ဒုက္ခသည်များအတွက် တီးတိန်မြို့စွန်တွင် တည်ဆောက်နေသည့် အိမ်များ ခရစ္စမတ်မတိုင်မီ လွှဲပေးမည်

ဒုက္ခသည်များအတွက် တီးတိန်မြို့စွန်တွင် တည်ဆောက်နေသည့် အိမ်များ ခရစ္စမတ်မတိုင်မီ လွှဲပေးမည် - Property News in Myanmar from iMyanmarHouse.com
24 Dec 2015 10:11 am တွင် တင်ခဲ့သည်
1337 ကြိမ် ကြည့်ရှု့ပြီး
တီးတိန်မြို့ရှိ ဒုက္ခသည်များအတွက် မြို့အစွန်တွင်တည် ဆောက်နေသည့် နေအိမ်များကို ခရစ္စမတ်မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်၌ လွှဲပြောင်းပေးမည် ဖြစ် ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်း မြေပြိုမှုများကြောင့် ကဂင်၊ ဝေါင်မွာလ်နှင့် ထင်ဇန်ကျေးရွာများမှ လူဦးရေ ၃၄၀ ကျော်၊ မိသားစု ၇၇ စု တီးတိန်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေခြင်း ဖြစ်သည်။

အဆိုပါ ဒုက္ခသည်များအ တွက် အိမ်ခြေ ၄၆ လုံးဆောက်လုပ်ပေးရန် စီစဉ်ထားကြောင်း တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြော ကြားသည်။

အစိုးရ၏ သစ်တောရေးရာ ၀န်ကြီးဌာနက အိမ်ခြေ ၄၁ လုံးကို တာဝန်ယူဆောက်လုပ်ပေးပြီး လူ ငယ်အဖွဲ့အစည်းတစ်ဖွဲ့က အိမ်ငါးလုံး တည်ဆောက်ပေးသည်။ ကျန်ရှိသည့် အိမ်ထောင်စုများအတွက် မြေနေရာနှင့် အိမ်ဆောက်ပစ္စည်း အချို့ရရှိထားကြောင်း ဒုက္ခသည်များအား အကူအညီပေး နေသည့် တီးတိန်လူငယ်အဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

ပြောင်းရွှေ့ရာတွင် ကဂင်ရွာ မှ ၃၂ အိမ်၊ ဝေါင်မွာလ်ရွာမှ ၁၄ အိမ်နှင့် ထင်ဇန်ရွာမှ ခုနစ်အိမ်ပါဝင်ကြောင်း ၎င်းကပြောသည်။

တီးတိန်မြို့ရှိ ဒုက္ခသည်များ အတွက် နေအိမ်များကို အစိုးရက တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ သစ် တောနှင့် သတ္တုတွင်းဝန်ကြီး ဦး ကျော်ငြိမ်းက ပြောသည်။ ချင်း ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည် နယ်မြို့တော် ဟားခါးအပါအ၀င် နေရာအနှံ့အပြား၌ မြေပြိုမှုများအများအပြားကြုံတွေ့ခဲ့ရသည်။ လက်ရှိအချိန်တွင် ဟားခါးနှင့် တီး တိန်မြို့နယ်ရှိ ဒုက္ခသည်များအ တွက် အစိုးရက အိမ်ရာများတည် ဆောက်ပေးနေပြီး တွန်းဇံမြို့နယ် ၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်ပေးခြင်းသာရှိပြီး အခြား နေရာများတွင် မရှိသေးကြောင်း ၀န်ကြီးကပြောကြားသည်။

‘‘အိမ်ပြိုတော့ ဒီအတိုင်း ကိုယ်လွတ်ထွက်ပြေးလာခဲ့ရတယ်။ဘာမှ မသယ်နိုင်ခဲ့ဘူး။ အခုအချိန်အရမ်းအေးတော့ အနွေးထည်နဲ့ အ၀တ်အစား လိုနေပါတယ်’’ဟု ဒုက္ခသည်စခန်းမှ အမျိုးသားတစ် ဦးက ပြောသည်။

Credit: 7daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့ သားနဲ့သမီး ကပြဖျော်ဖြေ ပိုက်ဆံရှာခဲ့ရ...

အောက်စ်ဖို့ဒ် တက္ကသိုလ်မှ မဟာဘွဲ့၊ စင်္ကာပူ Nanyang တက္ကသိုလ်မှ ပါရဂူဘွဲ့များရထားသော်လည်း အလုပ်ရှာမရသောကြောင့် food delivery သမားဘဝရောက်နေသူ...

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service