ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွား - Property News in Myanmar from iMyanmarHouse.com
11 Jul 2025 11:27 am တွင် တင်ခဲ့သည်
798 ကြိမ် ကြည့်ရှု့ပြီး

တချိန်က အလွန်ချစ်ခဲ့ဖူးသော ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့စုံတွဲသည် ၎င်းတို့၏ ဒေါ်လာ သန်း ၆၀ တန် ချစ်ဗိမ္မာန်ကြီးကို ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းသွားသည်။

အဆိုပါစံအိမ်ကြီးကို ကန်ဒေါ်လာ ၆၈ သန်းဖြင့် တစ်နှစ်နီးပါး အရောင်းဈေးကွက်တင်ထားပြီးနောက် ယခုကဲ့သို့ မရောင်းတော့ဘဲ ပြန်လည်ရုပ်သိမ်းသွားခြင်းလည်း ဖြစ်သည်။

ဘီဗာလီဟေးလ်အရပ်တွင် တည်ရှိပြီး တောင်တန်းများ၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားကာ မကြာသေးမီက amenities များစွာ မွမ်းမံဖြည့်စွက်ထားသည်။

ဂျနီဖာလိုပက်ဇ်တို့ ၂ ဦးက မူလခေါ်ဈေးမှ ကန်ဒေါ်လာ ၈ ဒသမ ၁ သန်း ဈေးလျှော့ပေးခဲ့သည့်တိုင် ဝယ်လက်မရှိခဲ့ချေ။

(ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့သည် ယခုနှစ် အစောပိုင်းက အပြီးသတ်ကွာရှင်းပြတ်စဲခဲ့ကြသည်။ ဓာတ်ပုံ-Golden Globes 2024 via Getty Images)

(ခြံဝန်းအကျယ် ၅ ဧကရှိသော စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ-@CelebCandidly / MEGA)

ဂျနီဖာလိုပက်ဇ်တို့စုံတွဲသည် လက်ထပ်ပြီး တစ်နှစ်မရှိသေးမီ ၂၀၂၃ ခုနှစ်၊ မေလတွင် ယခုစံအိမ်ကြီးကို ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။

အော်စကာဆုရှင် ဘင်အက်ဖလက်နှင့် ဂျနီဖာလိုပက်ဇ်တို့စုံတွဲက ယခုစံအိမ်ကို ဝယ်ယူခဲ့ရာတွင် ကန်ဒေါ်လာ ၆၀ ဒသမ ၈၅ သန်းပေးခဲ့ရသည်။

စတုရန်းပေ ၃၈၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီးတွင် အိပ်ခန်း ၁၂ ခန်းနှင့် ရေချိုးခန်းပေါင်း ၂၄ ခန်းအထိ ပါဝင်သည်။

အရောင်းကြော်ငြာတွင် ဖော်ပြထားချက်အရ အရက်ဘား၊ ဘတ်စ်ကက်ဘောနှင့် pickleball ကွင်းများ၊ အားကစားလေ့ကျင့်ခန်းမ၊ လက်ဝှေ့ကြိုးဝိုင်းနှင့် ကား ၁၂ စင်းဆန့် ကားဂိုဒေါင်တစ်ခုတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ရေကူးကန်၊ စတုရန်းပေ ၅၀၀၀ ကျယ်ဝန်းသော ဧည့်သည်တော် penthouse ၊ အိမ်တော်ထိန်း အတွက် အိမ်တစ်လုံး၊ အိပ်ခန်း ၂ ခန်းပါ ကင်းတဲအိမ် ၁ လုံး၊ ကားအစင်း ၈၀ ရပ်နားနိုင်သည့် ကားပါကင်နေရာ တို့လည်း ရှိသည်။

(အထပ် ၂ ထပ် ဖြန့်ကျက်ထားသည့် ခန်းမ။ ဓာတ်ပုံ-BACKGRID)

(ခေတ်မီ မီးဖိုဆောင်။ ဓာတ်ပုံ-BACKGRID)

