အိမ်ခြံမြေဈေးကွက် ရပ်တန့်လုနီးပါးဖြစ်နေချိန်တွင် မြို့စွန်ရှိ တန်ဖိုးသင့်တင့်စက်မှု ဇုန်မြေကွက်အချို့ အရောင်းအ ၀ယ်ဖြစ်နေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သတင်း ရရှိသည်။
ကျပ်သိန်း ၄၀၀ မှ သိန်း ၆၀၀ ကျော်တန် စက်မှုဇုန်မြေ ကွက်အချို့သည် လုပ်ငန်းလုပ် ကိုင်လည်ပတ်မှုမရှိပါက အစိုးရ က ပြန်လည်သိမ်းဆည်းမည့် မြေ ကွက်အမျိုးအစားတွင် မပါဝင် သောကြောင့် ယခုရက်ပိုင်းအတွင်း အရောင်းအ၀ယ်ဖြစ်နေသည်ဟု သာကေတမြို့နယ်မှ စက်မှုဇုန် မြေယာအကျိုးဆောင် ကိုသန့် ညီဇင်စိုးကပြောသည်။
သို့သော် ကျပ်သိန်းတစ် ထောင်ကျော်တန် စက်မှုဇုန်မြေ ကွက်ကြီးများကိုမူ လုပ်ငန်းမလုပ် ကိုင်ပါက အစိုးရကပြန်လည်သိမ်း ဆည်းမည်ဆိုသောကြောင့် အ ရောင်းအ၀ယ်မဖြစ်သည်မှာ အ ချိန်ကြာမြင့်နေပြီဟု ၎င်းကဆို သည်။
ထို့ပြင် တန်ဖိုးကျပ်သိန်း တစ်ရာခန့်ရှိသော စက်မှုဇုန်မြေ ကွက်များမှာ အဆောက်အအုံပြ ရန်နှင့် လုပ်ငန်းလုပ်ကိုင်ပြရန် မ လိုအပ်သည့်အတွက် ပြည်တွင်း မြေဈေးကစားသူများ ၀င်ရောက် လုပ်ကိုင်လာခြင်းကြောင့် ယခုကဲ့ သို့ အရောင်းအ၀ယ်ဖြစ်လာပြီး ဈေးနှုန်းမှာလည်း အနည်းငယ် မြင့်တက်လာသည်ဟု ၀န်းရံ အိမ် ခြံမြေအကျိုးဆောင် လုပ်ငန်းရှင် က ဆိုသည်။
၂၀၁၅-၂၀၁၆ အိမ်ခြံမြေ ရောင်းဝယ်မှုအပေါ် ကောက်ခံ ထားသော ၀င်ငွေခွန် အခွန်နှုန်း ထားတွင် အသစ်ပြန်လည်ပြင် ဆင်လာမှုကြောင့် မကြာမီကာလ အတွင်း အိမ်ခြံမြေ အရောင်းအ ၀ယ်အငှားဈေးကွက် ပြန်လည် ကောင်းမွန်လာမည်ဟု အကျိုး ဆောင်များကမျှော်လင့်နေသည်။
လက်ရှိအဓိကအရောင်းအ ၀ယ်ဖြစ်နေသည့် စက်မှုဇုန်မြေ ကွက်များမှာ သာကေတ၊ရွှေပြည် သာ၊ လှိုင်သာယာစက်မှုဇုန်ရှိ မြေ ကွက်ငယ်လေးများဖြစ်ပြီး အချို့ မြေကွက်ငယ်လေးများကိုအသေး စားစက်မှုလုပ်ငန်းငယ်များ အမှန် တကယ်လုပ်ကိုင်ရန် နယ်မှလုပ် ငန်းရှင်ကြီးများက လိုက်လံဝယ် ယူခြင်းဖြစ်ကြောင်းအကျိုးဆောင် များကဆိုသည်။
Credit: 7 day daily