ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း

ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
12 Oct 2025 1:56 pm တွင် တင်ခဲ့သည်
456 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

၁။ အမွေဆိုင် သားသမီးများ (သို့မဟုတ်) အမွေဆိုင် ညီအစ်ကိုမောင်နှမများက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်းမြွက်ဟကြေညာစာတမ်း လျှောက်ထားရရှိပြီး ဖြစ်လျှင်ဖြစ်စေ၊ စီရင်ပိုင်ခွင့်ရှိသော တရားရုံး တော်သို့ အမွေထိန်းလက်မှတ် လျှောက်ထားရပြီးလျှင် ဖြစ်စေ၊ ကွယ်လွန်သူပိုင် အိမ်၊ မြေ သို့မဟုတ် မြေကွက်ကို လွှဲပြောင်းရောင်းချခြင်း သို့မဟုတ် ငှားရမ်းခြင်းတို့ကို ဥပဒေနှင့်အညီပြုလုပ်နိုင်ခွင့်ရှိပါသည်။

၂။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် အမွေဆိုင်အားလုံးပါဝင်၍ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း ပြုလုပ်ပါက ကနေဦးမြေပုံ မြေရာဇဝင်ကူးယူရပါမည်။ အမည်ပေါက်ပိုင်ဆိုင်သူ အမှန်တကယ်သေဆုံးကြောင်း သက်ဆိုင်ရာက တရားဝင်ထုတ်ပေးသော သေစာရင်း တင်ပြနိုင်ရပါမည်။

၃။ မြေပုံမြေရာဇဝင်ကူးယူရာတွင် အမွေဆိုင်အားလုံးက တရားရုံးတော်၌ အမွေဆိုင်များ ဖြစ်ကြောင်း၊ အခြား အမွေဆိုင်များ မကျန်ရှိတော့ကြောင်း၊ ကွယ်လွန်သူ၏ အမွေဆိုင်များ မှန်ကန်ကြောင်း ဖော်ပြ၍ ကျမ်းကျိန်လွှာပြုလုပ်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနသို့ အမည်ပြောင်းရန် အတွက်နှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် (၂)စုံ ကူးယူခွင့် လျှောက်ထားရပါမည်။ မြေပုံကူးရာတွင် မြေပုံမြေရာဇဝင်ဌာန၏ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားခြင်းနှင့် ကျသင့်သော ကူးခများ ပေးသွင်းရခြင်း ပြုလုပ်ရပါမည်။

၄။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြေပုံမြေရာဇဝင်ဌာနက သတင်းစာတွင် ကြော်ငြာ ထည့်သွင်းပြီး ကန့်ကွက်သူ မရှိသည့်အခါကျမှ အမည်ပြောင်းနှင့် ရောင်းချရန်အတွက် မြေပုံမြေရာဇဝင် ထုတ် ပေးမည်ဖြစ်ပါသည်။ ကန့်ကွက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ကန့်ကွက်သူဘက်မှ အထောက်အထား ခိုင်ခိုင်လုံလုံ မတင်ပြနိုင်ပါက ကန့်ကွက်ချက်ကို မြေပုံမြေရာဇဝင်ဌာနက စဉ်းစားပေးမည် မဟုတ်ပါ။ ( မှတ်ချက် ၊ အမည်ပေါက်ကိုယ်ပိုင် မြေပုံကူးယူပါက သတင်းစာတွင် ကြော်ငြာရန် မလိုအပ်ဟု သိရှိရပါသည်။

၅။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းနှင့် အရောင်းစာချုပ်ကို တစ်ကြိမ်တည်း မှတ်ပုံတင်ရန် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။ အဓိကလိုအပ်ချက်မှာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၏ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြနိုင်ရပါမည်။

၆။ အကယ်၍ အမွေဆိုင်တစ်ဦးတစ်ယောက်မှာ ခရီးလွန်နေပါက အထူးကိုယ်စားလှယ်ပေးအပ်၍ ခရီးလွန် နေသော အမွေဆိုင်အတွက် ဆောင်ရွက်နိုင်ခွင့်ရှိပါသည်။ ( မှတ်ချက် ) ။ အမွေဆိုင်တစ်ဦးတစ်ယောက်ကို ထိန်ချန်ပါက မှတ်ပုံတင်စာချုပ်မှာ တရားဝင်မည် မဟုတ်ပါ။ သေဆုံးသွားသော အမွေဆိုင်၏ ဇနီး သို့မဟုတ် သားသမီးများကိုပါ ထည့်သွင်းဆောင်ရွက်ပါမှ စာချုပ်မှာ တရားဝင်မည်ဖြစ်ပါသည်။

၇။ အထူးသတိပြုသင့်သောအချက်မှာ အမွေဆိုင်များကို ချန်လှန်၍ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်စာတမ်းပြုလုပ်ပါက ဥပဒေနှင့်ဆန့်ကျင်သဖြင့် ယင်းစာချုပ်မှာ ကနေဦးကပင် ပျက်ပြယ်နေပါသည်။

၈။ အမွေထိန်းစာဖြင့် ရောင်းချခြင်းဖြစ်ပါက ရောင်းချခွင့်ပြုရန် တရားရုံး၏ခွင့်ပြုမိန့် ပါရှိရပါမည်။ [ဦးဗကြိုင်(ဘီအေ၊ အီအယ်လ်)၊ မရွှေ့မပြာင်းနိုင်သည့် အိမ် ခြံ မြေ တိုက်ခန်း စသည်များရောင်းချခြင်း၊ ဝယ်ယူခြင်း ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ၊ စာ ၈ ) ] ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: DVB

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
အဆင်းရောအချင်းရောပြည့်စုံတဲ့ စက္ကူပန်းလေးတွေရဲ့အကျိုးကျေးဇူးများ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
တံခါးတပ်ဆင်ရာတွင် အပြင်ဖွင့်လား အတွင်းဖွင့်လား ဘယ်လိုရွေးချယ်ကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
ရေရှည်အသုံးပြုလို့ရအောင် အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ဘယ်လိုသန့်ရှင်းကြမလဲ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
အမှိုက်ကို အလှဆင်ပစ္စည်းအဖြစ် ပြောင်းလဲပြီး သင့်အိမ်ကို ထူးခြားတဲ့ဒီဇိုင်းအဖြစ် ဖန်တီးနိုင်ဖို့...
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မှတ်သားဖွယ်ရာ အိမ်ခြံမြေ ဥပဒေမေးခွန်အဖြာဖြာ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မြေလွတ်၊မြေလပ်၊မြေရိုင်းအသုံးပြုမှုတွင် လိုက်နာရမည့်အချက်အလက်များ
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service