(၇၈) နှစ် သက်တမ်းရှိတဲ့ စာအုပ်တစ်အုပ်ထဲက ခေတ်မီနေဆဲ ချမ်းသာဖို့နည်းလမ်း (၁၇) ခု

(၇၈) နှစ် သက်တမ်းရှိတဲ့ စာအုပ်တစ်အုပ်ထဲက ခေတ်မီနေဆဲ ချမ်းသာဖို့နည်းလမ်း (၁၇) ခု - Property Knowledge in Myanmar from iMyanmarHouse.com
11 Apr 2016 11:58 am တွင် တင်ခဲ့သည်
9727 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

၁၉၃၇ ခုနှစ်က ရောင်းအားအကောင်းဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ Think and Grow Rich ထဲက ချမ်းသာဖို့ သော့ချက်ကို ဖော်ပြလိုက်ပါတယ်။ အဲဒိစာအုပ်ထဲမှာ ငွေကြေး၊ ချမ်းသာမှု၊ စတော့ရှယ်ယာတွေ အကြောင်း မပါပေမယ့် ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေဆီကနေ တားဆီးနေတဲ့ စိတ်ဓာတ်နံရံတွေအကြောင်းကို ဖော်ပြထားပါတယ်။ ချမ်းသာဖို့နည်းလည်း (၁၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁. အောင်မြင်မှု မလာခင်မှာ ခဏတာ ရှုံးနိမ့်မှုကို လူတိုင်း ကြုံတွေ့ရမှာပါ။ ရှုံးနိမ့်တဲ့အခါမှာ အလွယ်ဆုံးလုပ်နိုင်တာက ဆက်မလုပ်တော့တာ ဖြစ်ပြီး တော်တော်များမျကလဲ အဲဒိလမ်းကို လိုက်ကြပါတယ်။

၂. ဟိုး ရှေးရှေးကစပြီး အောင်မြင်တဲ့ ခေါင်းဆောင်တိုင်းဟာ တစ်ချိန်ကအိမ်မက် အကြီးကြီး မက်ခဲ့ဖူးသူတွေပါ။

၃. သင်လုပ်ချင်တဲ့ အရာက မှန်ကန်နေမယ်၊ ပြီးတော့ သင်ယုံကြည်မယ်ဆိုရင် ရှေ့ဆက်လုပ်လိုက်ပါ။

၎. ချမ်းသာမှုက အတွေးနဲ့ စတာပါ။ အတွေးကို အကောင်အထည်ဖော်နိုင်မှုက ချမ်းသာစေတာပါ။ ယုံကြည်မှုကလဲ Limit တွေကို ဖျောက်ပေးနိုင်ပါတယ်။

၅. ကျောင်းပြီးလို့ လေ့လာမှု ရပ်လိုက်သူဟာ သာမန်ဘဝနဲ့ပဲ နေသွားရမှာပါ။ အောင်မြင်မှုလမ်းဆိုတာ အသိပညာတွေကို ရှာဖွေတဲ့ လမ်းပါပဲ။

၆. လူတွေရဲ့ Limit ဟာ သူ့ရဲ့ စိတ်ကူးကို တိုးတက်အောင် လုပ်ပြီး အသုံးချနိုင်မှုမှာပဲ မူတည်နေပါတယ်။

၇. ပထမ အစီအစဉ် မအောင်မြင်ရင် ဒုတိယနဲ့ အစထိုးပါ။ ဒုတိယ မအောင်မြင်ရင် တတိယ၊ မအောင်မြင်မခြင်း အစားထိုးသွားပါ။

၈. ပန်းတိုင်မရောက်ခင် စိတ်လျှော့လိုက်ရင် ပြိုင်ပွဲက ထွက်လိုက်တာပါပဲ။ ထွက်လိုက်သူတွေဟာ ဘယ်တော့မှ မနိုင်နိုင်သလို၊ နိုင်သူတွေကလဲ ဘယ်တော့မှ မထွက်ပါဘူး။

