ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက် - Property News in Myanmar from iMyanmarHouse.com
24 Jun 2025 11:19 am တွင် တင်ခဲ့သည်
883 ကြိမ် ကြည့်ရှု့ပြီး

ဟောလိဝုဒ်ကြယ်ပွင့် ဂွင်းနက်ပက်ထရိုးက အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတိုမြို့ရှိ စံအိမ်တွင် လွတ်လွတ်လပ်လပ်နေထိုင်လျက်ရှိပုံ၊ လှပသော နေအိမ်အတွင်း အပေါ်ပိုင်း အဝတ်အစားမပါဘဲ ချက်ပြုတ်နေပုံကို ၎င်းကိုယ်တိုင် လူမှုကွန်ရက်တွင် မျှဝေလာသည်။

အသက် ၅၂ နှစ်အရွယ်ရှိ ဂွင်းနက်ပက်ထရိုးက သူ၏ အင်စတာဂရမ်အကောင့်မှတဆင့် ဗွီဒီယိုဖိုင် မျှဝေလာခြင်းဖြစ်ပြီး အိုးတစ်လုံးအတွင်းသို့ ချက်ပြုတ်စရာများ ထည့်သွင်းနေပုံကို တွေ့ရသည်။

ဗွီဒီယိုတွင် စတင်တွေ့ရသည်မှာ ဂွင်းနက်ပက်ထရိုးသည် မီးဖိုရှေ့တွင် အပေါ်ပိုင်း အဝတ်မပါဘဲ ရပ်နေပုံကို တွေ့ရသည်။

၎င်းက ကင်မရာကို ကျောပေးထားသည်။

ဂွင်းနက်ပက်ထရိုးက ၎င်းချက်သောဟင်းလျာနှင့် ပတ်သက်ပြီး ပြောဆိုထားသည်မှာ တပ်စ်ကန်စတိုင် ပရိုတိန်း ကြွယ်ဝသော မနက်စာအိုးဟု ဆိုထားပြီး ဝက်အူချောင်း၊ ကြက်ဥနှင့် အဖြူရောင်ပဲများ ပါဝင်သည်။

ထိုသို့ အပေါ်ပိုင်းအဝတ်မပါသော အပိုင်းပြီးလျှင် ဂွင်းနက်ပက်ထရိုးက အခြားမြင်ကွင်းများကိုလည်း ပြသခဲ့သည်။

၎င်းက အိုးထဲတွင် အသားနှင့် ပဲများ ထည့်လိုက်သည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ဒေါက်ခွရွက်၊ ခရမ်းချဉ်သီးတို့လည်း ထည့်ပြီး ကြက်ဥကြော် ၃ လုံးနှင့် ရောလိုက်သည်ကို တွေ့ရသည်။

ဗွီဒီယိုထဲတွင် ဟင်းသီးဟင်းရွက်များ လှီးနေပုံကိုလည်း ရိုက်ကူးပြသထားသည်။

ထိုနေရာတွင်မူ ဂွင်းနက်ပက်ထရိုးမှာ ဘောင်းဘီတို၊ လက်ပြတ်အင်္ကျီတို့ဖြင့် ဖြစ်ပြီး ခေတ္တနားကာ ကော်ဖီသောက်သည်ကို တွေ့ရသည်။

(ဂွင်းနက်ပက်ထရိုးက မွန်တီစီတိုမှ သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်း အဝတ်မပါဘဲ ချက်ပြုတ်နေပုံကို ဗွီဒီယိုရိုက်ကူးထားခဲ့သည်။ ဓာတ်ပုံ-gwynethpaltrow/Instagram)

(ဂွင်းနက်ပက်ထရိုးက တပ်စ်ကန်စတိုင် ဟင်းလျာ ချက်ပြုတ်ပုံကို အင်စတာဂရမ်တွင် မျှဝေခဲ့သည်။ ဓာတ်ပုံ-gwynethpaltrow/Instagram)

(အသက် ၅၂ နှစ်အရွယ် A-lister ၏ အိမ်ထောင်ဖက်မှာ Brad Falchuk ဖြစ်ပြီး သူ၏ ဗွီဒီယိုဖိုင်မှာ ကြည့်ရှုမှု အကြိမ်ရေ ၁၃၅၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ဓာတ်ပုံ- gwynethpaltrow/Instagram)

ဗွီဒီယို၏ နောက်ပိုင်းတွင် ဂွင်းနက်ပက်ထရိုးက ချက်ပြုတ်ပြီးစီးသွားသော ဟင်းလျာ၏ပုံကို ပြသခဲ့ပြီး အိမ်ပြင်သို့ ယူသွားကာ အိမ်နောက်ဘက် ခြံဝန်းထဲတွင် မနက်စာ စားသောက်ခဲ့သည်။

ဂွင်းနက်ပက်ထရိုး၏ ရည်ရွယ်ချက်မှာ တပ်စ်ကန်ဟင်းချက်နည်းကို ပြသလိုခြင်းဖြစ်သော်လည်း ကြည့်ရှုသူများစွာမှာ ထိုအချက်ကို အာရုံမရောက်ကြ။

