ဒုက္ခသည်များအတွက် တီးတိန်မြို့စွန်တွင် တည်ဆောက်နေသည့် အိမ်များ ခရစ္စမတ်မတိုင်မီ လွှဲပေးမည် - Property News in Myanmar from iMyanmarHouse.com
1336 Views

ဒုက္ခသည်များအတွက် တီးတိန်မြို့စွန်တွင် တည်ဆောက်နေသည့် အိမ်များ ခရစ္စမတ်မတိုင်မီ လွှဲပေးမည်

တီးတိန်မြို့ရှိ ဒုက္ခသည်များအတွက် မြို့အစွန်တွင်တည် ဆောက်နေသည့် နေအိမ်များကို ခရစ္စမတ်မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်၌ လွှဲပြောင်းပေးမည် ဖြစ် ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် သြဂုတ်အတွင်း မြေပြိုမှုများကြောင့် ကဂင်၊ ဝေါင်မွာလ်နှင့် ထင်ဇန်ကျေးရွာများမှ လူဦးရေ ၃၄၀ ကျော်၊ မိသားစု ၇၇ စု တီးတိန်မြို့ပေါ်ရှိ ဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေခြင်း ဖြစ်သည်။

အဆိုပါ ဒုက္ခသည်များအ တွက် အိမ်ခြေ ၄၆ လုံးဆောက်လုပ်ပေးရန် စီစဉ်ထားကြောင်း တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြော ကြားသည်။

အစိုးရ၏ သစ်တောရေးရာ ၀န်ကြီးဌာနက အိမ်ခြေ ၄၁ လုံးကို တာဝန်ယူဆောက်လုပ်ပေးပြီး လူ ငယ်အဖွဲ့အစည်းတစ်ဖွဲ့က အိမ်ငါးလုံး တည်ဆောက်ပေးသည်။ ကျန်ရှိသည့် အိမ်ထောင်စုများအတွက် မြေနေရာနှင့် အိမ်ဆောက်ပစ္စည်း အချို့ရရှိထားကြောင်း ဒုက္ခသည်များအား အကူအညီပေး နေသည့် တီးတိန်လူငယ်အဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

ပြောင်းရွှေ့ရာတွင် ကဂင်ရွာ မှ ၃၂ အိမ်၊ ဝေါင်မွာလ်ရွာမှ ၁၄ အိမ်နှင့် ထင်ဇန်ရွာမှ ခုနစ်အိမ်ပါဝင်ကြောင်း ၎င်းကပြောသည်။

တီးတိန်မြို့ရှိ ဒုက္ခသည်များ အတွက် နေအိမ်များကို အစိုးရက တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ သစ် တောနှင့် သတ္တုတွင်းဝန်ကြီး ဦး ကျော်ငြိမ်းက ပြောသည်။ ချင်း ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြည် နယ်မြို့တော် ဟားခါးအပါအ၀င် နေရာအနှံ့အပြား၌ မြေပြိုမှုများအများအပြားကြုံတွေ့ခဲ့ရသည်။ လက်ရှိအချိန်တွင် ဟားခါးနှင့် တီး တိန်မြို့နယ်ရှိ ဒုက္ခသည်များအ တွက် အစိုးရက အိမ်ရာများတည် ဆောက်ပေးနေပြီး တွန်းဇံမြို့နယ် ၌ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဆောက်လုပ်ပေးခြင်းသာရှိပြီး အခြား နေရာများတွင် မရှိသေးကြောင်း ၀န်ကြီးကပြောကြားသည်။

‘‘အိမ်ပြိုတော့ ဒီအတိုင်း ကိုယ်လွတ်ထွက်ပြေးလာခဲ့ရတယ်။ဘာမှ မသယ်နိုင်ခဲ့ဘူး။ အခုအချိန်အရမ်းအေးတော့ အနွေးထည်နဲ့ အ၀တ်အစား လိုနေပါတယ်’’ဟု ဒုက္ခသည်စခန်းမှ အမျိုးသားတစ် ဦးက ပြောသည်။

Credit: 7daydaily

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service