင်းချပေးသည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာတွင် ပြန်လည်၍ ငှားရမ်းခြင်း၊ရောင်းချခြင်းများ မပြုလုပ်နိုင်ရန် တစ်လတစ်ကြိမ် စစ်ဆေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တန်ဖိုးမျှတအိမ်ရာတွင် မဲပေါက်ထားသူများအနေဖြင့် တိုက်ခန်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း ပေးသွင်းပြီးပါက မူရင်းပိုင်ရှင် သာ နေထိုင်ခြင်း ဟုတ်၊ မဟုတ်မြို့နယ်ဦးစီးအရာရှိက ဦးစီး၍ မတ်လပိုင်းတွင် စစ်ဆေးမည်ဖြစ် ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောကြားသည်။

‘‘တစ်လတစ်ကြိမ်စစ်တော့ ရောင်းတာ၊ မရောင်းတာ အဲဒီမှာ ပေါ်လာမှာပဲ။ လူနေတယ်၊ မနေ ဘူးဆိုတာ ပေါ်ပေါက်လာမှာပါ။ စစ်ဆေးတွေ့ရှိတယ်ဆိုရင် စာရင်းပြုစုပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ကို တင်ပြမယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတာ အစိုးရအဖွဲ့က ဆုံးဖြတ်မှာဖြစ်တယ်။ အဓိကကတော့ မရှိတဲ့သူတွေရဲ့ လက်ထဲမှာရောက်ရမှာဖြစ်တယ်။ စီးပွားဖြစ်လာလုပ်တဲ့ ပုံစံမျိုးကို တော့ လက်မခံနိုင်ဘူး။ တကယ်တမ်း နေချင်တဲ့လူ နစ်နာတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ခန်းဝယ်ယူ ခွင့်ရရှိသူများသည် ပြန်လည်၍ ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်ပါက တိုက်ခန်းကို ပြန် လည်သိမ်းမည်ဖြစ်ကြောင်း စာချုပ်တွင်ပါရှိသည်။

လုပ်သက် ၂၅ နှစ်အထက် ၀န်ထမ်းများနှင့် အငြိမ်းစားများအ တွက် မဲစနစ်ဖြင့် ရောင်းချပေး သည့် မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာအပိုင်း(၁)နှင့် (၂)တွင် အခန်း ပေါင်း ၉၈၀ ဆောက်လုပ်၍ အငြိမ်းစားဝန်ထမ်းနှင့် အစိုးရ၀န် ထမ်းများအား အခန်းပေါင်း ၉၄၀ နှင့် ကုမ္ပဏီဝန်ထမ်းများအတွက် အခန်းပေါင်း ၄၀ ရောင်းချထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။


Credit: 7DayDaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ

Upcoming Property Events

From 05 Jul To 06 Jul

Mingalar Market

From 05 Jul To 06 Jul

Golden City Condo

From 09 Jun To 09 Jul

The Vista Luxury Residence

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service