၉. ဘဝဟာ ကျရှုံးမှုလို့ လူတော်တော်များများ တွေးထင်တတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ အဆင်ပြေမယ့် အချိန်ကို စောင့်နေကြလို့ပါ။ မစောင့်ပါနဲ့။ အဆင်ပြေချိန် မရှိပါဘူး။ ခုပဲ ရှိသလောက်နဲ့ စလုပ်လိုက်ပါ။ ကျန်တာတွေ လမ်းမှာ ရလာပါလိမ့်မယ်။

၁၀. စိတ်ပြင်းထန်မှု မရှိရင် သူတစ်ပါးကို ဖျောင်းဖြလို့ မရပါဘူး။ စိတ်ပြင်းထန်မှုကို ထိန်းချုပ်နိုင်သူတို့ လူတိုင်း၊ အုပ်စုတိုင်းက ကြိုဆိုပါတယ်။
၁၁. ဆုံးဖြတ်ချက် မရှိခြင်းဟာ ကျရှုံးသူတွေရဲ့ အဓိကပြသနာပါ။ ဆုံးဖြတ်ချက် ချနိုင်ပြီး သူတို့ လိုချင်တာဘာလဲဆိုတာ သိသူတွေဟာ နောက်ဆုံး လိုချင်တာ ရသွားပါတယ်။

၁၂. များများပြောသူဟာ နည်းနည်းလုပ်ပါတယ်။ သင် နားထောင်တာထက် ပိုပြောရင် သူတစ်ပါးဆီက ရမယ့် အသိပညာတွေကို လက်လွှတ်ရရုံ မကပဲ သင့်ပြိုင်ဖက်တွေကို သင့်နည်းလမ်းတွေကို ချပြရာပါ ရောက်ပါတယ်။

၁၃. ချမ်းသာမှုတွေဟာ ရှက်တတ်ပါတယ်။ သူတို့ကို သေသေချာချာ အစီအစဉ်တကျ ဆွဲဆောင်နိုင်မှ ရတာပါ။

၁၄. စိတ်ဟာ တစ်ချိန်ထဲမှာ အကောင်းအဆိုး နှစ်ခုလုံး မခံစားနိုင်ပါဘူး။ တစ်ခုမဟုတ် တစ်ခုက လွှမ်းမိုးနေမှာပါ။ အကောင်းကပဲ လွှမ်းမိုးနေဖို့က သင့်အလုပ်ပါ။

၁၅. လူတွေရဲ့ အကြီးဆုံးအားနည်းချက်က မဖြစ်နိုင်တာကို သိနေတာပါပဲ။ မဖြစ်နိုင်တဲ့ နည်းလမ်းတွေ၊ မလုပ်နိုင်တဲ့ အရာတွေကို သိနေတာပါ။ Dictionary အသစ် ဝယ်ပြီးတာနဲ့ Impossible ဆိုတဲ့ စာလုံးကို ညှပ်ထုတ်လိုက်ပါ။

၁၆. တချို့အရူးတွေက ငွေနဲ့ပဲ ငွေကို ရှာလို့ရတယ် ထင်ကြပါတယ်။ မဟုတ်ပါဘူး။ ဆုံးဖြတ်ချက်နဲ့လဲ ငွေရှာလို့ ရပါတယ်။ ငွေက တခြားအရာတွေကို မသိပေမယ့် သူ့ကို ခေါ်ဖို့ ဆုံးဖြတ်ချက်ချထားသူရဲ့ အသံကို ကြားရပါတယ်။

၁၇. အမေရိကက လူတိုင်းအတွက် ငွေရှာဖို့ လွတ်လပ်ခွင့် အလုံးစုံ ပေးထားပြီးသားပါ။ အမဲလိုက်မုဆိုးဟာ တောတွေအများကြီးထဲကမှ သားကောင်များတဲ့ တောကို ရွေးရပါတယ်။ ငွေကလဲ ထို့အတူပါပဲ။

Credit : Gentelman Magazine

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service