အရှုံးပေါ်မည်ဟု တရုတ်အများပိုင်အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်း ၃၀ ရာခိုင်နှုန်း ခန့်မှန်း

အရှုံးပေါ်မည်ဟု တရုတ်အများပိုင်အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်း ၃၀ ရာခိုင်နှုန်း ခန့်မှန်း - Property News in Myanmar from iMyanmarHouse.com
28 Jan 2016 11:29 am တွင် တင်ခဲ့သည်
1317 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံတွင် မြေယာဝယ်ယူဆောက်လုပ်ရောင်းချသည့် အများပိုင်အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်း သုံးပုံတစ်ပုံခန့်က ၂၀၁၅ ခုနှစ်အတွက် အရှုံးပေါ်ခဲ့မည်ဟု ခန့်မှန်းထားကြပြီး ၅၀ ရာခိုင်နှုန်းက အိမ်ခြံမြေဈေးကွက်တွင် ယေဘုယျအားဖြင့်နာလန်ထူခဲ့သော်လည်း အသားတင်အမြတ်ငွေတွင် ကျဆင်းခဲ့မည်ဟု ပြောကြားခဲ့သည်။

ရှန်ဟိုင်းရှိ အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်း ၅၀ တွင် ၁၅ ခုက အများပြည်သူသို့ ရှယ်ယာရောင်းချလည်ပတ်သည့် အများပိုင်ကုမ္ပဏီများဖြစ်သည်။

ပြည်တွင်းအကြီးဆုံးအများပိုင်အိမ်ခြံမြေဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် ရှန်ဟိုင်းအခြေစိုက် China Enterprise က ၎င်းတို့ကုမ္ပဏီသည် အမေရိကန်ဒေါ်လာ ၃၆၅ သန်းခန့် တစ်နှစ်တာအတွင်း အရှုံးပေါ်ခဲ့မည်ဟု ခန့်မှန်းထားသည်။ ကုမ္ပဏီအဓိကရင်းနှီးမြှုပ်နှံထားသည့် ဒုတိယနှင့် တတိယလွှာ မြို့များတွင် ရောင်းအားများဆက်လက်တန့်နေခဲ့၍ ယင်းသို့ ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ယင်းကုမ္ပဏီသည် အချို့အိမ်ရာစီမံကိန်းများ၏ ဈေးနှုန်းများကို လျှော့ချရန် ဖိအားပေးမှုနှင့်လည်း ရင်ဆိုင်နေရသည်။

သို့သော်လည်း E-House China R&D Institute မှ လေ့လာဆန်းစစ်သူ ယန်ယွဲကျင်းက “အိမ်ဈေးတွေမြင့်လာပေမဲ့ နိုင်ငံရဲ့အိမ်ခြံမြေဈေးကွက်က ပြီးခဲ့တဲ့ ၁၂ လအတွင်း ခန့်မှန်းထားခဲ့တာထက်ပိုများတဲ့ ရောင်းအားနဲ့ ဖြည်းဖြည်းမှန်မှန်နာလန်ထူလာနေတာမို့ အရမ်းစိုးရိမ်စရာမလိုပါဘူး” ဟု ပြောကြားခဲ့သည်။

တရုတ်တွင် အိမ်သစ်ရောင်းချရမှုသည် ၂၀၁၄ ထက် ၂၀၁၅ အတွင်း ၁၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုက ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။ ဗျူရိုမှ လေ့လာခဲ့သည့် မြို့ ၇၀ အနက် ၃၉ မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာက အိမ်ဈေးများ ပြီးခဲ့သည့် နိုဝင်ဘာတုန်းကထက် မြင့်တက်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...

တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...

မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်

မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...

အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ

ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...

အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...

ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service