အိမ်တန်ဖိုး မြင့်တက်စေတဲ့ အချက်များ

အိမ်တန်ဖိုး မြင့်တက်စေတဲ့ အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
10 Mar 2016 12:51 pm တွင် တင်ခဲ့သည်
6977 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ခေါင်မိုးအသစ် လဲလိုက်တာ ဒါမှမဟုတ် အိပ်ခန်းသစ် ထပ်ဖြည့်လိုက်တာ တွေက အိမ်တစ်လုံးရဲ့ တန်ဖိုးကို မြင့်တက်သွားစေနိုင်ပေမဲ့ အောင်မြင်နေတဲ့ ကုန်တိုက် ဒါမှမဟုတ် အများပြည်သူဆိုင်ရာ ပန်းခြံလေးနဲ့ နီးကပ်နေမယ်ဆိုရင်လည်း အိမ်တန်ဖိုးကို မြင့်စေနိုင်တာ သိပြီး သားဖြစ်ကြမှာပါနော်။
ဒီတော့ အိမ်အတွက် ရင်းနှီးမြှုပ်နှံမှုကောင်း ဖြစ်အောင် ကြည့်ကြတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေကို အောက်မှာဖော်ပြထားပါတယ်။

ရှေးအစဉ်အဆက်က သိလာကြတဲ့အတိုင်းပါပဲ။ “တည်နေရာ” ကတော့ အိမ်ဈေးနှုန်းအတွက် အဓိကသက်ဆိုင်တဲ့အချက်ဖြစ်ဆဲပါပဲ။

HouseLogic အဖွဲ့ရဲ့ လေ့လာချက်တစ်ရပ်အရ အများပြည်သူဆိုင်ရာပန်းခြံ တစ်ခုခုနဲ့ နီးတာဟာ အဆောက်အအုံရဲ့ တန်ဖိုးကို ၂၀ ရာခိုင်နှုန်းလောက် မြင့်စေနိုင်တယ်လို့ သိရပါတယ်။
ချီကာဂိုတက္ကသိုလ်က လေ့လာချက်တစ်ရပ်ကလည်း ကုန်တိုက်တစ်ခုရဲ့ တစ်မိုင်ပတ်လည်အတွင်းက အဆောက်အအုံတွေဆိုလည်း ၁ ရာခိုင်နှုန်း ကနေ ၂ ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
စတိုးဆိုင်၊ စားသောက်ဆိုင်၊ စာသင်ကျောင်းနဲ့ ပန်းခြံတွေက အနီးအနား ၀န်းကျင်မှာ လွယ်လင့်တကူ လမ်းလျှောက်သွားနိုင်တဲ့ အနေအထားမှာ ရှိနေ တာကလည်း အိမ်ဈေးနှုန်းကို မြင့်စေနိုင်တာပါပဲ။ အဲ့ဒီအချက်ဟာ ဘယ်အရပ်ဒေသမှာမဆို အိမ်ဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၄,၀၀၀ ကနေ ၃၄,၀၀၀အထိ မြင့်တက်စေနိုင်တယ်လို့ ၂၀၀၉ ခုနှစ်က Cities အဖွဲ့ရဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

နေအိမ်ရဲ့ အရွယ်အစားနဲ့ ဒီဇိုင်းကလည်း ဈေးနှုန်းနဲ့ ပတ်သက်လို့ အဓိကသော့ချက်တွေပါပဲ။
အရမ်းကို ရိုးရှင်းကြီင်္းမားရှည်လျားနေလို့ ဈေးကြီးတာနဲ့ ထိန်းသိမ်းရမှာဝန်လေးတဲ့ တာဝန်တွေရှိနေမယ်။ ဒီအချက်တွေကြောင့်လို့တော့ ၀ယ်မယ့်သူကို မျက်နှာချိုသွေးစရာမလိုပါဘူး။

ဒီလိုပါပဲ။ open type နဲ့ သေးငယ်တဲ့အိမ်ဟာလည်း ၀ယ်သူစိတ်ကြိုက် ပြင်ဆင်ခွင့်ပေးထားတဲ့အိမ်ပဲ မဟုတ်ပါလား။
ဒါပေမဲ့လို့ အိပ်ခန်းအရေအတွက်နဲ့ ပတ်သက်လို့ ၀ယ်သူတွေဘက်က စဉ်းစားမှာပါ။ သို့တိုင်အောင် အိပ်ခန်းအရေအတွက်ကို ရှိပြီးသားထက် ပိုတိုး အောင်လို့တော့ အခန်းတွေပိုင်းစိတ်ပစ်လိုက်တာမျိုးကို ရှောင်ရှားပါ။

အိမ်ဈေးနှုန်းဆိုတာ ၀ယ်သူမျက်စိထဲမှာပဲ ရှိတတ်ပေမယ့် အိမ်ဝယ်မယ့်သူတွေအနေနဲ့ အထက်ပါအချက်တွေကို ထည့်သွင်းစဉ်းစားကြဖို့ Quincy Virgilio(Keller Williams) အမေရိကန်အိမ်ခြံမြေလုပ်ငန်းက တိုက်တွန်းရေးသားခဲ့ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
အိမ်တွင်းဥယျာဥ်ငယ်လေး စိမ်းစိုနေဖို့
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
ဆွေးနွေးအဖြေရှာ ဥပဒေရေးရာ
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
မြေငှားဂရန်အသစ် လျှောက်ထားခြင်း
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...
အိမ်ခြံမြေနဲ့မကင်းသူတိုင်း သိမှတ်စရာ အိမ်ခြံမြေဥပဒေ အဖြာဖြာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service