ထိုအထဲတွင် ဂွင်းနက်ပက်ထရိုး၏ သမီးဖြစ်သူ အသက် ၂၁ နှစ်အရွယ်ရှိ Apple Martin လည်း အပါအဝင် ဖြစ်သည်။

သမီးဖြစ်သူ ကောလိပ်ကျောင်းသူ Apple က မိခင်၏ ဗွီဒီယိုအောက်တွင် မှတ်ချက်လာပေးသည်မှာ “မေမေ့အင်္ကျီကို သမီးမေ့ပြီး ဖွက်ထားမိသလား မသိဘူး” ဟု အရွှန်းဖောက် မှတ်ချက်ပေးသည်။

ရုပ်ရှင်မင်းသမီး Jennifer Garner ကလည်း “မင်းကောင်လေး ဖြစ်လို့ရမလား” ဟု မှတ်ချက်ပေး နောက်ပြောင်ထားသည်။

(ဂွင်းနက်ပက်ထရိုးက ၎င်းချက်ပြုတ်ခဲ့သော ကြက်ဥချောင်းနှင့် ကြက်ဥများပါသော ဟင်းလျာကို “ချစ်သူကောင်လေး မနက်စာ” ဟု အရွှန်းဖောက် ညွှန်းဆိုသည်။ ဓာတ်ပုံ-gwynethpaltrow/Instagram)

(ဗွီဒီယိုဖိုင်ထဲတွင် ဂွင်းနက်ပက်ထရိုး ကော်ဖီသောက်နေပုံလည်း တွေ့ရသည်။ ဓာတ်ပုံ -gwynethpaltrow/ Instagram)

(ဗွီဒီယို၏ နောက်ပိုင်းတွင် ဂွင်းနက်ပက်ထရိုးက ချက်ပြုတ်ပြီးစီးသွားသော ဟင်းလျာ၏ပုံကို ပြသခဲ့ပြီး အိမ်ပြင်သို့ ယူသွားကာ အိမ်နောက်ဘက် ခြံဝန်းထဲတွင် မနက်စာ စားသောက်ခဲ့သည်။ ဓာတ်ပုံ-gwynethpaltrow/Instagram)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gwyneth Paltrow Shares Cheeky Topless Cooking Video as She Whips Up Breakfast Inside $4.9 Million Montecito Mansion Photo Credit- gwynethpaltrow/Instagram

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး...
(ယုံရခက် မယုံရခက်) ၇,၆၈၆,၃၆၉,၇၇၄,၈၇၀ နှင့် ၂,၄၆၅,၀၉၉,၇၄၅,၇၇၉ ဟူသော ဂဏန်း ၂ ခုမြှောက်သည့် ရလဒ်ကို စိတ်တွက်ဖြင့် ၂၈ စက္ကန့်အတွင်း တွက်ပြခဲ့သော အမျိုးသမီး...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင်များ တွေ့ရှိ...
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
နှလုံးမရှိဘဲ ရက်ပေါင်း ၅၅၅ ရက် အသက်ရှင်သန်နေထိုင်ခဲ့သော အမေရိကန်နိုင်ငံသားအကြောင်း
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
ကမ္ဘာ့ပထမဆုံး ကိုယ်ဝန်ဆောင်ပေးနိုင်သည့်စက်ရုပ် ၂၀၂၆ တွင် ဒေါ်လာ ၁၃၉၀၀ ဖြင့် ဝယ်ယူနိုင်တော့မည်...
(ဗြိတိန်၏ ပုစ္ဆာအဆန်ဆုံး အမျိုးသား) ဆွမ်ဆီးမြို့က မီးပွိုင့်တစ်ခုရဲ့ လမ်းအလယ်ခေါင်မှာ ၁၀ နှစ်လောက် မတ်တပ်ရပ် လမ်းပိတ်ထားတဲ့ အမျိုးသား ၁၂ ကြိမ် အဖမ်းခံရ၊ ပြန်လွတ်သောအခါတွင်လည်း ထိုနေရာတွင်ပင် မတ်တပ်ရပ်နေပြန်...

(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အတွင်း ပြည်သူတို့အား အခမဲ့ထိုးပေးရန် စီစဉ်လာ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ကျောင်းအုပ်ဆရာကြီးတစ်ဦးက တစ်သက်လုံး စုဆောင်းထားငွေ၊ ပင်စင်လစာများဖြင့် မိဘမဲ့ကလေး ၃၄၈ ဦးအတွက် ခိုလှုံရာစခန်းတစ်ခု ပြုလုပ်ပေးထားပုံ...
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
ဘီလျံနာကြီး Jack Ma က နယူးယောက်ပြည်နယ်တွင် မြေဧကပေါင်း ၂၈၀၀၀ ဝယ်ယူကာ ဘေးမဲ့တောကြီး တည်ထောင်
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
INNO CITY
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service