ဆောက်လုပ်ရေးလုပ်ငန်းများ၌ အာမခံထားသည့်စနစ်ကို တွင်ကျယ်စွာအသုံးချရန် လိုအပ်နေ

ဆောက်လုပ်ရေးလုပ်ငန်းများ၌ အာမခံထားသည့်စနစ်ကို တွင်ကျယ်စွာအသုံးချရန် လိုအပ်နေ - Property News in Myanmar from iMyanmarHouse.com
7 Aug 2015 10:09 am တွင် တင်ခဲ့သည်
695 ကြိမ် ကြည့်ရှု့ပြီး
၂၀၁၃ခုနှစ်နှောင်းပိုင်းမှစတင်၍အာမခံကုမ္ပဏီများပေါ်ပေါက်လာပြီးအာမခံလုပ်ငန်းများ တွင်ကျယ်လာသော်လည်း ဆောက်လုပ် ရေးလုပ်ငန်းများကိုအာမခံထားနှုန်းမရှိသလောက် ဖြစ်နေကြောင်း တော်ဝင်စင်တာနှင့် တော်ဝင်မိသားစုကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးကပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းများတွင် မီးအာမခံကိုသာ အထားများကြပြီး အခြား ဆောက်လုပ်ရေး ဆိုင်ရာကဏ္ဍများကို အာမခံထားခြင်းမရှိခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရုတ်တရက် အရှုံးပေါ်ချိန်တွင် ပိုမိုအခက်တွေ့ရကြောင်း ၎င်းကပြောသည်။

"ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက အခုအချိန်မှာ မီးအာမခံလောက်ပဲ ထားကြတယ်။ တခြားဆောက်လုပ်ရေးဆိုင်ရာ ကဏ္ဍတွေမှာ အာမခံမထားကြဘူး။ အခုလို ဆောက်လုပ် ရေးလုပ်ငန်းတွေအကြောင်းအ
မျိုးမျိုးကြောင့် ဈေးကွက်ပျက်လုဖြစ်ပြီး ခေတ္တရပ်ဆိုင်းထားရချိန်မှာ အကြောင်းတစ်ခုခုကြောင့်သာ ဒီကုမ္ပဏီတွေ ဆောက်လုပ်ရေးလုပ်ငန်းအတွက် အာမခံထားခဲ့ရင်အခုလိုအရှုံးပေါ်တာတွေ၊ ရှောင်ပြေးရတာတွေ ဖြစ်မလာနိုင်ဘူး"ဟု ဦးကိုကိုထွေးက ပြောသည်။

အာရှဆောက်လုပ်ရေးလုပ်ငန်းက အထွေ ထွေမန်နေဂျာ ဦးရန်အောင်ကလည်း "ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အာမခံထားတယ်ဆိုတာမရှိသလောက်ရှားတယ်။
ဆောက်လုပ်ရေးလုပ်ငန်းမှာ အဆောက်အအုံတစ်ခု ချင်းကို အာမခံထားရမှန်းတောင် ဆောက် လုပ်ရေးလုပ်ငန်းရှင်အများစုကမသိကြဘူး။
ဆောက်လုပ်ရေးလုပ်ငန်းနဲ့ဆိုင်တဲ့ အာမခံတွေကိုထားတာမျိုး မရှိဘူး"ဟုပြောသည်။

အာမခံကုမ္ပဏီများကလည်း အာမခံ လုပ်ငန်းနှင့် ပတ်သက်၍ ပညာပေးမှုအလွန် အားနည်း နေသောကြောင့် လုပ်ငန်းရှင်များ၊ ၀န်ထမ်းများကြားတွင် အာမခံထားခြင်းများ အလွန်အားနည်း ရခြင်းဖြစ်ကြောင်း ဦးရန်အောင်က ပြောသည်။ "ဆောက်လုပ်ရေးလုပ်ငန်းတွေက အာမခံ မထားကြသေးတာအာမခံထားရမှန်းမသိကြ သေးလို့ပါ။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက် တတ်နိုင်လောက်တဲ့ ငွေကြေးအနည်းငယ်နဲ့ လွယ်လွယ်ကူကူအာမခံထားနိုင်ပြီး တကယ်တမ်း အခက်အခဲဖြစ်ချိန်မှာ လျော်ကြေးရနိုင်တယ်ဆိုရင် လုပ်ငန်းရှင်တွေအားလုံး အာမခံထားလာကြမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။

