အထူးစီးပွားရေးဇုန် စီမံအုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်း

အထူးစီးပွားရေးဇုန် စီမံအုပ်ချုပ်ရေးကော်မတီများ ဖွဲ့စည်း - Property News in Myanmar from iMyanmarHouse.com
19 Aug 2016 11:23 am တွင် တင်ခဲ့သည်
1459 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ အစိုးရသစ် ကာလအတွင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပြီး ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဦးသန်းမြင့် တို့ကအသီးသီး ဦးဆောင်ကြမည်ဖြစ်သည်။

နိုင်ငံတော် သမ္မတရုံးက ယင်းအဖွဲ့များ ဖွဲ့စည်းခြင်းကို သြဂုဏ်လ ၁၅ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့သည်။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့တွင် ပြည်ထောင်စု ၀န်ကြီးအဆင့် ၁၅ ဦး ပါဝင်ပြီး ၎င်းတို့က အထူးစီးပွားရေးဇုန် တည်ထောင်ခြင်းအတွက် အဆိုပြုချက်၊ သင့်လျော်သည့် နေရာ၊ လိုအပ်သည့် နယ်မြေ ဧရိယာ၊ အကျယ်အဝန်းနှင့် နယ်နိမိတ် ပိုင်းခြား သတ်မှတ်ချက်တို့ကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ သဘောထား ရယူ စိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်သည်။

ထိုဗဟိုအဖွဲ့က ဗဟို လုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းပြီး စီမံကိန်းများ ချမှတ်ခြင်းနှင့် စီးပွားရေးဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစားများသတ်မှတ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံသူအား သင့်တော်သော လုပ်ငန်းအဖြစ် သတ်မှတ်ပြီး လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်းတို့ကို ပြုလုပ်ပေးရပါမည်။ ထို့ပြင် ငွေကြေးအမျိုးအစား သတ်မှတ်ခြင်း၊ အခွန်အခများ၊ မြေငှားရမ်းခနှင့် မြေအသုံးပြုခများကို ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည် ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင်ရေးဌာန (DICA) ၏ညွှန်ကြားရေးမှူးချုပ် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဝင် တဦးဖြစ်သော ဦးအောင်နိုင်ဦးက ထိုဗဟို အဖွဲ့သစ် ဖွဲ့စည်းရခြင်းမှာ လုပ်ငန်းသစ်များအတွက် အထူးအလေးပေးဆောင်ရွက်ရန် ဖြစ်ကြောင်းပြောသည်။

“အထူးစီးပွားရေးဇုန် ဥပဒေအရ အဖွဲ့ဝင်ဟောင်းတွေက သူတို့ရဲ့ သက်တမ်းကျော်သွားပါပြီ။ အဲဒါကြောင့် သမ္မတက အဖွဲဝင်အသစ်တွေနဲ့ ဖွဲ့စည်းခဲ့တာပါ။ သူတို့က စီးပွားရေးဇုန်တွေ အသစ်ရော အဟောင်းရော အကုန်လုံးကို ပြန်သုံးသပ်ပါလိမ့်မယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ဗဟိုလုပ်ငန်းအဖွဲ့တွင် ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန် အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် ၁၅ဦး ပါဝင်ပါသည်။

“ဗဟိုအဖွဲ့က မူဝါဒတွေ ရေးဆွဲရမှာဖြစ်ပြီးတော့ ကျနော်တို့ ဗဟိုလုပ်ငန်းအဖွဲ့က လက်တွေ့ကွင်းဆင်းလုပ်ရမှာပါ။ ကျနောတို့ ၂ဖွဲ့ အတူတူဆောင်ရွက်သွားမှာပါ”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

သမ္မတဟောင်း ဦးသိန်းစိန်က ယခင်ဗဟိုအဖွဲ့ ဥက္ကဌနှင့် လုပ်ငန်းအဖွဲ့တွင် ဒုတိယ သမ္မတဟောင်း ဦးဥာဏ်ထွန်းက ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သော်လည်း လက်ရှိတွင် သမ္မတ ဦးထင်ကျော်က ဗဟိုအဖွဲ့၏ ဥက္ကဌ ရာထူးကိုမူ ယူထားခြင်းမရှိချေ။

လက်ရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး စာရင်းဝင်သော အထူးစီးပွားရေးဇုန် အချို့ဖြစ်သည့် ကျောက်ဖြူ၊ ထားဝယ်နှင့် သီလ၀ါ အထူးစီးပွားရေးဇုန်တို့မှာ အခြေခံအဆောက်အအုံအားနည်းခြင်း၊ မြေသိမ်းယူမှုများ၊ လျော်ကြေးပေးမှု ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။

မြန်မာ၊ ထိုင်းနှင့် ဂျပန်အစိုးရတို့က ငွေကြေးထောက်ပံ့ပေးပြီး တနင်္သာရီတိုင်းတွင် တည်ရှိသည့် ရေနက်ဆိပ်ကမ်း ထားဝယ် အထူးစီးပွားရေးဇုန်သည် လူမှုနှင့် သဘာဝပတ်ဝန်းကျင် စိုးရိမ်ပူပန်မှုများကြောင့် ဒေသခံများ၏ အတိုက်အခံပြုဆန့်ကျင်ခြင်းနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီး ရင်းနှီးငွေမှာလည်း မကြာသေးမီကမှ ရရှိခဲ့ခြင်းဖြစ်သည်။

တရုတ် ကုမ္ပဏီဖြစ်သော CITIC Group of Companiesက တင်ဒါအောင်မြင်ခဲ့သော ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် နှစ်များစွာကြာအောင် ဆောင်ရွက်ခဲ့သော်လည်း မြေသိမ်းရာတွင် လျော်ကြေးပေးမှု မမျှတခြင်းနှင့် စပ်လျဉ်း၍ ဒေသခံများ၏ တိုင်ကြားမှုများကို ဖြေရှင်းရန် ကျန်ရှိနေပါသေးသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် စက်မှုဇုန်တခု၊ အိမ်ရာတခုနှင့် ရေနက်ဆိပ်ကမ်း၂ခု ပါဝင်ပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံ၏ သီးခြားတည်ရှိသော အနောက်တောင် ခရိုင်များသို့ တင်ပို့နိုင်သည့် တရုတ်- မြန်မာ ပိုက်လိုင်း စီမံကိန်းမှာ အဓိကသော့ချက်တခုဖြစ်သည်။

ရန်ကုန် လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင်က အထူးစီးပွားရေး ဗဟိုအဖွဲ့သည် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန် ဦးစားပေးဆောင်ရွက်သင့်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများကို ထည့်သွင်း စဉ်းစားသင့် ကြောင်း ပြောသည်။

“အခြေခံ အဆောက်အအုံ အားနည်းတာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့နေရာမှာ ကျနော်တို့ တိုင်းပြည်အတွက်ရော ရင်းနှီးမြှုပ်နှံသူတွေအတွက်ရော သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ လေထုညစ်ညမ်းမှုတွေက အကြီးအကျယ် စိုးရိမ်စရာတွေ ဖြစ်လာပါတယ်” ဟုဦးမြတ်သင်းအောင်ကပြောသည်။

Credit : Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service