Real Estate Show Myanmar 2015 မှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းတစ်ခုလုံး မြင့်မားလာဖို့အမြင်တွေကို မြို့ပြစီမံကိန်း ညီလာခံနဲ့ မိတ်ဆက်လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်လာလို့ မြို့ပြဖွံ့ဖြိုးမှုတွေရှိလာနိုင်သလား၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွေကနေ ရင်းနှီးမြှုပ်နှံသူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာနိုင်မလား။
၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ၈.၃ ရာခိုင်နှုန်းထိ တိုးလာတာကြောင့် မြန်မာနိုင်ငံရဲ့ မြို့ပြဖွံ့ဖြိုးဖို့ မျှော်လင့်နေသူက ဦးဝင်းအောင်ပါ။ မြို့ပြဖွံ့ဖြိုးမှုတွေအတွက် ပြုပြင်ပြောင်းလဲမှုတွေမှာ အစိုးရကို ပါဝင်စေလိုဟန်ရှိပါတယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သယ်ယူပို့ဆောင်ရေးစနစ်ဟာ အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။ ဆောက်လုပ်ရေးအခြေခံအဆောက်အဦးတစ်ခုတည်း မဟုတ်ပဲ သယ်ယူပို့ဆောင်ရေးစနစ် တိုးတက်ဖို့လိုတဲ့ အကြောင်းကိုတော့ ဒေါက်တာအောင်ထွန်းသက်က ရှင်းပြပေးမှာပါ။
မြို့ပြစီမံကိန်းညီလာခံကို နိုင်ငံပေါင်း ကိုးနိုင်ငံကျော်က ပါဝင်တက်ရောက်သူ ၄၂၀၀ ရှိကာ မနှစ်က ရင်းနှီးမြှုပ်နှံဖို့ စီးပွားရေးသမား ၂၀၀ ကျော်က ဆုံးဖြတ်ချက်ချနိုင်ခဲ့တာကြောင့် ဒီနှစ်မှာလည်း ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေကို သယ်ဆောင်နိုင်မယ်လို့ Real Estate Show Myanmar 2015 ကို စီစဉ်တဲ့ Sphere Conference က ပြောခဲ့ပါတယ်။ ၂၀၃၀ ထိ အနာဂတ်မျှော်မှန်းချက်တွေကိုလည်း ပြောပြခဲ့ပါတယ်
တတိယအကြိမ် Real Estate Show Myanmar 2015 ကို သြဂုတ်လ ၅ရက်ထိ ၃ရက်ကြာပြသမှာဖြစ်သလို မြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ပါဝင်ပြသထားကြပါတယ်။
Credit: kamayut