အိမ်ရာ ၀ယ်ယူနိုင်ရေး အတွက် (၄)နှစ် အရစ်ကျ စနစ်မှ (၈)နှစ်အထိ တိုးမြှင့် သတ်မှတ် ပေးမည်

အိမ်ရာ ၀ယ်ယူနိုင်ရေး အတွက် (၄)နှစ် အရစ်ကျ စနစ်မှ (၈)နှစ်အထိ တိုးမြှင့် သတ်မှတ် ပေးမည် - Property News in Myanmar from iMyanmarHouse.com
24 Mar 2015 9:53 am တွင် တင်ခဲ့သည်
1315 ကြိမ် ကြည့်ရှု့ပြီး
ရွှေလင်ပန်း တန်ဖိုးနည်း တိုက်ခန်း ၀ယ်ယူခွင့် ရရှိသူများ အဆင်ပြေစေရေး အတွက် ယခင် သတ်မှတ်ချက် လေးနှစ် အရစ်ကျစနစ်မှ ရှစ်နှစ်သို့ တိုးမြှင့် သတ်မှတ်ပေး သွားမည် ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ ဖြိုးရေး ဦးစီးဌာန ထံမှ သတင်း ရရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အိမ်ရာ ၀ယ်ယူခွင့် ရရှိသူများ အနေဖြင့် မြို့ရွာနှင့် အိုးအိမ် ဖွံ့ ဖြိုးရေး ဦးစီးဌာနသို့ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထား ဆက်သွယ် ရမည် ဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့ အခုလက်ရှိ အခန်းအပ်နှံနိုင်မှုကို ပြန်ကြည့်တဲ့ အခါမှာ ငွေသွင်းနိုင်တဲ့ အခြေအနေမှာ အခက်အခဲ ရှိတာကို သွားတွေ့ရတယ်။ ဒါကို ပြေလည်မှု ရှိစေဖို့ အတွက် တိုင်းဒေသကြီး အစိုးရ အဖွဲ့ နဲ့ ညှိနှိုင်းပြီး ယခုလို နှစ်ရှည် အဖြစ် တိုးပေးမှာ ဖြစ်ပါတယ် ဟု မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီး အိမ်ရာ စီမံကိန်း တာဝန်ခံ ဦးယုခိုင်က ပြောသည်။ လက်ရှိ အခြေအနေတွင် အိမ်ရာ ၀ယ်ယူခွင့် ရရှိသူ (၅၇၆) ဦးရှိသည့် အနက်မှ အယောက် (၂၀၀) ကျော်သာ ငွေသွင်းနိုင်ပြီး ထပ်မံ ဆက်သွယ်နိုင်ရန် (၃၀၀) ကျော်ရှိနေ သေးကြောင်း ၎င်းက ဆက်လက် ပြောသည်။

မူလ သတ်မှတ်ချက်များတွင် အိမ်ခန်းများ ငွေချေမှုအား အကျေပေးချေ စနစ်နှင့် လေးလ တစ်ကြိမ် လဆန်း (၄) ရက်နေ့တွင် ပေးသွင်း ရသည့် လေးနှစ် အရစ်ကျစနစ် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြေညာခဲ့သည်။ ၀ယ်ယူခွင့် ရရှိသူများ အနက် မိသားစုဝင်ငွေ ကျပ်သုံးသိန်းမှ ကျပ်ခုနစ်သိန်း ရှိသော ၀င်ငွေ အသင့်အတင့်ရှိ ၀န်ထမ်း အချို့နှင့် အလုပ်သမား အချို့တို့ ပါဝင်နေ သဖြင့် ငွေပေးချေ နိုင်ရန် အခက်အခဲ ရှိကြောင်း ကာယကံရှင်များ၏ တင်ပြမှု များလည်း ရှိခဲ့သည်။

အဆိုပါ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာကို ၂၀၁၄ ခုနှစ်အတွင်းက စတင် အကောင်အထည်ဖော်ခဲ့ရာ အိမ်ရာ ၀ယ်ယူခွင့်အား မဲစနစ်ဖြင့် ဆောင်ရွက်ရာတွင် လျှောက်ထားသူ ရှစ်သောင်းခန့် ရှိခဲ့သည့် အနက် (၅၇၆)ဦး အား မဲနှိုက် ရွေးချယ်၍ ဘဏ်ချေးငွေဖြင့် ၀ယ်ယူနိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာကျော် Bloomberg သတင်းဌာနကြီးကို တည်ထောင်သူ မိုက်ကယ် ဘလွန်းဘာ့ဂ်က ကိုယ်ဝန်ဆောင် သမီးဖြစ်သူအတွက် ကမ်းခြေစံအိမ်ကြီးတစ်လုံးကို ငွေသားဖြင့် ပေးချေဝယ်ယူ...

အမေရိကန်ပြည်၊ ဗားမွန့်ပြည်နယ် လက်ထောက်အုပ်ချုပ်ရေးမှူးက အများပိုင်လမ်းကို ကိုယ်ပိုင် ယာဉ်မောင်းလမ်းအဖြစ် သိမ်းယူရန် ကြိုးစားနေမှု...

အိန္ဒိယတွင် ဟိမဝန္တာတောင်တန်းကြီးပေါ်မှ သိဝဘုရားကျောင်းတော်ရှိရာသို့ မိုင် ၂၀၀၀ ကျော် လမ်းလျှောက်ကာ ဘုရားဖူးသွားခဲ့သော အသက် ၇၀ အရွယ် အဘိုးတစ်ဦးအကြောင်း...

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်...

အသက် ၁၂ နှစ်အရွယ်တွင် အိမ်တစ်လုံး စဝယ်နိုင်ခဲ့သော စင်္ကာပူ၏ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦး အကြောင်း...

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါင်းသယ်သော ကားနံပါတ်ကို ထီထိုးကြရာ ထိုင်းနိုင်ငံသားများစွာ ကံထူးခဲ့ကြ...

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ မြေကွက်တစ်ခုကို ငွေသားဖြင့် ပေးချေဝယ်ယူ...

စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်လံစားသောက်နေပုံ နာမည်ကြီးနေ...

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက်ရိုက်ပျံ့နှံ့နေ...

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ အွန်လိုင်းမှ ရောင်းချရာ နာရီဝက်အတွင်း ဒေါ်လာ ၃ သန်းဖိုး ရောင်းရမှု ပြည်မကြီးတွင် နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone Residence
The Vista Luxury Residance

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service