အထည်ကြီးပျက် မြန်မာအိမ်ခြံမြေဈေးကွက်……………….

အထည်ကြီးပျက် မြန်မာအိမ်ခြံမြေဈေးကွက်………………. - Property News in Myanmar from iMyanmarHouse.com
30 Jun 2015 11:12 am တွင် တင်ခဲ့သည်
3242 ကြိမ် ကြည့်ရှု့ပြီး
တစ်ဦးချင်းဝင်ငွေနည်းပါးနေခြင်း

မြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်တွင် အိမ်ခြံမြေဈေးနှုန်းများမှာ လက်ရှိအချိန်တွင် အမေရိကတိုက်တွင် ဈေးနှုန်း ကြီးမြင့်ပါသည် ဆိုသည့် မြေဈေးနှုန်းထက်ကြီးမြင့်နေသည်ကို တွေ့နေရပြီဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ စက်မှုဇုန်မြေဈေးနှုန်းသည် ကမ္ဘာ့ ပေါ့ဘုရင်ဖြစ်သော မိုက်ကယ်ဂျက်ဆင်၏ နေအိမ်ကိုလေလံတင်ထားသည့် ဈေးနှုန်းထက်ပင်မြင့်မားနေသည်ကို တွေ့လာရသည်။ မြန်မာနိုင်ငံ၏ လူတစ်ဦးခြင်း ဝင်ငွေမှာ အာဆီယံဒေသ အတွင်းမှာပင် နည်းပါးသည့် စာရင်းဝင်နိုင်ငံတစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံ အိမ်ခြံမြေဈေးနှုန်းတွင်မှု အာဆီယံဒေသတွင် မကဘဲ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများထက်ပင် သာလွန်နေသည်။ ယင်းမှာ နိုင်ငံတော်၏ဝင်ငွေ နှင့် ထွက်ငွေမကာမိသည်ကို မီးမှောင်းထိုးပြနေခြင်းပင်ဖြစ်သည်။ အဆိုပါ ပြဿနာမှာ နိုင်ငံတော်အဆင့် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ သားတိုင်းလည်း ယင်းပြဿနာကို ကြုံတွေ့နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ အိမ်ခြံ မြေကို နိုင်ငံသားတို့မှာ ဝယ်ယူနိုင်သည့် အနေအထားမျိုးမရှိလျှင် အိမ်ခြံမြေဈေးနှုန်းမြင့်မားနေခြင်းသာရှိပြီး အဝယ်ရှိမည် မဟုတ်ပေ။ နိုင်ငံစီးပွားရေးမှ မဖွံ့ဖြိုးသေးသည့်အတွက် နိုင်ငံအတွင်းလူတစ်ဦးချင်းဝင်ငွေမှာလည်း နည်းပါးနေဦးမည်ဖြစ်ကာ ဝင်ငွေအနည်းငယ်ဖြင့် မြင့်တက်သော အိမ်ခြံမြေဈေးကွက် နိုင်ငံသားတို့ ဝယ်ယူနိုင် ခြင်းမရှိတော့လျှင် ယင်းမှာ ဈေးကွက်ပျက်ကိန်းပင်ဖြစ်သည်။

နိုင်ငံပိုင် သယံဇာတကို နိုင်ငံသားတို့ပိုင်ဆိုင်အသုံးပြုခွင့်မရှိခြင်း

Resources ပစ္စည်းတို့သည် ပြည်တွင်းဈေးကွက်ကို အားကိုးယုံမလုံလောက်လာပါက ပြည်ပဈေးကွက်ကိုပါ အားကိုးလာကြသည့်သဘောလည်းရှိသည်။ ယင်းနည်းတူး မြန်မာနိုင်ငံအိမ်ခြံမြေတို့မှာလည်း နိုင်ငံပိုင် သယံ ဇာတတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်း၏ အိမ်ခြံမြေဝယ်လိုအားဈေးကွက်လျော့နည်းလာပါက ပြည်ပ ဝယ်လိုအားကို မှီတည်းရမည်လည်းဖြစ်သည်။ ယင်းသို့ဖြစ်လာပါက နိုင်ငံသားတို့သည် နိုင်ငံထွက် သယံဇာတ ကို ပိုင်ဆိုင်ခွင့်၊ အသုံးပြုခွင့် မရရှိတော့ပေ။ ထို့နောက် နိုင်ငံသားမှာ အိမ်ငှားဘဝနှင့် နေရမည်ဖြစ်ကာ ပြည်ပရင်း နှီးမြှုပ်နှံသူများမှာ အိုးပိုင်၊ အိမ်ပိုင်များဖြစ်နေပေလိမ့်မည်။ ထို့အတွက် လက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေဈေးနှုန်း မြင့်တက်နေခြင်းသည် နိုင်ငံနှင့် နိုင်ငံသားတို့၏လားရာအတွက် အပေါင်းလက္ခဏာဆောင်သည့် အရာမျိုးအ နည်းငယ်မျှ ပါဝင်နေခြင်းမရှိပေ။ ယင်းကြောင့် တစ်နည်းအားဖြင့်ကြည့်လျှင် မြန်မာနိုင်ငံအိမ်ခြံမြေ ဈေးနှုန်းမြင့် တက်နေသော်လည်း နိုင်ငံသားတို့ဝယ်ယူနိုင်ရန်အတွက်မဟုတ်ဘဲ မရေရာသော နိုင်ငံခြင်းရင်းနှီးမြှုပ်နှံမှုကို စောင့်မျှော်နေကြခြင်းပင်ဖြစ်သည်။

နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ နည်းပါးနေခြင်း

လက်ရှိ မြန်မာနိုင်ငံသည် နိုင်ငံရေးအုပ်ချုပ်မှုစနစ်ပြောင်းလဲမှုစတင်သည့်အချိန်ဖြစ်နေသည့်အပြင် ရွေးကောက် ပွဲကျင်းပရန် အချိန်နီးကပ်နေသည့်အတွက် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမှ ဝင်ရောက်လုပ်ကိုင်မှု နည်းပါးလျက်ရှိသည်။ ထို့အတွက် ယခုအချိန်သည် ပြည်တွင်း အိမ်ခြံမြေဈေးကွက် သည်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမရှိသေးချေ။ အခြားသော အကြောင်းရာတစ်ခုမှာ နိုင်ငံရေး မတည်ငြိမ်သေးသည့်အပြင် မြန်မာနိုင်ငံအိမ်ခြံမြေဈေးနှုန်းများသည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများထက် ပိုမိုမြင့်တက် နေသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံသူများပင် မြန်မာနိုင်ငံ အိမ်ခြံမြေဈေးနှုန်းများကြောင့် မြန်မာနိုင်ငံအိမ်ခြံမြေ ဈေးကွက်တွင် များစွာရင်းနှီးမြှုပ်နှံလိုခြင်းမရှိကြချေ။ ယင်းကြောင့် လက်ရှိအချိန်သည် ပြည်တွင်းအိမ်ခြံမြေဈေး ကွက်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများမဝင်ရောက်သည့်အတွက် ပြည်ပဝယ်လက်မျှော်ကိုး၍ မရပေ။

အထည်ကြီးပျက်ဖြစ်လာသည့် မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်

လက်ရှိ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်သည် ဝယ်လက်လုံးဝမရှိသေးသည့် ဈေးကွက်မျိုးဖြစ်သည်။ အပေါ်တွင် ဖော်ပြခဲ့သလို နိုင်ငံ၏တစ်ဦးချင်းဝင်ငွေနည်းပါးနေသည့်အပြင် နိုင်ငံစီးပွားရေးမှာလည်း ထင်သလောက် မဖွံ့ဖြိုး သေးသည့်အတွက် မြင့်တက်နေသည့် အိမ်ခြံမြေဈေးကွက်ကို မြန်မာနိုင်ငံသားတို့ ပါဝင်ဆင်နွှဲဖို့ဆိုတာ ပို၍ပင် ခက်ခဲလာခဲ့သည်။ ထိုနည်းအတူ ပြည်တွင်းအိမ်ခြံမြေဈေးကွက်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုတာသည် လက်ရှိ နိုင်ငံရေးအနေအထားအရ ရွှေ့ပြောင်းနေထိုင်လာသည့် နိုင်ငံခြားသားမှ လွဲ၍ကျန်နိုင်ငံခြားသားတို့မှာ ဝယ်ယူ ခြင်းမပြုကြပေ။ အကယ်၍ အဆောက်အအုံ၊ မြေနေရာလိုအပ်လာပါလည်း ငှားရမ်းအသုံးပြုလိုက်သည်က များ သည်။ ယင်းကြောင့်လည်း လက်ရှိ ရန်ကုန်မြို့ အိမ်ခြံမြေဈေးကွက်အတွင်း အဝယ်ထက် အငှားဈေးကွက် ပိုမိုသွက်လျက်ရှိသည်။ ထို့အတွက် လက်ရှိမြန်မာနိုင်ငံ အိမ်ခြံမြေဈေးကွက်သည် ပြည်တွင်းဝယ်လက်လည်း ပျောက်နေသလို ပြည်ပဝယ်လက်လည်း ဝင်မလာသည့်အတွက် ဝယ်လက်ပျောက်ဈေးကွက်သာဖြစ်နေသည်။ သို့သော်လည်း အိမ်ခြံမြေ ဈေးကစားသူတို့မှ တစ်ဦးမှတစ်ဦးသို့လွှဲပြောင်းသည့် နည်းဖြင့် ရောင်းမထွက် သော်လည်း ဈေးကို မြှင့်တင်နေကြသည်။ ထို့အတွက် လက်ရှိမြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်မှာ အထည်ကြီးပျက်ကဲ့သို့ ဝယ်လက် မရှိ ဈေးမြင့်တက်နေပေသည်။ ထို့အတွက် မြန်မာနိုင်ငံအိမ်ခြံ မြေဈေးကွက် သည် ပျက်သွားခြင်းမရှိသော်လည်း အထည်ကြီးပျက်ဆန်ဆန်ဖြစ်နေပေသည်။

လမင်းအောင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service