စင်ကာပူအိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအတိုင်း လုပ်ဆောင်နေတဲ့ ဒဂုံဆိပ်ကမ်းက ဧရာဝဏ်/ရတနာအထပ်မြင့်အိမ်ရာ၊ မျှော်လင့်စရာ

စင်ကာပူအိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများအတိုင်း လုပ်ဆောင်နေတဲ့ ဒဂုံဆိပ်ကမ်းက ဧရာဝဏ်/ရတနာအထပ်မြင့်အိမ်ရာ၊ မျှော်လင့်စရာ - Property News in Myanmar from iMyanmarHouse.com
21 Aug 2015 11:39 am တွင် တင်ခဲ့သည်
1814 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် တိုးတက်များပြားလာသော လူဦးရေအတွက် နေထိုင်စရာလူနေအိမ်ရာ လုံလောက်မှုမရှိသည့် အတွက် ရပ်ကွက်တစ်ခုတွင် အိမ်အပိုတစ်လုံး ဆောက်လျင် အိမ်ငှားမည့် (၄)ဦး (၅)ဦးခန့်က အိမ်ငှားဖို့ ရှိပါ သလားဟု လာရောက်မေးမြန်းနေကြသည်ကို မြင်တွေ့ရသည်။

ဤအချက်ကို ကြည့်ခြင်းအားဖြင့် ၀ယ်လိုအား ထက် အိမ်ငှားလိုသူ အင်အားက ပိုများနေသည်မှာ သိသာထင်ရှားနေသည်။ အထူးသဖြင့် အိမ်ငှားလိုသူ/ တိုက် ခန်းငှားလိုသူ အဆောင်ငှားလိုသူများမှာ စက်မှုဇုံနှင့်အနီးဆုံးရပ်ကွက်များ၌ ပိုများသည်ကို တွေ့နိုင်သည်။

အိမ်ငှားနေပြီဆိုလျှင် အလုပ်နှင့် နီးလေကောင်းလေ
လုပ်ငန်းခွင်နှင့် နီးနီးနေခြင်းသည် အလုပ်သွားအလုပ်ပြန်အဆင်ပြေစေသည်။ အချိန်ကုန်လူပမ်းသက်သာစေ သည်။

အဆိုပါအတွေးမျိုးကြောင့် ငှားရမ်းနေထိုင်သူများမှာ လုပ်ငန်းခွင်နှင့်နီး ဈေးနီး၊ ကျောင်းနီး Super Market နှင့်နီး လမ်းမကြီးအနီးဖြစ်လျှင် ပို၍ သဘောကျ၊ ပို၍ နှစ်သက်ပြီး ငှားရမ်းနေထိုင်လိုကြသည်။ ယင်းအချက်များကို သိထားသော အိမ်ရှင်များမှာ (၆)လတစ်ကြိမ် ငှားရမ်းနေထိုင်လိုကြသည်။

ယင်းအချက်များ ကို သိထားသော အိမ်ရှင်များမှာ (၆)လတစ်ကြိမ် တစ်နှစ်တစ်ကြိမ်ဆိုသလို အိမ်ငှားများတိုး၍ တိုး၍ တောင်း လာကြသည်ကိုလည်း တွေ့ရပြန်သည်။

လူတစ်သိန်းနီးပါး နေနိုင်သည့် ဧရာဝဏ်/ရတနာအထပ်မြင့်အိမ်ရာ
ယင်းသို့ ကျောတစ်ခင်းစာ နေရေးအတွက် စိတ်ဆင်းရဲနေရသော အိမ်ပိုင်ယာပိုင်မရှိသူများအတွက် တစ်ဖက် တစ်လမ်းမှ နိုင်ငံတော်အစိုးရမှ ကူညီဖြည့်စွက်ပေးရန် တာဝန်ရှိကာ ခံယူသဖြင့် စင်ကာပူအိမ်ရာဖွံ့ဖြိုးရေးစီမံ ကိန်း လုပ်ငန်းများအတိုင်း လူဦးရေရှစ်သောင်းနှင့် တစ်သိန်းကြား နေထိုင်နိုင်စေမည်။

ဧရာဝဏ်/ရတနာ အထပ် မြင့်အိမ်ရာစီမံကိန်းကြီးကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ဧရာဝဏ်လမ်းနှင့် ရတနာ လမ်းမကြီးနှစ်ဘက်တွင် တည်ဆောက်နေသည်ကို တွေ့မြင်နေရပြီဖြစ်ပါသည်။