အာမခံကုမ္ပဏီများက လုပ်ငန်းရှင်များ ထံသို့သွားရောက်ကာ အာမခံထားခြင်းများ ပြုလုပ်ရန် ပညာပေးမှု ပြုလုပ်ခြင်းများ အလွန် နည်းနေသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။ "ကျွန်တော်တို့ ဆောက်လုပ်ရေးလုပ်ငန်း ကို အာမခံကုမ္ပဏီနှစ်ခုလောက်လာပြီး ၀န်ထမ်းတွေကို အာမခံထားဖို့ပညာပေးဖူးတယ်။ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက် တဲ့ အာမခံမျိုးကိုတော့ အခုချိန်ထိ လာမပြော ဖူးသေးပေမယ့် ၀န်ထမ်းတွေကို အစုလိုက် အာ မခံထားဖို့တော့ လာပြောဖူးတယ်။ ဆောက် လုပ်ရေး ၀န်ထမ်းတွေကို အာမခံထားပေးတဲ့ ဆောက်လုပ်ရေး ကုမ္ပဏီတွေအရမ်းနည်းနေပါသေးတယ်"ဟု ဆောက်
လုပ်ရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ကာယအားဖြင့် အလုပ်လုပ်ရသောကြောင့် အခြားဝန်ထမ်းများထက် ထိခိုက်မှု ဖြစ်နိုင်ခြေပိုမိုသော ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ ၀န်ထမ်းများအတွက်လည်း ထိခိုက်နစ်နာမှုနှင့် အသက် အာမခံထားခြင်း များလည်း နည်းနေသေးကြောင်း အာမခံ ကုမ္ပဏီများက ပြောသည်။

"၀န်ထမ်းတွေအားလုံးအတွက် အာမခံထားနိုင်ပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းဝန်ထမ်းတွေ အတွက်လည်း အာမခံထားဖို့ သင့်တော်ပါတယ်။ အာမခံကြေးကလည်း မများပါဘူး။ ကျပ်တစ်ထောင်ကနေ ကျပ်ငါးသောင်းထိ ပရီမီယံကြေးနဲ့ အာမခံထား နိုင်ပြီး တစ်ခုခုဖြစ်ခဲ့ရင် ကျပ်တစ်သိန်းကနေ သိန်းငါးဆယ်ထိ လျော်ကြေးပြန်လည်ရရှိမှာဖြစ်ပါတယ်"ဟု စီဘီအာမခံ လုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးသောင်းဟန်က ပြောသည်။

မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာ ဦးအောင်မင်းက "အာမခံထားတာတွေက ရန်ကုန်မှာ ၂၀၁၃ နှစ်ကုန်ပိုင်းလောက် ကစတင်ပြီး လူနည်းနည်းစသိလာပေမယ့် ခုထိ တွင်ကျယ်တယ်လို့ မပြောနိုင်သေးဘူး။ ဘယ်လို ဆောက်လုပ်ရေးလုပ်ငန်းတွေ အာမခံထားနိုင်ပြီး အာမခံထားဖို့ ဘာတွေလိုအပ်တယ်ဆိုတာကို ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အခုထိ မသိကြသေးဘူး။ အာမခံကုမ္ပဏီတွေက ပညာပေးလုပ်ငန်းတွေကို အခုထက်ပိုလုပ်ဖို့ လိုအပ်နေပါသေးတယ်" ဟုပြောသည်။

Credit: Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပေးကမ်းခြင်းစာချုပ်၊ စွန့်လွှတ်ခြင်းစာချုပ်အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service