(ဧည့်ခန်းမှတဆင့် နားနေဆောင်နှင့် ရေကူးကန်တို့ဆီသို့ ပေါက်သည်။ ဓာတ်ပုံ-BACKGRID)

စံအိမ်ကြီးကို လစဉ်ထိန်းသိမ်းစရိတ်မှာ ကန်ဒေါ်လာ ၂၈၄၀၀၀ ခန့်အထိ ကုန်ကျကြောင်း ခန့်မှန်းရသည်။

ထိုစရိတ်တွင် အိမ်ခြံမြေအရစ်ကျပေးသွင်းငွေလည်း အပါအဝင်ဖြစ်သည်။

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့သည် စံအိမ်ကြီးကို ၂၀၂၄ ခုနှစ်၊ ဇွန်လဆန်းပိုင်းတွင် တရားဝင် လူသိရှင်ကြား ဈေးကွက်မတင်ဘဲ ဈေးကွက်ပြင်ပ ရောင်းထုတ်ရန် စတင်ကြိုးစားခဲ့ခြင်းဖြစ်သည်။ ဂျနီဖာလိုပက်ဇ်က ကွာရှင်းပြတ်စဲခွင့် မလျှောက်ထားမီ ၂ လအလိုလည်း ဖြစ်သည်။

နောက်တစ်လအကြာတွင် ကန်ဒေါ်လာ ၆၈ သန်းဈေးခေါ်ကာ တရားဝင်အရောင်းဈေးကွက်တင်ခဲ့သည်။

(နားနေခန်းပါသော အိပ်ခန်း။ ဓာတ်ပုံ-BACKGRID)

(တောင်တန်းရှုမျှော်ခင်းများ တွေ့မြင်ရသော ရေချိုးခန်း။ ဓာတ်ပုံ-BACKGRID)

ယခု ၂၀၂၅ ခုနှစ်၊ မေလဆန်းပိုင်းတွင်မူ ကန်ဒေါ်လာ ၅၉ ဒသမ ၉၅ သန်းသို့ ဈေးလျှော့ပေးခဲ့ရာ အရှုံးခံရောင်းမည်ဟု ပြသလိုက်ခြင်းလည်း ဖြစ်သည်။

သို့သော် ယခုစံအိမ်ကဲ့သို့ high-end စံအိမ်များမှာ ရောင်းထွက်ရန် နှစ်အတန်ကြာ အချိန်ယူရသည်။

ဝယ်နိုင်မည့်သူဟူ၍လည်း အနည်းငယ်သာ ရှိမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jennifer Lopez and Ben Affleck are holding on to their $60 million home — for now Photo Credit-BACKGRID, @CelebCandidly / MEGA, Golden Globes 2024 via Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
အီဂျစ် ကလေးငယ်တစ်ဦး အင်ဒိုနီးရှားထုတ် ခေါက်ဆွဲခြောက်ကို မပြုတ်ဘဲစားပြီး သေဆုံးသွားခဲ့
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း လေ့လာတွေ့ရှိ...
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆုံးသည့်အပြင် ဦးနှောက်၏ အစိတ်အပိုင်းအချို့ကို ဒဏ်ရာရစေပြီးနောက် ထူးဆန်းစွာ စိတ်ဝေဒနာ ပျောက်ကင်းသွားပုံ...

ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ...
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
ဆေးတစ်လုံးထိုးရုံဖြင့် သွားပြန်ပေါက်လာစေမည့်ဆေး ဂျပန်သိပ္ပံပညာရှင်များ တီထွင်နေ
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
Christian Bale က မိဘမဲ့ကလေးများအတွက် ဒေါ်လာ သန်း ၂၀ သုံးကာ ရွာငယ်လေးတည်ပေး
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...
ဂျာမနီတွင် ၂၀၁၆ ခုနှစ်၊ မေလ ၈ ရက်က လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်များပြားသောကြောင့် ပြည်သူများကို အစိုးရက ငွေပြန်ပေးရသည့် အခြေအနေအထိ ဆိုက်ရောက်ခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service