ယင်းအိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ အပိုင်း (၃)ပိုင်းခွဲ၍ တာဝန်ယူတည်ဆောက် နေကြောင်း သိရပါသည်။
ထိုစီမံကိန်းအား နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်မှုဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပြည်တွင်းလုပ်ငန်းရှင် များ ပူးပေါင်းကာ ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစ၍အကောင်အထည်ဖော်
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းအား ဧရာဝဏ်ဘက်ခြမ်းတွင် ဧက (၁၂၀)၊ ရတနာလမ်းဘက်ခြမ်းတွင် ဧက (၁၀၀) စုစုပေါင်း ဧက (၂၂၀) ပေါ်တွင် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

စီမံကိန်းလုပ်ငန်းကော်မတီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်သူဆောက်လုပ်ရေးမှ ၀ါရင့်အင်ဂျင်နီယာ ကြီးများ ပြည်တွင်းဆောက်လုပ်ရေး ကုမ္ပဏီ(၃၁)ခုတို့ပူးပေါင်း၍အပိုင်းလိုက်ဆောင်
ရွက်နေကြသည်ကို တွေ့ရသည်။

ပထမအဆင့် အဆောက်အအုံ (၁၅)လုံးဆောက်လုပ်နေ
ယခုအခါတွင် ထိုစီမံကိန်းကြီးအား အဆင့် (၃)ဆင့်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပထမအဆင့်တည်ဆောက် နေသော ဧရာဝဏ်နှင့် ရတနာလမ်းဘက်ရှိ အဆောက်အအုံ (၁၅)လုံးမှာ (လေးလွှာ)မှ (၆)လွှာအထိ (၁၃)လုံး ပြီးစီးနေပြီဖြစ်သည်ဟု သိရသည်။ ကျန်နှစ်လုံးမှာအဆောက်အအုံ၏ ခြေခံအုတ်မြစ် (Foundation)လုပ်ငန်း နှင့် မြေညှိလုပ်ငန်းများ ဆောင်
ရွက်နေကြောင်း သိရသည်။ လုပ်ငန်းပြီးစီးမှု ၃၅ ရာခိုင်နှုန်းရှိလာပြီးဖြစ်ကြောင်း သိရသည်။

ဒုတိယအဆင့်အဆောက်အအုံ (၁၆)လုံးဆောက် ၂၀ ရာခိုင်နှုန်းပြီးစီးဒုတိယအဆင့် အဆောက်အအုံ (၁၆)လုံးတည်ဆောက်သွားမည်ဖြစ်ရာ အဆောက်အအုံ အောက်ခံတိုင်တိုင် တွင်းတူးသည့် (BoredPile)လုပ်ငန်း၊ လော်လီကား/အငှားကားထားမည့်နေရာ (Pile Cab) လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ ၂၀ ရာခိုင်နှုန်းလုပ်ငန်းပြီးစီးနေပြီဟုလည်း သိရသည်။

တတိယအဆင့်အဆောက်အအုံ (၁၈)လုံးဆောက် ၁၅ ရာခိုင်နှုန်းပြီးတတိယအဆင့် အဆောက်အအုံ (၁၈)လုံးတည်ဆောက်ရေးတွင် အဆောက်အအုံအခြေခံအုတ်မြစ် (Foundation) လုပ်ငန်းနှင့် (Pile Cab) နှင့် (Bored Pile) အောက်ခံတိုင်တွင်တူးသည့်လုပ်ငန်းများ ပြီးစီးနေပြီး ၁၅ ရာခိုင်နှုန်လုပ်ငန်းပြီးစီးနေပြီဖြစ်သည်ဟု သိရသည်။

အထူးအဖွဲ့ (၁)နှင့် (၂)အပြိုင်အဆိုင်ဆောက်လုပ်နေ
ဆောက်လုပ်ရေးအဆောက်အအုံဖော်ဆောင်ရေး အထူးအဖွဲ့ (၁)မှ ဆောင်ရွက်နေသော အဆောက်အအုံ တစ်လုံးသည် လေးလွှာမှ (၆)လွှာအထိ ပြီးစီးဖြစ်ပြီး အထူးအဖွဲ့ (၂) မှ တာဝန်ယူသော အဆောက်အအုံတစ် လုံးသည် (၇)လွှာအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျန်ကုမ္ပဏီများမှာ အဆောက်အအုံလုပ်ငန်းများ အောက်ခံတိုင်တွင်းသည် (Bared Pile) လုပ်ငန်း အပေါ်ပိုင်းအဆောက်အအုံ (Supen Stueture) လုပ်ငန်း Pre Cast ပုံသွင်းသည့်လုပ်ငန်းများ အပိုင်းလိုက်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

