ကွန်ဒိုမီနီယံ ဥပဒေကြမ်းကို အပိုဒ်ခုနစ်ပိုဒ် အတည်ပြုပြီးနောက် ထပ်မံရွှေ့ဆိုင်း

ကွန်ဒိုမီနီယံ ဥပဒေကြမ်းကို အပိုဒ်ခုနစ်ပိုဒ် အတည်ပြုပြီးနောက် ထပ်မံရွှေ့ဆိုင်း - Property News in Myanmar from iMyanmarHouse.com
29 Dec 2015 10:38 am တွင် တင်ခဲ့သည်
1165 ကြိမ် ကြည့်ရှု့ပြီး
လွှတ်တော်၌ သဘောကွဲလွဲမှုများကြောင့် အပြီးသတ်အတည်ပြုရေး ဆောင်ရွက်ရာတွင် အကြိမ်ကြိမ်ကြန့်ကြာနေခဲ့သည့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်းကို ဒီဇင်ဘာ ၂၁ ရက်က ဆက်လက်ဆွေးနွေးခဲ့ရာ အပိုဒ်ခုနစ်ပိုဒ် အတည်ပြုပြီးသော်လည်း ထပ်မံ ညှိနှိုင်းဆွေးနွေးရန်လိုအပ်သောကြောင့်
ရွှေ့ဆိုင်းခဲ့ပြန်သည်။

လွှတ်တော်၌ အတည်ပြုရာတွင် ကွန်ဒို အတွက် လိုအပ်သည့် မြေဧရိယာအကျယ်အ၀န်းကို အနည်းဆုံး စတုရန်းပေ ၂၀,၀၀၀ နှင့်အထက် ရှိရမည်ဖြစ်ကြောင်းအတည်ပြုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးမှ ဒေါက်တာ ခင်ရွှေတင်သွင်းခဲ့သည့် တိုင်းနှင့် ပြည်နယ်များတွင်အခြေအနေအရ နိုင်ငံခြားသားကို ရောင်းချနိုင်ခွင့်ရှိသည့် အိမ်ခန်းအရေ အတွက်ကို လိုအပ်လျှင် ပြင်ဆင်နိုင်ရန် တင်သွင်းသည့် အဆိုမှာမူ ရှုံးနိမ့်ခဲ့ပြီး မူလ ပြဋ္ဌာန်းချက်ဖြစ်သည့် ခြောက်ထပ်နှင့် အထက်ရှိ အိမ်ခန်းများ၏ ၅၀ ရာခိုင်နှုန်း အထိ ရောင်းချနိုင်ရန် အတည်ပြုခဲ့သည်။

ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများကိုဥပဒေနှင့်အညီ ရောင်းချခွင့်ရှိကြောင်း ပြဋ္ဌာန်း ချက်ကိုလည်း အတည်ပြုခဲ့သည်။

ဒေါက်တာခင်ရွှေကမူ ၅၀ ရာခိုင်နှုန်း ထက်မကျော်သောအိမ်ခန်းများကို မြေပိုင် ဆိုင်ခွင့်မပါ နိုင်ငံခြားသားကို ရောင်းချ နိုင်ခွင့်ရှိရေး ပြင်ဆင်ရန်အဆို တင်သွင်းခဲ့သည်။ သို့သော်လည်း အထက်ပါအတိုင်းဥပဒေနှင့်အညီဟုသာ အတည်ပြုခဲ့သည်။ ဥပဒေဟုဆိုရာတွင် တည်ဆဲဥပဒေများမှ နိုင်ငံခြားသားနှင့် သက်ဆိုင်သောဥပဒေအားလုံးကိုဆိုလိုကြောင်း ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဒေါက်တာစိုးမိုးအောင်က ပြောသည်။

အခြားသော အပိုဒ်အချို့ကိုလည်း အတည် ပြုနိုင်ခဲ့ပြီး ကွန်ဒိုများတွင် ယာယီကြီးကြပ်မှုအဖွဲ့နှင့် စုပေါင်းပိုင်အဆောက်အအုံအသင်းဖွဲ့စည်းခြင်း ဆိုသည့်အပိုဒ်ကို အတည်ပြုရာတွင်မူ ထပ်မံညှိနှိုင်းဆွေးနွေးရန်ဆိုင်းငံ့ခဲ့ သည်။

ကွန်ဒိုတွင် အိမ်ခန်းဝယ်ယူနေထိုင်သူ များသည် ငွေကြေးများစွာရင်းနှီး၍ စိတ်အေးချမ်းသာစွာနေထိုင်လိုကြပြီး အသင်းအဖွဲ့ များ ဖွဲ့စည်းခြင်း၊ မှတ်ပုံတင်ခြင်း၊ ရန်ပုံငွေ စုဆောင်းခြင်း၊ သုံးစွဲခြင်းဆိုင်ရာများ စသည့် ကိစ္စများကို စိတ်ရှုပ်ခံပြီး ဆောင်ရွက်ရန်မလိုလားကြောင်း ဒေါက်တာ
ခင်ရွှေက ထောက်ပြခဲ့သည်။

နိုင်ငံတကာတွင်လည်း ထိုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခြင်းများမရှိဘဲ သန့်ရှင်းရေး၊ ရေ၊ လမ်း၊ မီး၊ လုံခြုံရေး စသည့် ကိစ္စများကို ၀န်ဆောင်မှု ကုမ္ပဏီ(သို့)အဖွဲ့များ ကိုသာ ငှားရမ်းဆောင် ရွက်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ဒေါက်တာခင်ရွှေက ထိုကဲ့သို့ဆွေးနွေး ပြီးနောက် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကလည်း ထပ်မံညှိနှိုင်းရန်အတွက် ဆိုင်းငံ့ကြောင်း ဆုံးဖြတ်ခဲ့သည်။ "ဒီမိုကရေစီ အနိုင်ကျင့်တာမျိုးမဖြစ်ဖို့၊ တစ်ခါတစ်ခါ ကျတော့လည်း အနိုင်ကျင့်တာ မျိုး မဟုတ်ဘဲနဲ့ မသိလို့ သိသလောက်နဲ့ဆုံးဖြတ် တာလည်းရှိပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက် ပြီးတော့ မဆုံးဖြတ်သေးဘဲ ခဏရပ်နားပါ မယ်"ဟု ပြောကြားခဲ့သည်။

အဆိုပါ စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေကြမ်း (ကွန်ဒိုမီနီယံဥပဒေ) လွှတ်တော်၌ ဆွေးနွေးခြင်းကို မည်သည့်ရက်တွင် ပြန်လည်ဆောင်ရွက်မည်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ အချိန်သုံးနှစ်ကျော် ကြာ သည်အထိ အတည်ပြုနိုင်ခြင်းမရှိသေးသော အဆိုပါဥပဒေကြမ်းကို အပြီးသတ်ရန်လိုအပ်သည့်အရေးကြီးဥပဒေကြမ်းတစ်ခု
အဖြစ် သတ်မှတ်ထားပြီး ဥပဒေကြမ်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြီးခဲ့သည့်လတွင် တတိယအကြိမ်မြောက် တင်ပြခဲ့သည်။

Credit : Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service