Parcle (၁၁)ခုနှင့် အဆောက်အအုံ (၄၉)လုံးရှိမည်။
ဆောင်ရွက်လျက်ရှိသောအဆောက်အအုံတစ်လုံးလျှင် နှစ်လုံးတွဲအဆောက်အအုံ ဆောက်လုပ်ထားပြီး အထပ်ပေါင်း (၁၈)ထပ်ပါရှိကြောင်း သိရသည်။ တစ်လွှာလျှင် ပျမ်းမျှ (၆၀၀) စတုရန်းပေရှိသော အိမ်ခန်း (၂၄)ခန်းနှင့် အဆောက်အအုံတစ်လုံးတွင် အိမ်ခန်း ယူနစ် (၄၀၀)ပါရှိကြောင်း သိရပြန်သည်။

ဧရာဝဏ်ဘက်ခြမ်းတွင် (မြေကွက်အစိတ်အပိုင်း) (၆)ခု ပါရှိသည်အဆောက်အအုံ(၂၇)လုံး ဆောက်လုပ်မည် ဖြစ်ပြီး ရတနာလမ်းဘက်ခြမ်းတွင်(Parcel) မြေကွက်အစိတ်အပိုင်း (၅)ခု၊ အဆောက်အအုံ (၂၂)လုံး စုစုပေါင်း Parcel (၁၁)ခုနှင့် အဆောက်အအုံ (၄၉)လုံးပါရှိမည်ဟုသိရသည်။

ဓာတ်လှေကား (၄)စင်းနှင့် အိမ်ခန်းပေါင်း (၁၉၆၀၀)
အဆောက်အအုံများပြီးစီးပါက အိမ်ခန်းပေါင်း (၁၉၆၀၀) ကျော်ပေါ်ထွက်လာမည်ဖြစ်ပြီး လူဦးရေ ရှစ်သောင်းနှင့် တစ်သိန်းကြား နေထိုင်နိုင်မည်ဖြစ်ကြောင်း ယင်းအဆော်ကအအုံကို တာဝန်ယူဆောင်ရွက်နေသော ထိုစီမံကိန်း ညွှန်ကြားရေးမှူးရုံးမှ တစ်ဆင့်သိရသည်။

အလွာ (၇)လွှာရှိ အဆောက်အအုံတစ်လုံး၏ အခြမ်းတစ်ခြမ်းလျှင် ဓာတ်လှေကား (၂)စင်းပါရှိပြီး အဆောက်အအုံကြီးတစ်လုံးတွင် ဓာတ်လှေကား (၄)စင်း ပါရှိမည်ဖြစ်ကြောင်း သိရပြန်သည်။ (အမွှာပုံသဏ္ဍာန်နှစ်လုံးတွဲ ဆောက်လုပ်ထားခြင်းဖြစ်သည်ဟု သိရသည်။)

အိမ်ရာဝင်းအတွင်းတွင် ကားပါကင်၊ အားကစားကွင်း၊ ကျန်းမာရေးလေ့ကျင့်ရေးကွင်းများ ပါရှိမည်ဖြစ်သည့် အတွက် ထိုတိုက်ခန်းများကို လက်ငင်းနှင့် အရစ်ကျခွဲကာ ရောင်းချသွားမည်ဟု သိရသည်။

မည်သို့ပင်ဆိုစေ အဆိုပါ ဧရာဝဏ်နှင့် ရတနာအထပ်မြင့် အိမ်ရာစီမံကိန်းကြီး ပြီးစီးသွားပါက အခန်းဝယ်နိုင်သူက အခန်းဝယ်၊ အခန်းမ၀ယ်နိုင်သူက အခန်းငှားနေထိုင်ကြမည်ဆိုလျှင် ရန်ကုန်မြို့တွင်းသို့ သာကေတမှအနီးဆုံးသွားနိုင်ပြီး တောင်ဒဂုန်စက်မှုဇုန်များသို့လည်း စက်ဘီး၊ ဆိုင်ကယ်၊ ကားများစီး၍ အချိန်တိုအတွင်း သွားရောက်နိုင်တော့ မည်ဖြစ်ပါသည်။

ထိုသို့ သတင်းကောင်းရေးပေးသော (၁၁-၇-၂၀၁၅)နေ့ထုတ်၊ မြို့တော်သတင်းနှင့် ဓာတ်ပုံသတင်းထောက်ဗညားကိုလည်း ကျေးဇူးတင်ပါသည်။ ၂၀၁၆ ဒီဇင်ဘာလတွင်တည်ဆောက်ပြီးစီးတော့မည်ဟု သိရသဖြင့်လည်း နေရေးစိတ်မအေးရသည့် ပြည်သူများ ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ရပါသည်ခင်ဗျား။

ခေတ္တရာမြင့်အောင် LL.B.,DML မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service